Sign up to save your podcasts
Or

ကမ္ဘာလောကကြီးကို သင်ဘယ်လိုမြင်သလဲ? သင့်အမြင်ရှိတဲ့အတိုင်း ဆုံးဖြတ်ချက်ကလိုက်လာမယ်။ သဘာဝအလင်းရောင် ဘုရားသခင်ကပထမနေ့မှာဖန်ဆင်းတာ၊ “အလင်း” ဖြစ်တယ်။ - အလင်းအားဖြင့် အပင်နှင့်သတ္တဝါတွေအသက်ရှင်လာတယ်။ - အလင်းအားဖြင့် သက်ရှိတွေလှုပ်ရှားတယ်။ - အလင်းအားဖြင့် အရောင်တွေထွက်ပေါ်လာတယ်၊ လှပမှုကိုဖန်တီးတယ်။ အရောင်တွေကိုဘယ်လိုမြင်နိုင်သလဲ? နေရောင်ခြည်ကထွက်ပေါ်လာတဲ့အလင်းက အဖြူရောင်ဖြစ်တယ်၊ ဒါပေမဲ့ Isaac Newton တွေ့ရှိခဲ့တာက နေရောင်ခြည်ထဲမှာ သက်တန့်ရောင်(၇)မျိုးကိုတွေ့ရှိခဲ့တယ်။ ပန်းသီးဟာသဘာဝအားဖြင့် အနီရောင်လို့မြင်ရတာ ဘာကြောင့်လဲဆိုတော့၊ နေရောင်ခြည်ကရတဲ့အရောင်(၇)မျိုးထဲမှာ အနီရောင်ကလွှဲရင်ကျန်တဲ့အရောင်အားလုံးကို သူ့အထဲဆုပ်ယူတဲ့အတွက်၊ ပန်းသီးဆုပ်ယူလို့မရတဲ့အရောင် “အနီ”ကိုရောင်ပြန်ဟပ်တဲ့အတွက် မျက်စိက ပန်းသီးဟာ အနီရောင်ပါလို့ မြင်နိုင်တာ ဖြစ်တယ်။ ဒါဟာ သဘာဝအားဖြင့်ဖြစ်ပေါ်လာတဲ့ အရောင်ဖြစ်တယ်။ နောက်တခုစဉ်းစားစရာက၊ လူ့မျက်စိကအရောင်ကို ဘယ်လိုမြင်သလဲ? လူ့မျက်စိရဲ့အမြင်က တခါတလေသူ့အဖြစ်အတိုင်းမမြင်ဘဲ၊ ထင်မြင်တဲ့အတိုင်းမြင်တတ်တယ်။ လူ့မျက်စိက အရောင်(၃)မျိုးပဲ မြင်နိုင်တယ်၊ အနီ၊ အစိမ်းနှင့်အပြာရောင်တွေ ဖြစ်တယ်။ ဒီအရောင်(၃)မျိုးကနေထွက်ပေါ်လာတဲ့ ရောထွေးတဲ့အရောင်ကိုမျက်စိကမြင်လာတယ်။ မျက်စိကမြင်တဲ့အရောင်ဟာ သူ့သဘာဝအရောင်အတိုင်းမမြင်ဘူး၊ ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးတဲ့အရောင်ပေါ်မှာမူတည်ပြီး ထွက်ပေါ်လာတဲ့အရောင်ကိုပဲ မျက်စိကမြင်ရတာဖြစ်တယ်။
ယေရှုလောကအလင်းဖြစ်တယ်။ ယောဟန် ၁း၄-၅၊ ၈-၉ C S Lewis: “I believe in Christianity as I believe that the sun has risen: not only because I see it, but because by it I see everything else.” နေမင်းထွက်လာတာယုံကြည်သလိုပဲခရစ်ယာန်အယူကို ငါယုံကြည်တယ်၊ နေထွက်တာကိုငါမြင်လို့သာမဟုတ်ဘဲ အဲဒီနေရောင်ခြည်အားဖြင့်အရာအားလုံးကိုငါမြင်လို့ ဖြစ်တယ်။
အသက်ရှင်မှုပုံစံ (၃)မျိုး
1. ကိုယ်ကြိုက်နှစ်သက်သလို အသက်ရှင်တဲ့သူရှိတယ် - ငါ့အတွက်ငါမှန်တယ်ထင်ရင် ငါလုပ်မယ်၊ ငါစိတ်ကျေနပ်ဖို့ဆို ငါလုပ်မယ်။
2. မိမိအသက်ရှင်မှုပုံစံထဲကို နှုတ်ကပတ်တော်စွဲထည့်တဲ့သူရှိတယ် - ငါလည်းကျေနပ်မယ်၊ ဘုရားလည်းပါဝင်မယ်။
3. နှုတ်ကပတ်တော်အတိုင်း အသက်ရှင်တဲ့သူရှိတယ် - ဘုရားအလိုတော်အတိုင်းပဲ ဝန်ခံအပ်နှံမယ်။
မြင်သမျှအရာအားလုံးကို ယေရှုအလင်းတော်အားဖြင့်ကြည့်မြင်ပြီး ဘုရားဘုန်းတော်ကိုထင်ရှားစေပါ။
By Joseph Siang5
77 ratings