JS Guideline

Ear That Hear - ကြားတတ်သောနား


Listen Later

အမြင်နဲ့ပဲအသက်ရှင်တဲ့လောကလူတွေထဲမှာ ကြားတတ်သောနားရှိဖို့လိုတယ်။ 

ယုံကြည်သူတွေက မျက်မှောက်အမြင်နှင့်သွားလာသောသူမဟုတ်ဘူး၊ ယုံကြည်ခြင်းအားဖြင့်အသက်ရှင်သောသူဖြစ်တယ်။ 

ယုံကြည်အားဖြင့်သာ ဘုရားသခင်ရဲ့စိတ်တော်ကိုထိတွေ့နိုင်တယ်။ ယုံကြည်ခြင်းရဖို့ ဘုရားစကားတော်ကိုကြားနာတတ်ဖို့လိုတယ်။ 

ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေ။ 

အာရုံ(၅)ပါးအထဲမှာ၊ အကြားအာရုံက ယုံကြည်ခြင်းရဖို့အလွယ်ကူဆုံးလမ်းကြောင်းဖြစ်တယ်။ ဖန်ဆင်းခြင်းမှာ၊ ဘာမှမရှိတဲ့အမှောင်ထဲမှာ ဘုရားသခင်က “အလင်းဖြစ်စေ”လို့ပြောမှ အလင်းရောက်လာတယ်။ ဣသရေလလူမျိုးတွေကို ဘုရားသခင်ကပညတ်တော်ပေးတဲ့အခါမှာ ဘာသဏ္ဌာန်ကိုမှမမြင်စေဘဲ အသံတော်အားဖြင့်သာစကားပြောခဲ့တယ်။ ဘာဖြစ်လို့လဲ၊ ရုပ်တုဆင်းတုထုလုပ်ပြီးဘုရားနေရာမှာ ကိုးကွယ်လာမှာစိုးလို့ဖြစ်တယ်။ တရားဇရပ်မှူး ယာဣရုက “ကိုယ်တော်ကိုမြင်”အခါမှာ ချည်းကပ်ပြီး သူ့တဦးတည်းသောသမီးအပေါ်မှာ ကိုယ်တော်လက်တင်ပေးပြီးကယ်တင်ပေးပါလို့ဆုတောင်းခဲ့တယ်။ ယေရှုက သူ့ကိုကူညီပေးခဲ့ပါတယ်။ ဒါပေမဲ့၊ သူတို့သွားတဲ့လမ်းမှာ ၁၂ နှစ်လုံးလုံးသွေးသွန်နာစွဲတဲ့အမျိုးသမီးက “ယေရှုအကြောင်းကိုကြား”ပြီးတော့၊ သူ့ကိုသွားထိတယ်ဆိုရင် ငါ့အနာပျောက်မယ်ဆိုတာကို သူမယုံကြည်လာတယ်။ 

မြင်မှယုံကြည်တတ်တယ်ဆိုရင်လောကလူတွေနဲ့ထူးခြားမှုရှိမှာမဟုတ်ဘူး။ 

ယုံကြည်သူတွေက လောကလူတွေရှေ့မှာ ခြေတစ်လှမ်းအသာနဲ့ဘုရားသခင်ဆီခေါ်ဆောင်တတ်ဖို့၊ ကြားတဲ့အတိုင်းယုံကြည်ခြင်းနှင့်လက်တွေ့ကျင့်သုံးတတ်သောသူဖြစ်ဖို့လိုတယ်။

...more
View all episodesView all episodes
Download on the App Store

JS GuidelineBy Joseph Siang

  • 5
  • 5
  • 5
  • 5
  • 5

5

7 ratings