Rakhine State's News-You-Can-Use Talk Show. A weekly curated news and talk radio program and podcast with episodes in Rohingya and Rakhine languages. The show promotes social cohesion and reconciliation in Rakhine State, creating a space for dialogue on ethnic and religious diversity.
ရခိုင်ပြည်နယ်၏ News-You-Can-Use Talk Show, အပတ်စဥ်သတင်းအစီအစဥ်၊ စကားပြောရေဒီယိုအစီအစဥ်နှင့် အသံ podcast များကို ရိုဟင်ဂျာနှင့် ရခိုင်ဘာသာ စကား ၂ မျိုးဖြင့် တင်ဆက်ထားခြင်းဖြစ်သည်။
- ICJ မှာ စစ်ကောင်စီ ဖြေရှင်းခွင့်ရလို့ NUG နဲ့ လူ့အခွင့်အရေးအဖွဲ့တွေ ကန့်ကွက်တဲ့သတင်း
- စစ်ကောင်စီဝန်ကြီးတွေအပါအဝင် လူ ၂၂ ဦး၊ နာမည်ကြီး ကုမ္ပဏီ ၂ ခုနဲ့ MOGE ကို ပိတ်ဆို့ အရေးယူတဲ့သတင်း
- စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရတဲ့သတင်း
- စစ်ကောင်စီက PDF ကို တိုက်ရာမှာ ကသည်းသူပုန်တွေသုံးနေတဲ့သတင်း
- အိန္ဒိယစစ်တပ်က မြန်မာစစ်တပ်ကိုလှူတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ရောက်လာတဲ့သတင်း
- မလေးရှားသွားမယ့် မွတ်ဆလင် ၆၅ ဦး စစ်တွေမြို့နယ်မှာ ဖမ်းဆီးခံရတဲ့သတင်း
- ငပလီမှာ PDF သံသယနဲ့ တရားစွဲခံထားရတဲ့ ဒေါ ငြိမ်းအိဖြိုးကျော်ရဲ့ ၂ နှစ်အရွယ် သမီးငယ် သံတွဲထောင်ထဲမှာ ကွယ်လွန်သွားတဲ့သတင်း
- ရခိုင်ပင်လယ်ပြင် ၄ နေရာမှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ စမ်းသပ်ပစ်ခတ်နေတဲ့သတင်းနဲ့
- ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်ဆံရေးတိုးမြှင့်လိုကြောင်း AA က ထုတ်ပြန်ထားတဲ့သတင်း စတဲ့ ရခိုင်ဒေသကသတင်းတွေ အပါအဝင် ပြည်တွင်းပြည်ပ သတင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။