ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ်

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ်

By BBC Burmese RadioNews
Download on the App Store

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် episodes

  • ပူတင်ရဲ့အရန်တပ်သား ၃ သိန်း ခေါ်ယူမှုကြောင့် ရုရှားထဲကနေ လူတွေထွက်ပြေး
    ပူတင်ရဲ့အရန်တပ်သား ၃ သိန်း ခေါ်ယူမှုကြောင့် ရုရှားထဲကနေ လူတွေထွက်ပြေး
    - အရန်တပ်သား ၃ သိန်း ခေါ်ယူမှု သီတင်း နှစ်ပတ် အတွင်း အပြီးသတ်နိုင်မယ်လို့ သမ္မတပူတင်ပြော
    - ၃ သိန်းထဲက ၂ သိန်း ၂ သောင်းကို ခေါ်ထားပြီး ယူကရိန်း စစ်ထဲ တစ်သောင်းခွဲကျော် အထိ နေရာချ အသုံးပြုထား
    - ဆင့်ခေါ်ခံရမှာ စိုးလို့ ရုရှားကနေ ထွက်ပြေးနေကြတဲ့ ရုရှား အမျိုးသား အများအပြားရှိနေ
    - တူရကီမှာ ပယ်လယ်နက် ကမ်းရိုးတန်းဘေးက ကျောက်မီးသွေးမိုင်း တစ်ခု ပေါက်ကွဲလို့ လူ ၂၂ ယောက် သေဆုံး၊ ၈ ယောက်ကို အရေးပေါ် ဆေးရုံတင်ထား၊ မြေအောက် ပေတစ်ထောင်မှာ ပိတ်မိနေဆဲ လူတွေ ရှိနိုင်လို့ ကျောက်သားထုကို တူးပြီး ရောက်အောင်သွားနေ
    - မန္တလေးမှာ နိုင်ငံရေးမှုအတွက် လိုက်ပါကြတဲ့ ရှေ့နေတွေရဲ့ အခြေအနေ .... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။
    မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862
    ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858
    ယူကျု - http://youtube.com/thebbcburmese
    အင်စတာဂရမ် - https://www.instagram.com/bbcburmese/
    ဝက်ဘ်ဆိုက် - https://www.bbcburmese.com
    10 min
  • အရှိုချင်းအမျိုးသမီးငယ်နှစ်ဦး အသတ်ခံရမှု အမှုမှန်ဖော်ထုတ်နေ
    အရှိုချင်းအမျိုးသမီးငယ်နှစ်ဦး အသတ်ခံရမှု အမှုမှန်ဖော်ထုတ်နေ
    - ရုရှားနဲ့အီရန်လုပ် ဒရုန်းတွေကို ဟန့်တားနိုင်တဲ့ ကိရိယာတွေ ယူကရိန်းကို NATO ပေးမယ်
    - လွှတ်တော် အဆောက်အဦး လူအုပ်စီးနင်းမှု ၂၀၂၁ ဖြစ်ရပ်အတွက် လာ အစစ်ခံဖို့ သမ္မတဟောင်း ထရမ့်ကို လွှတ်တော်ကော်မတီဆင့်ခေါ်
    - အရှိုချင်း အမျိုးသမီးငယ် နှစ်ဦး ဓားဒဏ်ရာတွေနဲ့ အသတ်ခံထားရမှု အမှုမှန်ဖော်ထုတ်ရေး ကြိုးစားနေ
    မီးလင်းရွှေအတုံးအခဲ ၁၂ ပိဿာ ကျော် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်း ရုံးခန်းမှာ ရောင်းပေးတာ ပြိုက်ကနဲကုန် .... ... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။
    မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862
    ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858
    ယူကျု - http://youtube.com/thebbcburmese
    အင်စတာဂရမ် - https://www.instagram.com/bbcburmese/
    ဝက်ဘ်ဆိုက် - https://www.bbcburmese.com
    13 min
  • ယူကရိန်းကို စစ်လက်နက်တွေ ဆက်လက်ထောက်ပံ့သွားမယ်လို့ နေတိုးအဖွဲ့ ကတိပြု
    ယူကရိန်းနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ ဆက်လက်ပေးပို့သွားမယ်လို့ နေတိုးခေါ် မြောက်အတ္တလန်တိတ် စစ်စာချုပ်အဖွဲ့ဝင် နိုင်ငံတွေ ကတိပြု
    12 min
  • စစ်ကောင်စီလက်နက်ကြီးဒဏ်ကြောင့် ဒီမော့ဆိုစစ်ရှောင်ခလေးငယ်နဲ့ အမျိုးသမီးတစ်ယောက် ဒဏ်ရာရ
    - မြ၀တီ မဲဆောက် ဖြတ်သန်းခွင့် မြန်မာဘက်က ပိတ်ထားလို့ မြ၀တီဘက်က မြန်မာကျောင်းသားတွေနဲ့ မဲဆောက် ကနေ မြန်မာဘက် စာလာသင်သူတွေ ပညာသင်ခွင့်ဆုံးရှုံးသလို ၊ ဆေးစစ်ဆေးကုသမှုတွေလဲ လုပ်ခွင့်မရဖြစ်နေ
    - တောင်ကိုးရီးယားကို တိုက်ခိုက်တဲ့ အသွင်သဏန်ယူနိုင်ဖို့ နျူကလီးယားလက်နက်ငယ်ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေလုပ်ခဲ့တယ်လို့ မြောက်ကိုရီးယားပြော
    - အီရန်က ဆန္ဒပြတွေမှာ နိုင်ငံတောင်ပိုင်းနဲ့ အနောက်ပိုင်းရှိ ရေနံချက်စက်ရုံတွေက အလုပ်သမားတွေလဲ ပါ၀င်လာ
    - မလေးရှားမှာ ရွေးကောက်ပွဲ စောပြီးကျင်းပဖို့ ညွှန့်ပေါင်းအစိုးရအဖွဲ့၀င်တွေ ဖိအားကြောင့် ၀န်ကြီးချုပ် ပန်ကြား
    - ဗီလာနဲ့ နော်တမ်ဖောရက် ကန်တဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲအကြောင်း အပါအ၀င် အင်္ဂါမနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။
    မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862
    ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858
    ဝက်ဘ်ဆိုက် - https://www.bbcburmese.com
    ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese
    အင်စတာဂရမ် - https://www.instagram.com/bbcburmese/
    ယူကျု - http://youtube.com/thebbcburmese
    10 min
  • ကန့်ဘလူမှာ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလို့ တောတောင်မှာစစ်ရှောင်ရင်း မြွေကိုက်ခံရသူတိုးလာ
    - ခရိုင်းမီးယားတံတား ဖောက်ခွဲမှုဟာ အကြမ်းဖက်လုပ်ရပ်ဆိုပြီး ပူတင်က ယူကရိန်း လုံခြုံရေးတပ်ဖွဲ့ကို စွပ်စွဲ
    - ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ထိုင်းမူကြိုကျောင်း၀န်းထဲ ထိုက်သင့်တဲ့ခွင့်ပြုချက်မပါဘဲ ၀င်ရောက်ရိုက်ကူးမိလို့ CNN တောင်းပန်
    - အီရန်က ဆန္ဒပြတွေအတွင်း အရန်လက်နက်ကိုင်တပ်ဖွဲ့နဲ့ တော်လှန်ရေးအစောင့်တပ်ဖွဲ့ အသီးသီးက သေဆုံးမှုတွေရှိတယ်လို့ အစိုးရမီဒီယာ ထုတ်ပြန်
    - ပိုလန်မှာ သစ်သားလှေငယ် မြစ်အတွင်း တိမ်းမှောက်လို့ လူ၃ယောက်သေဆုံး
    - မန်ယူက အယ်ဗာတန်ကို နိုင်သလို အာဆင်နယ်ကလည်း လစ်ဗာပူးကို အောင်ပွဲခံတဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲအကြောင်းတွေ အပါအ၀င် တနင်္လာမနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။
    မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862
    ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858
    ဝက်ဘ်ဆိုက် - https://www.bbcburmese.com
    ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese
    အင်စတာဂရမ် - https://www.instagram.com/bbcburmese/
    ယူကျု - http://youtube.com/thebbcburmese
    11 min
  • နှစ်ပတ်အတွင်း ၇ကြိမ်မြောက် ပဲ့ထိန်းစံနစ် ဒုံးကျည်ပစ်လွှတ်မှု မြောက်ကိုရီးယား ထပ်လုပ်ခဲ့
    - အထောက်အထားမပျက်ယွင်းစေဖို့ ICC က အမိန့်ထုတ်ထားတဲ့ ဂူတာပြင်ရွာမှာ AA နဲ့ စစ်ကောင်စီတို့တပ်စွဲ တိုက်ပွဲပြင်းထန်နေပြီး စစ်ရှောင်စေတနာ့၀န်ထမ်း ကျောင်းဆရာ ဦးရှော်ကုလ်အီစ္စလမ် မနေ့က ပစ်သတ်ခံရ
    - ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေလက်ထဲသိမ်းဆည်းရမိတဲ့ ရွှေထည်၊လက်ကိုင်ဖုန်းနဲ့ အဖိုးတန်ပစ္စည်းတွေ ပိုင်ရှင်မှန် လူထုဆီ ပြန်ပေးဖို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တစ်ခု ဖြစ်တဲ့ Cobra Column စီစဥ်နေ
    ရောက်ခဲ့
    - ဥရောပမှာ အရှည်ဆုံး ခရိုင်းမီးယား တံတားဖောက်ခွဲဖျက်စီးခံရတာနဲ့ပတ်သက်လို့ ယူကရိန်းသမ္မတ အကြံပေးက တိုက်ရိုက် ၀န်မခံပေမယ့် ဒါဟာ အစဘဲ ရှိသေးတယ်လို့ ရေးသား
    - မန်စီးတီး နဲ့ ချယ်လ်စီး တို့တွေ အောင်ပွဲခံတဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲအကြောင်းတွေ အပါအ၀င် တနင်္ဂနွေ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။
    မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862
    ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858
    ဝက်ဘ်ဆိုက် - https://www.bbcburmese.com
    ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese
    အင်စတာဂရမ် - https://www.instagram.com/bbcburmese/
    ယူကျု - http://youtube.com/thebbcburmese
    12 min
  • ရုရုားက နယူကလီယာစစ်ပွဲအတွက် ပြင်ဆင်နေတယ်လို့ ယူကရိန်းသမ္မတ ဇလန်စကီး သတိပေး
    ရုရုားက နယူကလီယာစစ်ပွဲအတွက် ပြင်ဆင်နေတယ်လို့ ယူကရိန်းသမ္မတ ဇလန်စကီး သတိပေး
    - နယူကလီယာစစ် ဆင်နွှဲဖို့ ရုရှားဘက်က ပြင်ဆင်နေတဲ့ အတွက် လက်ဦးမှုရယူပြီး ပိတ်ဆို့ ဟန့်တားမှူတွေ ချမှတ်ပါလို့ နိုင်ငံတကာကို ယူကရိန်းသမ္မတ တောင်းဆို
    - ယူကရိန်းကို ဘဏ္ဍာရေး၊ စစ်ရေးနဲ့ စာနာမှု အကူအညီတွေ တိုးမြှင့် ပြုလုပ်သွားဖို့ အီးယူခေါင်းဆောင်တွေ ပရပ်ဂ်မြို့တော် တွေ့ဆုံပွဲမှာ ကတိပြု
    - နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ကလည်း ယူကရိန်းထဲ စစ်တွင်းကာလ စားနပ်ရိက္ခာ ဖူလုံရေး ဒေါ်လာ သန်းပေါင်း တစ်ထောင်သုံးရာ ထပ်ဆောင်း ပေးမယ်
    - အမေရိကန်ထဲ ခိုလှုံခွင့် လျှောက်ထားကြတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေ ထောင်ပေါင်းများစွာကို တင်လာကြတဲ့ ဘတ်စ်ကားတွေ နယူးယောက်မြို့ထဲ ဆက်တိုက် ဝင်လာနေကြတဲ့ အတွက် နယူးယောက် မြို့တော်ဝန်က အရေးပေါ် အခြေအနေကြေညာ
    - သမ္မတဘိုင်ဒင်ရဲ့ လူဝင်မှုဆိုင်ရာ မူဝါဒတွေ အပေါ် ဆန့်ကျင် ကန့်ကွက်တဲ့ အနေနဲ့ ရီပတ်ဘလစ်ကင် အုပ်ချုပ်ရေးမှူးတွေ အောက်မှာ ရှိတဲ့ တက္ကဆက် အပါအဝင် ပြည်နယ်တွေက အဲဒီလို ရွှေ့ပြောင်းသူတွေကို ထောင်နဲ့ချီပြီး ဘတ်စ်ကားပေါ်တွေတင်လို့ ဒီမိုကရက်တွေ ချုပ်ကိုင်ရာ အမေရိကန် မြို့ကြီးတွေဆီ စေလွှတ်နေတာဖြစ်
    - ထိုင်းဝန်ကြီးချူပ်နဲ့ အလုပ်သမားဝန်ကြီးဌာနထံ မြန်မာ အပါအဝင် ရွှေ့ပြောင်းလုပ်သားတွေ အရေး အလုပ်သမားသမဂ္ဂတွေ ဘယ်အချက်တွေ တောင်းဆိုနေကြလဲ ... မြန်မာ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် MWRN ကို ဦးဆောင်သူနဲ့ ဘီဘီစီ မေးမြန်းခန်း
    - မြန်မာပြည်မြောက်ဖျား ရေခဲတောင်နံရံတွေပေါ် သက်စွန့်ဆံဖျား ရှာဖွေရတဲ့ ဘီချီဆေးဥ အရောင်းအဝယ် အကြောင်း ... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။
    မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862
    ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858
    ယူကျု - http://youtube.com/thebbcburmese
    အင်စတာဂရမ် - https://www.instagram.com/bbcburmese/
    ဝက်ဘ်ဆိုက် - https://www.bbcburmese.com
    12 min
  • ထိုင်းကျောင်းတွင်း အစုလိုက်သေဆုံးရတဲ့ သေနတ်ပစ်မှုအတွက် ကမ္ဘာလုံးအနှံ့ ခြောက်ခြားတုန်လှုပ်
    ထိုင်းကျောင်းတွင်း အစုလိုက်သေဆုံးရတဲ့ သေနတ်ပစ်မှုအတွက် ကမ္ဘာလုံးအနှံ့ ခြောက်ခြားတုန်လှုပ်
    - ကလေးအများစုဖြစ်တဲ့ လူပေါင်း ၃၈ ယောက်ထက်မနည်း သေနတ်သမားလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ထိုင်းမူကြိုကျောင်းတွင်း ပစ်ခတ်မှု အတွက် နိုင်ငံတကာ ခေါင်းဆောင်တွေ ဝမ်းနည်းစကားတွေ ပြောကြားနေ
    - ကျောင်းတွင်းပစ်ခတ်ပြီး ရဲပြုတ် မူးယစ်ဆေးမှုနဲ့ ရင်ဆိုင်နေရသူ သေနတ်သမားက သူ့မိသားစုကိုလည်း သတ်ဖြတ်၊ သူ့ကိုယ်သူလည်း အဆုံးစီရင်သွား
    - အမေရိကန်မှာ ဗဟိုအစိုးရရဲ့ ဥပဒေအောက် ဆေးခြောက်မှုနဲ့ ဖမ်းဆီး ထောင်ချခံထားရသူမှန်သမျှကို လွတ်ငြိမ်းခွင့်ပေးတဲ့ အမိန့်ကို သမ္မတဘိုင်ဒင် လက်မှတ်ထိုး၊ ပြည်နယ်တွေပါ လိုက်လံ လုပ်ဆောင်ဖို့လည်း သမ္မတဘိုင်ဒင် တိုက်တွန်း
    - ကရင်နီပြည်ထဲ တော်လှန်ရေး တစ်နှစ်ကျော်လာချိန် ပြည်သူ့ရဲ့ ထောက်ပံ့မှု ပမ်းလာပြီး လက်နက်ချင်းမမျှ ဖြစ်နေရတဲ့ အတွက် စိုးမိုး နယ်မြေတချို့ လက်လွှတ်ရကြောင်း ဒေသခံတပ်ဘက်ကပြော
    - မတ္တရာ ရေလယ်ကျွန်းမှာလည်း ဝက်လက်နယ်ဘက်ကို ချိန်ရွယ်ပြီး စစ်ကောင်စီ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်လို့ ဒေသခံတွေပြော .... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။
    မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862
    ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858
    ယူကျု - http://youtube.com/thebbcburmese
    အင်စတာဂရမ် - https://www.instagram.com/bbcburmese/
    ဝက်ဘ်ဆိုက် - https://www.bbcburmese.com
    13 min

About ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ်

From the publisher's feed

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ