JS Guideline

Stop Manna - ‘မန္န’ရပ်သင့်ပြီ


Listen Later

‘မန္န’မုန့်ရပ်သင့်ပြီ 

၁။ မန္နပြတ်သွားခြင်း ဘာကြောင့် မန္နမုန့်ရပ်သင့်သလဲ၊ ဘုရားသခင်ပေးတဲ့ကတိတော်ပြည် ခါနန်ပြည်ရဲ့အစာကိုစားရသောကြောင့်ဖြစ်တယ်။ 

‘မန္န’ဆိုတာ ‘ဘာလဲ’ဖြစ်တယ်, တောမှာအနှစ်(၄၀)ပတ်လုံးစားတဲ့အစာဖြစ်တယ်။ 

ခါနန်နယ်နိိမိတ်ထဲရောက်လာတဲ့အခါမှာ မန္နပြတ်တယ်။ ကတိတော်နယ်မြေကိုအမွေခံရပေမဲ့ ပြုစုစောင့်ရှောက်ဖို့လိုတယ်။ 

- အာဒံအတွက်ဧဒင်ကိုပေးပြီး ပြုစုစောင့်ရှောက်စေသလို၊ သဘောတရားအတူတူ ဖြစ်တယ်။ 

- ဣသရေလလူမျိုးတွေရဲ့စိတ်နှလုံးကို ပြုစုစောင့်ရှောက်ဖို့မှာထားတယ်။ 

၂။ ယေရှုခရစ်တော်နှင့်ရင်းနှီးကျွမ်းဝင်မှု 

ယုံကြည်သူအသက်တာလည်းဒီအတိုင်းပဲ၊ 

- ယေရှုကိုသိတဲ့အဆင့်မှာပဲနေရင် တောထဲမှာပဲလည်ပတ်နေတဲ့မူကြိုကလေးလိုဖြစ်တယ်။ 

- ယေရှုအကြောင်းသိတာကောင်းပါတယ်၊ ယေရှုနှင့်ရင်းနှီးကျွမ်းဝင်မှုက ပိုပြီးကောင်းတယ်။ 

- ယေရှုခရစ်တော်နှင့်ရင်းနှီးခြင်းဖြင့် သဏ္ဌာန်တူလာဖို့ဖြစ်တယ်။ 

၃။ ယုံကြည်ခြင်းနှင့်ခါနန်ပြည်ကိုဝင်ရမယ်။ 

ဒုတိယမျိုးဆက်ပဲ ခါနန်ပြည်ကိုဝင်စားခွင့်ရတယ်။ 

ပထမမျိုးဆက်က ကြောက်လို့ပြန်လှည့်လာခဲ့တယ်။ 

- ယုံကြည်ခြင်းမရှိရင် ဘုရားသခင်ရဲ့ချမ်းသာထဲကိုဝင်လို့မရဘူး။ 

- ယုံကြည်ခြင်းသက်သေပြဖို့လိုတယ်။ 

မန္နမုန့်ပဲမစားနဲ့တော့၊ ခါနန်ပြည်ရဲ့အစာကိုလည်းကိုယ်တိုင်စားကြည့်ပါဦးလို့ ဖိတ်ခေါ်ပါရစေ။

...more
View all episodesView all episodes
Download on the App Store

JS GuidelineBy Joseph Siang

  • 5
  • 5
  • 5
  • 5
  • 5

5

7 ratings