JS Guideline

Reason For Tithing - ဆယ်ဖို့တစ်ဖို့ပေးခြင်း


Listen Later

ဘာကြောင့် ဆယ်ဖို့တစ်ဖို့ပေးရသလဲ၊ ဆယ်ဖို့တစ်ဖို့ပေးမယ်ဆိုရင် ဘယ်မှာပေးရမလဲ - ဒီမေးခွန်းက သတိထားဖို့လိုတဲ့အရေးကြီးတဲ့မေးခွန်းဖြစ်တယ်၊
ယုံကြည်သူတွေ ကောင်းချီးမင်္ဂလာခံစားရတဲ့အခါမှာ အိတ်ပေါက်နဲ့ဖားကောက်မဖြစ်ရလေအောင်၊ ငွေကြေးဆိုင်ရာမှာ လုံခြုံမှုရအောင်ဘုရားသခင်ပေးတဲ့နိယာမဖြစ်တယ်။
ဆယ်ဖို့တစ်ဖို့ပေးခြင်းကို အစပြုခဲ့တဲ့အာဗြဟံက ဘာ့ကြောင့်ပေးသလဲ၊ သူဘယ်မှာပေးခဲ့သလဲဆိုတာ သမ္မာကျမ်းစာကဘယ်လိုပြောထားသလဲ၊ အတူလေ့လာကြရအောင်။
၁။ ဘုရားသခင်တောင်းလို့ပေးတာမဟုတ်ဘူး။ ဘုရားသခင်လိုချင်တာ စိတ်နှလုံးဖြစ်တယ်။
- စိတ်နှလုံးကောင်းစားမှ အရာရာမှာကောင်းစားလာမှာ၊ ကျန်းမာလာမှာ ဖြစ်တယ်၊ ၃ယော၂။
၂။ ဘာကြောင့်ပေးသလဲ၊ ပညတ်တရားကြောင့်မဟုတ်ဘူး။
- ဝမ်းမြောက်ခြင်းအထဲက ဖြစ်ပေါ်လာတဲ့လုပ်ဆောင်မှုဖြစ်တယ်။
- ရက်ရောစွာပေးလှူခြင်းဖြစ်တယ်။
၃။ ဘယ်မှာပေးခဲ့သလဲ၊ မေလခိဇေဒက် - ယေရှုခရစ်တော်
- ယေရှုခရစ်တော် - အသင်းတော် ကိုပေးခဲ့တာဖြစ်တယ်။
- ယေရှုခရစ်တော် (အသင်းတော်ဦးခေါင်း၊ အသင်းတော်လည်း ခရစ်တော်၏ကိုယ်ဖြစ်တယ်)
...more
View all episodesView all episodes
Download on the App Store

JS GuidelineBy Joseph Siang

  • 5
  • 5
  • 5
  • 5
  • 5

5

7 ratings