Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ဗွီအိုအေမြန်မာဌာန၏ တီဗွီမဂ္ဂဇင်းအစီအစဉ်ကို အပတ်စဉ် စနေနှင့် တနင်္ဂနွေ ည ၇ နာရီမှ ၇ နာရီခွဲထိ ထုတ်လွှင့်ပေးနေပါသည်။... more
FAQs about အပတ်စဉ် တီဗွီမဂ္ဂဇင်း - ဗွီအိုအေ:How many episodes does အပတ်စဉ် တီဗွီမဂ္ဂဇင်း - ဗွီအိုအေ have?The podcast currently has 777 episodes available.
May 25, 2024ဗွီအိုအေ တပတ်အတွင်းသတင်း (မေ ၂၅၊ ၂၀၂၄) - မေ ၂၅, ၂၀၂၄ဘူးသီးတောင်မှာ စစ်ရေးပဋိပက္ခကြား ဆိုးရွားတဲ့အခြေအနေ ရိုဟင်ဂျာတွေ့ကြုံနေရမှု နိုင်ငံတကာသတိပေး၊ မြန်မာနိုင်ငံမှာ ဆန်စပါး ဈေးတက်၊ ဒီလို တပတ်အတွင်းသတင်းများ၊ နိုင်ငံတကာက သတိပေးနေတဲ့ ရိုဟင်ဂျာများ ထွက်ပြေးရမှုနဲ့ စစ်သားစုဆောင်းမှုများ ဆက်သွယ်မေးမြန်းခန်းနဲ့ လယ်ယာစီးပွားသတင်းတွေကို ၂၀၂၄၊ မေ ၂၅ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။...more30minPlay
May 19, 2024ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (မေ ၁၉၊ ၂၀၂၄) - မေ ၁၉, ၂၀၂၄နယ်သာလန်နိုင်ငံမှာ ပန်းချီကား ၁၀ ချပ်ကို တပြိုင်နက်ရေးနေတဲ့ ပန်းချီဆရာမ နာမည်ကြီး၊ တောင်ကိုရီးယားလူရွှင်တော် ဗုဒ္ဓတရားတော်ကို EDM အီလက်ထရောနစ်အကဂီတနဲ့ ဖန်တီး၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ ဒူဘိုင်းမှာ အွန်လိုင်းလိမ်လည်မှုတွေ သတိထားဖို့ ပြောထားတဲ့ GenZ အစီအစဉ်၊ ဂျာမဏီက ရှေးအနုပညာလက်ရာတွေနဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ ကရင်နီဒေသက တိုင်းရင်းသတင်းမီဒီယာအကြောင်း နေရာပေါင်းစုံ၊ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ မေလ ၁၉ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။...more30minPlay
May 18, 2024ဗွီအိုအေ တပတ်အတွင်းသတင်း (မေ ၁၈၊ ၂၀၂၄) - မေ ၁၈, ၂၀၂၄စစ်ကောင်စီအကြီးအကဲ အာဆီယံနဲ့ တွေ့ဆုံ၊ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ကူမင်းစည်းဝေးပွဲ၊ ဒီလို တပတ်အတွင်း သတင်းများ၊ စစ်ရေးအခြေအနေမှာ တရုတ်ရဲ့ ကြားဝင်စွက်ဖက်မှု တွေ့ဆုံမေးမြန်းခန်းနဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ မေ ၁၈ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။...more30minPlay
May 12, 2024ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (မေ ၁၂၊ ၂၀၂၄) - မေ ၁၂, ၂၀၂၄သစ်ရွက်တွေနဲ့ ဆေးကုတဲ့ ဒေါက်တာမျောက်ဝံ၊ အလှဆုံး ဖူဂျီတောင်မြင်ကွင်းကို တံတိုင်းနဲ့ ဖုံးကွယ်မယ့်သူများ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ အမေရိကန်က အစ္စရေးဆန္ဒပြပွဲတွေ တားဆီးခံရတဲ့ကိစ္စ လူငယ်တွေအမြင် GenZ အစီအစဉ်၊ ဂျာမဏီမှာ အလည်ထွက်တဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ မျှော်လင့်ချက်နဲ့ လက်တွေ့ ထပ်တူမကျတဲ့ လူငယ့်ဘဝအကြောင်း နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ မေလ ၁၂ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။...more30minPlay
May 11, 2024ဗွီအိုအေ တပတ်အတွင်းသတင်း (မေ ၁၁၊ ၂၀၂၄) - မေ ၁၁, ၂၀၂၄မြန်မာဆိုက်ဘာ ဒုစရိုက်ဂိုဏ်းတွေဆီ အင်တာနက် ထိုင်းဖြတ်တောက်ဖို့ လုပ်ဆောင်၊ ထိုင်းဝန်ကြီးချုပ်ဟောင်း မြန်မာအတိုက်အခံတွေနဲ့ တွေ့ဆုံမှုအပေါ် တုံ့ပြန်ချက်များ၊ ဒီလို တပတ်အတွင်း သတင်းများ၊ တရုတ်ရဲ့ မြန်မာအပေါ်သဘောထား တွေ့ဆုံမေးမြန်းခန်းနဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ မေ ၁၁ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။...more30minPlay
May 05, 2024ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (မေ ၅၊ ၂၀၂၄) - မေ ၀၅, ၂၀၂၄အငိုသန်တဲ့ကလေးတွေ ဆုရမယ့် ကလေးအငိုပြိုင်ပွဲ၊ ဥရောပမှာ စင်ရော်လို အတူနိုင်ဆုံး လိုက်အော်တတ်တဲ့ ကလေး၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ စစ်ဘေးသင့် ကလေးလူငယ်တွေ အားဖြစ်စေတဲ့ ဂီတကျောင်းလေးအကြောင်း ပြောပြတဲ့ GenZ အစီအစဉ်၊ ဂျာမနီက ဆေးပညာ ပြတိုက်ရောက် နော်သဇင်ရဲ့ Vlog၊ နောက်တော့ မဲဆောက်ကို ရောက်လာကြသူများ ရင်ဖွင့်တဲ့ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ မေလ ၅ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။...more30minPlay
May 04, 2024ဗွီအိုအေ တပတ်အတွင်းသတင်း (မေ ၄၊ ၂၀၂၄) - မေ ၀၄, ၂၀၂၄မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့် အခြေအနေများ ကမ္ဘာ့အဆင့် အောက်ဆုံးမှာရှိ၊ မြန်မာနိုင်ငံ အပူဒဏ် အထူးပြင်းထန်၊ ဒီလို တပတ်အတွင်း သတင်းများ၊ သတင်းလွတ်လပ်ခွင့်နေ့ အထူးစကားဝိုင်းဆွေးနွေးခန်းနဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ မေ ၄ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။...more30minPlay
April 28, 2024ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဧပြီ ၂၈၊ ၂၀၂၄) - ဧပြီ ၂၈, ၂၀၂၄သက်သတ်လွတ် စားစေချင်လို့ ခွေးသားရောင်းတယ် ဆိုသူများ၊ ကလေးတယောက်တည်း ရှိပေမဲ့ ကျောင်းဖွင့်ထားပြီး စာသင်ပေးနေတဲ့ ရွာ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ မိခင်ဘာသာစကား တတ်ထားတာ လူငယ်တွေအတွက် အထောက်အကူရတယ်ဆိုတာ ပြောပြတဲ့ GenZ အစီအစဉ် ၊ ဂျာမနီက သက်တမ်းအရင့်ဆုံး တက္ကသိုလ်ကိုသွားလည်တဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ ထိုင်းရောက် မြန်မာစကားအကြောင်း နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင် ပါတယ်။...more30minPlay
April 27, 2024ဗွီအိုအေ တပတ်အတွင်းသတင်း (ဧပြီ ၂၇၊ ၂၀၂၄) - ဧပြီ ၂၇, ၂၀၂၄ထိုင်းမြန်မာ နယ်စပ် မြဝတီမြို့က အခြေအနေ အေးလိုက်၊ တိုက်ပွဲဖြစ်လိုက်နဲ့မို့ ဒုက္ခသည်တွေ ပြေးလိုက်၊ ပြန်လိုက်ဖြစ်၊ MNDAA က သေဒဏ်ချမှတ်ထားသူ ၃ ယောက်ကို ကွပ်မြတ်၊ ဒီလို တပတ်အတွင်း သတင်းများ၊ မြန်မာစစ်ကောင်စီကို နိုင်ငံတကာ အရေးယူနိုင်ခြေ မေးမြန်းခန်း လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ ဧပြီ ၂၇ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။...more30minPlay
April 21, 2024ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဧပြီ ၂၁၊ ၂၀၂၄) - ဧပြီ ၂၁, ၂၀၂၄ရွံစရာကောင်းတဲ့ အစားအသောက် ပြတိုက် ဘာလင်မြို့မှာ ဖွင့်လှစ်၊ အင်္ဂလန်ကနေ အာဖရိက နိုင်ဂျီးရီးယားကို ခရီးရှည်ကားမောင်းသူ အမျိုးသမီး၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ ဖင်လန်မှာကျောင်းတက်နိုင်ဖို့ ပြောပြတဲ့ GenZ အစီအစဉ် ၊ ဂျာမနီက ရိုမန့်တစ်နန်းတော်အရောက် နော်သဇင်ရဲ့ Vlog၊ နောက်တော့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အားပေးတဲ့အငြိမ့်၊ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ ဧပြီ ၂၁ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင် ပါတယ်။...more30minPlay
FAQs about အပတ်စဉ် တီဗွီမဂ္ဂဇင်း - ဗွီအိုအေ:How many episodes does အပတ်စဉ် တီဗွီမဂ္ဂဇင်း - ဗွီအိုအေ have?The podcast currently has 777 episodes available.