Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)

အနိုင်ကျင့်တတ်သော လောကဓံနှင့် အရှုံးမပေးတတ်သော သူမ


Listen Later

အဖေနဲ့အမေပြီးရင် လက်ချိုးရေတွက်စရာက သူမတစ်ယောက်တည်းသာ။ မကြာသေးခင်ကမှ အစားထိုးမရသော အမေ လောကကြီးရဲ့အပြင်ဖက်ကို သူမတို့ သားအဖအား နှုတ်ဆက်ထွက်ခွါသွားသည်။ အရာရာကို အသားကျဖို့ လုံးပန်းနေရသော သူမရဲ့ နေ့ရက်တိုင်းက ကြိုးဝိုင်းနှင့် ပြိုင်ဖက်။ အဆိုးတရားများကား တစ်ယောက်တည်း မနေတတ်၊ အဖော်အပေါင်းနဲ့လာသကဲ့သို့ မနိုနိုနှင့် တနိုင်ငံလုံးအတွက် အပူမီးကား အားပြင်းပြင်းနှင့် လောင်တော့သည်။ မြန်မာ၏စစ်တပ်၏ တရားမ၀င် အာဏာသိမ်းမှု ဖြစ်ပွားပြီးချိန်တွင် မနိုနိုတို့ တက္ကသိုလ်ကျောင်းသား ကျောင်းသူများလည်း ‌မနေသာတော့ပေ။ တက်ညီလက်ညီ အကြမ်းမဖက် ဆန္ဒပြပွဲများတွင် အားတက်သရော ပါ၀င်ခဲ့ကြသည်။ သို့သော် စစ်ကောင်စီ၏ ဆိုးရွားသော နိုမ်နင်းသတ်ဖျတ်မှုများကို မျက်မြင်ကြုံတွေ့ရချိန်တွင် ဆောက်တည်ရာမရဖြစ်ခဲ့သည်။ ၈၈ အရေးအခင်း စာအုပ်ထဲက စာသားများကား အပိုအလို မရှိပေ။

သူမ ဆုံးဖြတ်ချက်တခုကို အသေအချာ ချလိုက်သည်မှာ လက်နက်ကိုင်အဖွဲ့အစည်းများဆီသို့ပင်။ အဖေတခုသမီးတခုဘ၀ကနေ တကောင်ကြွက်တော်လှန်ရေးသမားဘ၀ကို သူမ ခြေစုံပစ် ၀င်ခဲ့တော့သည်။ ထိုနောက် ကြုံတွေ့ရသော သူမ၏အတွေ့အကြုံများနှင့် သူမ၏ အတွေးအခေါ်များကား ဘ၀ပန်းချီကားတစ်ချပ်ကဲ့သို့ ဆေးရောင်စုံလှသည်။ ထိုအကြောင်းအရာများကို

' တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် podcast' တွင် နားထောင်နိုင်မည်ဖြစ်ပါသည်။

...more
View all episodesView all episodes
Download on the App Store

Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)By Insight Myanmar

  • 5
  • 5
  • 5
  • 5
  • 5

5

3 ratings


More shows like Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)

View all
Insight Myanmar by Insight Myanmar Podcast

Insight Myanmar

51 Listeners