JS Guideline

Go Outside the Boat - လှေအပြင်ကိုထွက်ပါ


Listen Later

ဦးနှောက်မှတ်ဥာဏ်ရဲ့အသိတရားထဲမှာနေရင် ပိုပြီးလုံခြုံတဲ့ဘဝရမယ်လို့ စဉ်းစားထင်မြင်တာ လူ့သဘာဝဖြစ်တယ်။ ဒါကြောင့် လူဟာအသိတရားထဲမှာပဲသွားလာလှုပ်ရှားချင်ကြတယ်၊ - ထားတဲ့နေရာမှာပဲနေ၊ ပြောတဲ့အတိုင်းပဲလုပ်၊ စည်းကမ်းလိုက်နာ၊...ဒါဆိုရင်လုံခြုံမယ်။ တကယ်ပျင်းစရာကောင်းတဲ့ဘဝဖြစ်တယ်။  

ယုံကြည်သူတွေအတွက်ဆိုရင် ယုံကြည်ခြင်းနဲ့လျှောက်လှမ်းရတာ တကယ်တော့စွန့်စားရတဲ့ဘဝဖြစ်တယ်။ ဒီလိုစွန့်စားရတဲ့ဘဝမှာ စစ်မှန်တဲ့လုံခြုံမှုကို ဘယ်လိုရနိုင်မလဲ? 

Think Outside the Box (The 9 Dots Puzzle) စဉ်းစားတွေးခေါ်မှုကိုဆွဲဆန့်စေတဲ့ ပဟေဠိပုစ္ဆာဖြစ်တယ်။  

ရှင်မဿဲ ၁၄း၂၈-၂၉ မှာတွေ့ရတဲ့လှေအပြင်ဖက် ရေပေါ်မှာလှမ်းသွားတဲ့ပေတရု။  

ကမ္ဘာ့ဆွဲငင်အားက ဆွဲချလို့မရတဲ့အရာ။ ရေပေါ်မှာသွားရင်နှစ်မြုပ်သွားမယ်၊ နှုတ်ကပတ်တော်အပေါ်မှာသွားရင်မနှစ်ဘူး။  

လူ့အမြင်နှင့်သဘာဝကျတဲ့အခြေအနေမှာ ရုန်းကန်မလား၊ ယုံကြည်ခြင်းနဲ့စွန့်စားမလား?  

နှုတ်ကပတ်တော်ကိုယုံကြည်ခြင်းက တန်ခိုးကိုပေးတယ်။ လှေအပြင်ကိုထွက်တာ ဘုရားကတိတော်ကိုယုံကြည်ခြင်းကြောင့်ဖြစ်တယ်၊ ဘုရားသခင်ရဲ့ပဋိညာဉ်တရားကိုနားလည်ခြင်းကြောင့်ဖြစ်တယ်။

...more
View all episodesView all episodes
Download on the App Store

JS GuidelineBy Joseph Siang

  • 5
  • 5
  • 5
  • 5
  • 5

5

7 ratings