မကွေးတိုင်း၊ ကျောက်ထုမြို့မှာ ခိုလှုံနေကြတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့က လက်နက်ကိုင်ပဋိပက္ခကြောင့် အိုးအိမ်စွန့်ထွက်ပြေးနေရသူ ၁,၉၀၀ ကျော်အတွက် စားနပ်ရိက္ခာ၊ ဆေးဝါး စတဲ့အကူအညီတွေဟာ သီတင်းတပတ်စာလောက်ပဲ ကျန်တော့တယ်လို့ ကျောက်ထုဒေသ စစ်ဘေးရှောင် စီမံခန့်ခွဲရေးကော်မတီရဲ့ ဥက္ကဋ္ဌက ဗွီအိုအေကိုပြောပါတယ်။