
Sign up to save your podcasts
Or


ကမ္ဘာလုံးဆိုင်ရာမစ်ရှင်များသို့ခေါ်ခြင်းအတွက်ဆုတောင်းချက်များ
၁။ရှင်းလင်းသောခေါ်ခြင်း- ကမ္ဘာတစ်ဝှမ်းရှိ အသင်းတော်များမှ သစ္စာရှိသော သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်သော ယုံကြည်သူ အရေအတွက် တိုးများလာစေရန်၊ ဘုရားသခင်၏ ဧဝံဂေလိတရားကို သယ်ဆောင်ရန် ဘုရားသခင်ထံ ဆုတောင်းပါ။ (မဿဲ ၉:၃၈)
၂။တုံ့ပြန်ရန်ရဲစွမ်းသတ္တိ- မစ်ရှင်များသို့ ဖိတ်ခေါ်မှုကို ခံစားခဲ့ရသော်လည်း ကြောက်ရွံ့မှု၊ သံသယ၊ ဖျားနာမှု၊ ငွေကြေး သို့မဟုတ် အခြားအခြေအနေများကြောင့် ချုပ်နှောင်ခံထားရသော ယုံကြည်သူများအတွက် ဆုတောင်းပါ။ နောက်တဆင့်တက်လှမ်းဖို့ ဘုရားသခင်က သူတို့ကို ယုံကြည်ခြင်း၊ ရဲစွမ်းသတ္တိနဲ့ ဉာဏ်ပညာကို ပေးသနားဖို့ ဆုတောင်းပါ။ (၂ တိမောသေ ၁:၇)
၃။လူငယ်များ- ဗုဒ္ဓဘာသာကမ္ဘာရှိ ဧဝံဂေလိတရားလိုအပ်မှုအတွက် ဆုတောင်းပြီး တုံ့ပြန်ရန် ထောင်ပေါင်းများစွာသော လူငယ်များအား ဝိညာဉ်ရေးရာ၊ ဉာဏ်ပညာအားဖြင့် လှုံ့ဆော်ပေးရန် ဘုရားသခင်ကို ဆုတောင်းပါ။ (ဟေရှာယ ၆:၈)
ဗုဒ္ဓဘာသာလောကရှိယုံကြည်သူများအတွက်ဆုတောင်းခြင်း
၁။အမြင်များပွင့်ခြင်း- ဗုဒ္ဓဘာသာလောကရှိ ယုံကြည်သူများသည် ၎င်းတို့ပတ်ဝန်းကျင်ရှိ ဝိညာဉ်ရေးလိုအပ်ချက်များကို ရှင်းရှင်းလင်းလင်းမြင်နိုင်စေရန်နှင့် ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းအတွင်း သူလုပ်ဆောင်နေသည့်အရာများကို ဘုရားသခင် မျက်စိဖွင့်ပေးရန် ဆုတောင်းပါ။ (၂ ဓမ္မရာဇဝင် ၆:၁၇)၊
၂။လေ့ကျင့်ပေးခြင်း- သမ္မာကျမ်းစာကို နားလည်ရန်၊ ဧဝံဂေလိတရားကို ရှင်းရှင်းလင်းလင်း မျှဝေရန်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုအောက်တွင် ဗုဒ္ဓဘာသာဝင်များအတွက် အထောက်အကူဖြစ်စေမည့် လေ့ကျင့်မှုများကို ယုံကြည်သူများ ခံယူကြရန် ဆုတောင်းပါ။ (၂ တိမောသေ ၂:၁၄-၁၅)
၃။သွားရန်ယုံကြည်ချက်- ယုံကြည်သူများသည် ယေရှု၏သတင်းကောင်းကို မြို့၊ ရွာများနှင့် ဧ၀ံဂေလိတရားကို မကြားဖူးသော လူအုပ်စုများသို့ ယုံကြည်ချက်နှင့် ရဲဝံ့စွာ သယ်ဆောင်ရန် ဆုတောင်းပါ။ (ရောမ ၁၀:၁၄-၁၅)
ဧဝံဂေလိမရောက်ဖူးသေးသောမြို့ရွာများ
၁။ကောင်းသောမြေ- ဗုဒ္ဓဘာသာကမ္ဘာတစ်ဝှမ်းရှိ မြို့ရွာများသည် ဧဝံဂေလိတရားအတွက် ကောင်းသောမြေဖြစ်ရန်၊ ယေရှု၏တရားဒေသနာတော်ကိုခံယူရန်နှင့် ရေရှည်တည်တံ့သောအသီးအပွင့်များရရှိရန် ဆုတောင်းပါ။ (ယေဇကျေလ ၁၇:၈)
၂။ဝိညာဉ်တော်ဦးဆောင်ခြင်းကိုဝန်ခံသောဟောပြောမည့်သူများ- ပြည်တွင်းရှိ ယုံကြည်သူများနှင့် နိုင်ငံခြားသာသနာပြုများအတွက် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုဖြင့် မှန်ကန်သောနေရာများနှင့် လူများဆီသို့၊ ဘုရားသခင်၏နည်းလမ်းအတိုင်း ဧဝံဂေလိတရားကို ကြေငြာရန် ဆုတောင်းပါ။ (တမန်တော် ၁၆:၆-၁၀)
၃။အဆင်သင့်ရှိသောနှလုံးသားများ- ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပွင့်ပွင့်လင်းလင်း၊ လိုလားသော နှလုံးသားများဖြင့် လက်ခံကြရန် ပထမဆုံးအကြိမ် ဧဝံဂေလိတရားကို ကြားနာမည့်သူများ အတွက် ဆုတောင်းပါ။ (လု ၈:၁၅)
ဗုဒ္ဓဘာသာလောကရှိလက်ရှိသာသနာပြုများအတွက်ဆုတောင်းချက်
၁။ဘိသိက်နှင့်ပြည့်သောကြွေးကြော်ခြင်းများ- ဗုဒ္ဓဘာသာဝင်လူမျိုးများကြားတွင် အမှုထမ်းနေသော ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသခံလုပ်သားများသည် ဧဝံဂေလိတရားကို သန့်ရှင်းသောဝိညာဉ်တော် ဘိသိက်ခြင်းနှင့် မျှဝေရန် ဆုတောင်းပါ။ (၁ ကောရိန္သု ၂:၄–၅)
၂။အောင်မြင်မှု- ဧဝံဂေလိတရားအတွက် တံခါးများပွင့်ပြီး သာသနာပြုများ အမှုတော်ထမ်းဆောင်ခဲ့သည့်နေရာများတွင် ဝိညာဉ်ရေးရာ အောင်မြင်မှုများ ယူဆောင်လာရန် ဘုရားသခင်ထံ ဆုတောင်းပါ။ (ကောလောသဲ ၄:၃–၄)
၃။ခံနိုင်ရည်- ဗုဒ္ဓဘာသာဝင်လူမျိုးများကြားတွင် သစ္စာရှိပြီး ဇွဲရှိရှိရှိနေရန် သာသနာပြုများအတွက် ဆုတောင်းပါ။ (ဂလာတိ ၆:၉)
မယုံကြည်သူများထံဘုရားသခင်သည်သူ၏ဖြစ်ခြင်းကိုပြသရန်ဆုတောင်းချက်များ
၁။ရှာဖွေသူများ- အမှန်တရားကို ရှာဖွေနေကြသော ဗုဒ္ဓဘာသာလောကရှိ လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် ရှာဖွေကာ ကိုယ်တော်သည် အမှန်တကယ် သူတို့အနီးတွင်ရှိကြောင်းကို သိရှိနိုင်ရန် ဆုတောင်းပါ။ (ဟေဗြဲ ၁၁:၆)
၂။သံသယများ- ဘုရားသခင်သည် သံသယများနှင့် မေးခွန်းများရှိနေသူများကို တွေ့ပြီး ဘုရားသခင်အား ရိုးသားစွာရှာဖွေရန်နှင့် ယေရှုနှင့်ပတ်သက်သော အမှန်တရားကို သိမြင်ရန် ယုံကြည်ခြင်းကိုပေးရန် ဆုတောင်းပါ။ (မာကု ၉:၂၄)၊
၃။မသေချာခြင်း- ယေရှုအကြောင်း သေချာစွာမသိသောသူများသည် ခရစ်တော်၏သွန်သင်ချက်များကိုကြားနာရန်၊ နှုတ်ကပတ်တော်များကို ဆန်းစစ်ကာ၊ ခရစ်တော်၏သတင်းကောင်းသည် ဘုရားသခင်ထံမှ အမှန်တကယ်ဖြစ်ကြောင်း သိရှိနိုင်စေရန် ဆုတောင်းပါ။ (ယောဟန် ၇:၁၆-၁၈)
သန့်ရှင်းသောဝိညာဉ်တော်လှုပ်ရှားနိုင်စေရန်ဆုတောင်းချက်များ
၁။သန့်ရှင်းသောဝိညာဉ်တော်သည်မယုံကြည်သူများကိုသူ၏ဖြစ်ခြင်းကိုပြသရန်ဆုတောင်းပါ- သန့်ရှင်းသောဝိညာဉ်တော်သည် ယေရှုနှင့်ပတ်သက်သော သမ္မာတရားကို ဗုဒ္ဓဘာသာလောကရှိလူတို့အား ထုတ်ဖော်ပြသရန် ဆုတောင်းပါ။ (ယော ၁၆:၈-၁၁; ၁ ကောရိန္သု ၁၀:၉-၁၆)
၂။သန့်ရှင်းသောဝိညာဉ်တော်သည်ကျွန်ုပ်တို့နှင့်အတူလျှောက်လှမ်းပေးရန်ဆုတောင်းပါ- ဘုရားသခင်၏ဝိညာဉ်တော်သည် သတင်းကောင်းအတွက်လမ်းကိုပြင်ဆင်ပြီး ကယ်တင်ခြင်း၏အသီးအနှံကိုကြီးထွားစေမည်အကြောင်း ဆုတောင်းပါ။ (ဆာလံ ၁၃၉၊ ဟေရှာယ ၄၅)
၃။သန့်ရှင်းသောဝိညာဉ်တော်သည်ကျွန်ုပ်တို့အားစကားပြောရန်ဆုတောင်းပါ- ယုံကြည်သူများသည် သန့်ရှင်းသောဝိညာဉ်တော်၏အသံကို သိရှိနားလည်သိရှိနိုင်ပြီး သတင်းကောင်းကိုဝေမျှကာ တပည့်ဖြစ်စေခြင်းဖြင့် သူ၏လမ်းညွှန်မှုကို လိုက်နာနိုင်စေရန် ဆုတောင်းပါ။ (ယော ၁၆း၁၃-၁၅)
ဘုရားသခင်သည်သာမန်လူများကိုအသုံးပြုရန်ဆုတောင်းခြင်း
၁။ဘုရားသခင်သည်သာမန်လူများကိုအသုံးပြုသည်- ဘုရားသခင်သည် ဗုဒ္ဓဘာသာလောကရှိ သာမန်ယုံကြည်သူများကို သတင်းကောင်းဝေငှရန်နှင့် တပည့်တော်မွေးထုတ်သူများဖြစ်စေရန် ဆုတောင်းပါ၊ ကိုယ်တော်၏တန်ခိုးသည် လူ့အစွမ်းအစ သို့မဟုတ် အဆင့်အတန်းဖြင့် ကန့်သတ်မထားကြောင်း ပြသရန် ဆုတောင်းပါ။ (၁ ကောရိန္သု ၁:၂၆–၃၁)
၂။ဘုရားသခင်သည်ကျွန်ုပ်တို့အားအမှုတော်ထမ်းဆောင်ရန်အတွက်ယုံကြည်မှုရှိစေပြီးအရည်အချင်းပြည့်မီစေသည်- ယုံကြည်သူများသည် အရည်အချင်းမပြည့်မီဟု ခံစားရသည့်အခါ ဘုရားသခင်အား သစ္စာရှိစွာ ဝတ်ပြုကိုးကွယ်ပြီး လိုအပ်သမျှကို ဘုရားသခင်ကို ပေးနိုင်ကြောင်း ယုံကြည်ကြရန် ဆုတောင်းပါ။ (၂ ကောရိန္သု ၃:၄–၆)
၃။လူများအံ့အားသင့်ကြမည်- ဘုရားသခင်သည် လူတို့အား သူ့တန်ခိုးတော်ကို မြင်တွေ့စေပြီး ယေရှုခရစ်တော်ကို သတိပြုမိစေမည့် နည်းလမ်းများအားဖြင့် သာမန်ယုံကြည်သူများကို အသုံးပြုပြီး လုပ်ဆောင်တော်မူမည်အကြောင်း ဆုတောင်းပါ။ (တမန်တော်ဝတ္ထု ၄:၁၃)
ဘုရားသခင်နှင့်ပိုမိုနက်ရှိုင်းသောဆက်ဆံရေးအတွက်ဆုတောင်းခြင်း
၁။ဘုရားသခင်အတွက်ဆာငတ်ခြင်း- ကမ္ဘာတစ်ဝှမ်းရှိ ယုံကြည်သူများသည် ဘုရားသခင်ကို သိကျွမ်းလိုသော ဆာငတ်ခြင်း ပိုမိုနက်ရှိုင်းလာစေရန်နှင့် စိတ်နှလုံးအကြွင်းမဲ့ဖြင့် ကိုယ်တော်ကို ရှာဖွေလိုသောဆန္ဒ ပိုမိုနက်ရှိုင်းလာစေရန် ဆုတောင်းပါ။ (ဆာလံ ၄၂:၁)
၂။ပိုမိုနက်ရှိုင်းသောဆုတောင်းခြင်းအသက်တာ- မယုံကြည်သူတိုင်းနိုင်ငံအတွက် ကြားဝင်ဆုတောင်းသူများသည် ၎င်းတို့၏ ဆုတောင်းခြင်းအသက်တာ ကြီးထွားလာစေရန် ဆုတောင်းပါ။ (ဆာလံ ၈၆:၁၁)
၃။ဘုရားသခင်၏အသံကိုကြားခြင်း- ယုံကြည်သူများသည် ဘုရားသခင်၏ အသံကို ကြားရန်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်ကို နားလည်ရန်နှင့် ကိုယ်တော်နောက်သို့ လိုက်လျှောက်သောအခါ ကိုယ်တော်၏ လမ်းညွှန်မှုကို သိရှိရန် ဆုတောင်းပါ။ (ယေရမိ ၃၃:၃)
မယုံကြည်သူများအတွက်ကိုယ်စားတိုက်ပွဲဝင်ရန်ဆုတောင်းချက်များ
၁။မယုံကြည်သူများ၏ဘဝထဲရှိရန်သူစာတန်၏အလုပ်လုပ်ခြင်းကိုကျော်လွှားအောင်မြင်ရန်- ယေရှုကိုသိခြင်းဉာဏ်ပညာမှ လူများကို ဆီးတားနေတဲ့ အဆီးအတားအားလုံးကို ဖယ်ရှားပေးရန် ဆုတောင်းပါ။ (၂ ကော ၄:၄)
၂။ဝိညာဉ်တိုက်ပွဲဝင်ခြင်းကိုဘယ်တော့မှလက်မလျှော့ရန်- ယုံကြည်သူများသည် မယုံကြည်သူများအတွက် ဆုတောင်းခြင်း၊ သာသနာပြုခြင်းမှာ ဘယ်တော့မှ လက်မလျှော့ဖို့ ဆုတောင်းပါ။ (၂ ကောရိန္သု ၁၀:၃-၅)
၃။သူတို့အပေါ်ထားသောကျွန်ုပ်တို့၏နှလုံးသားကြောင့်မေတ္တာဂရုဏာကိုမြင်တွေ့ခံစားလာရစေရန်- ယုံကြည်သူများရဲ့ သစ္စာရှိစွာ ပေးဆပ်ခြင်းကိုမြင်ပြီး မယုံကြည်သူများဟာ ခရစ်တော်ရဲ့မေတ္တာကို ခံစားလာရစေရန် ဆုတောင်းပါ။ (သုတ္တံ ၁၈:၂၄)
ယုံကြည်သူများသည်ဗုဒ္ဓဘာသာဝင်များကိုကျွေးမွေးပြုစုကြရန်ဆုတောင်းချက်များ
၁။ဘုရားသခင်၏သိုးများကိုကျွေးမွေးပါ- ယုံကြည်သူများသည် ယေရှု၏တပည့်တော်အသစ်များကို သစ္စာရှိရှိ ပြုစုစောင့်ရှောက်ကြရန်နှင့် ဘုရားသခင့်နှုတ်ကပတ်တော်အားဖြင့် ယုံကြည်ခြင်းခိုင်ခံ့လာစေရန် ဆုတောင်းပါ။ (ယော ၂၁:၁၅-၁၇)
၂။စစ်မှန်သောချစ်ခြင်း- ခရစ်ယာန်များသည် အခြားသူများကိုအစေခံရန် သူတို့၏အချိန်၊ သူတို့ရှိသောအရာများနှင့် သူတို့အသက်တာကို တလိုတလားပေးဆပ်ခြင်းဖြင့် ခရစ်တော်၏ချစ်ခြင်းမေတ္တာကို ပြသနိုင်ရန် ဆုတောင်းပါ။ (ယော ၁၅:၁၃)၊
၃။တည်တံ့ခိုင်မြဲသောဆက်ဆံရေးနှင့်တပည့်တော်မွေးထုတ်ခြင်း- ယုံကြည်သူများသည် ဝိညာဉ်ရေးကြီးထွားမှုကို အားပေးပြီး ခိုင်ခံ့မြဲမြံသော၊ သစ္စာရှိသော၊ တည်မြဲသော ရင်းနှီးမှုများကို တည်ဆောက်နိုင်ရန် ဆုတောင်းပါ။ (သုတ္တံ ၁၇:၁၇)
From the publisher's feed
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက်…
ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။
ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။