JS Guideline

Next Level is New Wine — နောက်တဆင့်က အသစ်သောစပျစ်ရည်


Listen Later

အသီးသီးပြီးရင် အရသာပေးဖို့ဖြစ်တယ်။ အသစ်သောစပျစ်ရည်ကို စပျစ်သီးကရနိုင်တယ်။ အသီးသီးပြီးရင် အသီးထဲကအရသာရှိတဲ့အရည်ကို ရယူနိုင်တယ်။ 

- ရှင်ယောဟန် ၂း၇-၉၊ သခင်ယေရှုက သူ့ရဲ့ဘုရားဇာတိအားဖြင့်နိမိတ်လက္ခဏာကိုဖြစ်စေတယ်။ ရေကနေ စပျစ်ရည်ကိုဖြစ်စေခဲ့တယ်။ 

- ဒါပေမဲ့အပြစ်သားကိုကယ်တင်တဲ့အခါ၊ အသစ်သောပဋိညာဉ်တရားနှင့်ဆိုင်သောအသွေးတော်ကိုပုံဆောင်သော စပျစ်ရည်ကို နိမိတ်လက္ခဏာပြုသလိုမလုပ်ဘဲ မိမိကိုယ်တိုင်ဇာတိဖြစ်စဉ်အတိုင်းဖြတ်လျှောက်ခဲ့တယ်။ ရှင်မဿဲ ၂၆း၁၇-၂၉ 

နောက်တဆင့်ဖြစ်တဲ့ အသစ်သောစပျစ်ရည်ရဖို့ အဆင့်(၃)ခုရှိပါတယ်။ 

1. ဖိညှစ်နင်းခြေသော၊ ဖျက်ဆီးခြင်းအဆင့် 

2. အမှောင်ထဲမှာသိုသိပ်ထားသော၊ ပုံသွင်းခြင်းအဆင့် 

3. အချိန်တန်တဲ့အခါထွက်လာသော၊ ပုံစံသစ်အဆင့် 

ကယ်တင်ခြင်းရဖို့ဘာမှလုပ်စရာမလိုဘူး၊ ချွေးတစ်စက်မှကျစရာမလိုသော်လည်း၊ 

ယုံကြည်သူအသက်တာဟာ ယေရှုဖြတ်လျှောက်ခဲ့တဲ့ လက်ဝါးကပ်တိုင်လမ်းကိုဖြတ်သန်းရပါတယ်။ 

ဘာကြောင့် သခင်ယေရှုကဲ့သို့မိမိလက်ဝါးကပ်တိုင်ကိုနေ့တိုင်းထမ်းစရာလိုအပ်သလဲ? 

- ဟေဗြဲ ၂း၁၈၊ ၄း၁၄-၁၆ 

- ဆင်းရဲဒုက္ခခံရတဲ့သူတွေကို ကြင်နာသနားတတ်ဖို့နှင့် ကူညီမစနိုင်ဖို့ဖြစ်တယ်။ 

နောက်တဆင့်ကိုတက်ပြီး အသစ်သောစပျစ်ရည်ကိုပေးနိုင်သောအသက်သို့ ဝိညာဉ်တော်ဘုရားပို့ဆောင်မစပါစေ။

...more
View all episodesView all episodes
Download on the App Store

JS GuidelineBy Joseph Siang

  • 5
  • 5
  • 5
  • 5
  • 5

5

7 ratings