ဇန်နဝါရီ ၂၁ စနေမနက်ခင်း ဘီဘီစီ သတင်းများ
- ယူကရိန်းကို တိုက်ခိုက်ရေးသံချပ်ကာကားတွေ ထောက်ပံ့ရေးနဲ့ပတ်သက်လို့ နိုင်ငံပေါင်း ၅၀ ကျော်ရဲ့အစည်းအဝေးမှာ အားလုံးသဘောတူတဲ့ ဆုံးဖြတ်ချက် မရခဲ့ပါဘူး။ ဒါပေမဲ့ တခြားစစ်ရေးအကူအညီတွေ ပေးဖို့ ကတိပြုခဲ့ကြပါတယ်။ အမေရိကန်က ဒေါ်လာ သန်း ၂၅၀၀ တန် စစ်ရေးအကူအညီတွေ ပေးဖို့ရှိ။
- ရုရှားဟာ ပါကစ္စတန်နိုင်ငံကို ရေနံစိမ်းတွေ တင်ပို့မယ်လို့ ကြေညာ
- ကားစီးစဥ် ခါးပတ် မပတ်လို့ ဗြိတိသျှ ဝန်ကြီးချုပ် ဒဏ်ငွေရိုက်ခံရ
- အာဖဂန်နစ္စတန်နိုင်ငံမှာ အအေးလွန်ကဲမှုကြောင့် လူ ၇၈ ဦး သေဆုံး
- စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက တောင်သူတွေရဲ့ အခက်အခဲ
- ကချင် ဖားကန့်မြို့နယ်က လူဦးရေ စာရင်းကောက်ယူမှု အခြေအနေ
- အာဆင်နယ်အသင်းဟာ ဘရိုက်တန်က လီယန်ဒရို ထရော့ဆပ်ကို ပေါင် ၂၁ သန်းနဲ့ ဝယ်ယူ
- အင်္ဂလန် ပရီမီးယားလိဂ်ဘောလုံးပွဲစဥ်မှာ လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ ကစားမယ်
မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862
ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858
ယူကျု - http://youtube.com/thebbcburmese
အင်စတာဂရမ် - https://www.instagram.com/bbcburmese/
ဝက်ဘ်ဆိုက် - https://www.bbcburmese.com
ဘီဘီစီမြန်မာပိုင်း