Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ

Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ

By Change The Map - MyanmarReligion & SpiritualityChristianity
Download on the App Store

Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ episodes

  • အောက်တိုဘာလ၏ ဒုတိယဆုတောင်းခြင်း အစီအစဉ် လာအိုနိုင်ငံရှိ ဒေသခံယုံကြည်သူများအတွက် ဆုတောင်းချက်များ

    လာအိုနိုင်ငံရှိ ဒေသခံယုံကြည်သူများအတွက် ဆုတောင်းချက်များ 


    ရဲရင့်မှု - လာအိုရှိ ဒေသခံယုံကြည်သူများသည် စစ်မှန်သောခရစ်ယာန်များအဖြစ် အသက်ရှင်နေထိုင်ရန်နှင့် အနီးနားရှိသူများထံ ယေရှု၏သတင်းကောင်းကို ရဲရင့်စွာ ဝေဌကြရန် ဆုတောင်းပါ။

     

    ဉာဏ်ပညာနှင့် ဘေးကင်းရေး - ဒေသခံယုံကြည်သူများသည် မည်သည့်အချိန်၊ မည်သည့်နေရာ၌ ဟောပြောသင့်သည်ကို ပိုင်းခြားသိမြင်နိုင်ပြီး ဘုရားသခင်၏ကာကွယ်ခြင်း သူတို့အပေါ်သက်ရောက်စေရန် ဆုတောင်းပါ။

     

    ဆန်းသစ်သောဟောပြောမှုများ - ဒေသခံယုံကြည်သူများသည် သတင်းကောင်းဟောပြောရန် ဘုရားသခင်ပေးထားသည့် ဆုကျေးဇူးများကို အသုံးပြုကြရန် ဆုတောင်းပါ။

    5 min
  • အောက်တိုဘာလ၏ ပထမဆုတောင်းခြင်းအစီအစဉ် လာအိုနိုင်ငံတွင် ဟောပြောလုပ်ဆောင်မည့်သူမြောက်များစွာ ပေါ်ပေါက်လာစေရန် ဘုရားသခင်၏အသံတော်ကို နားထောင်ခြင်း

    လာအိုနိုင်ငံတွင်ဟောပြောလုပ်ဆောင်မည့်သူမြောက်များစွာပေါ်ပေါက်လာစေရန်
     

    ဘုရားသခင်၏အသံတော်ကိုနားထောင်ခြင်း -ကမ္ဘာ့နိုင်ငံတစ်ဝှမ်းလုံးရှိ ယုံကြည်သူများသည် ဘုရားသခင်၏အသံတော်ကို နားထောင်ပြီး လာအိုနိုင်ငံသို့ သွားရောက်ကြရန် ဆုတောင်းပါ။

    သွားရောက်ဟောပြောရန်ကတိပြုခြင်း -လာအိုနိုင်ငံသို့သွားရန် ဘုရားသခင်၏အသံကိုကြားသည့် ယုံကြည်သူများသည်  “အကျွန်ုပ်ရှိပါ၏၊ အကျွန်ုပ်ကိုစေလွှတ်မူပါ” ဟုဝန်ခံကြရန် ဆုတောင်းပါ။

    ဘုရားသခင်အားနာခံခြင်း -လာအိုနိုင်ငံတွင် ခရစ်တော်အကြောင်း ဝေဌမည့်သူများသည် သစ္စာရှိစွာ ဘုရားသခင်အားနာခံခြင်းဖြင့် လိုက်လျှောက်အသက်ရှင်ကြရန် ဆုတောင်းပါ။

    5 min
  • စက်တင်ဘာလ၏ ပဉ္စမဆုတောင်းခြင်းအစီအစဉ် ဝိညာဉ်အကင်းပါးသော ယုံကြည်သူများဖြစ်ရန် ဆုတောင်းချက်များ

    ဝိညာဉ်အကင်းပါးသော ယုံကြည်သူများဖြစ်ရန် ဆုတောင်းချက်များ

     
     1. စိတ်အားထက်သန်စွာဆုတောင်းရန်အချိန်များ- ကျွန်ုပ်တို့၊ ဘုရားသခင်၏လူများသည် သခင်ဘုရား၏မျက်နှာတော်ကို စိတ်အားထက်သန်စွာရှာရန် အချိန်သတ်မှတ်ကြရန် ဆုတောင်းပါ။

    2. ဘုရားသခင်အားစောင့်မျှော်ခြင်း- ခရစ်ယာန်များအနေနှင့် သခင်၏အသံကိုကြားရန် စိတ်ရှည်သည်းခံပြီး ငြိမ်သက်စွာ စောင့်ဆိုင်းကြရန် ဆုတောင်းပါ။

    3. ဘုရားသခင်၏ အသံတော်ကို အသိအမှတ်ပြုခြင်း- နေရာတိုင်းတွင် ယုံကြည်သူများသည် ဘုရားသခင်၏ အသံတော်ကို အသိအမှတ်ပြုပြီး နာခံနိုင်စေရန် ဆုတောင်းပါ။
     
     

    4 min
  • စက်တင်ဘာလ၏ စတုတ္ထဆုတောင်းခြင်းအစီအစဉ် ခရစ်ယာန်နှင့်ဗုဒ္ဓဘာသာဝင်များအကြားကောင်းမွန်စွာပြောဆိုဆက်ဆံနိုင်ရန်အတွက် ဆုတောင်းချက်များ

    ခရစ်ယာန်နှင့်ဗုဒ္ဓဘာသာဝင်များအကြားကောင်းမွန်စွာပြောဆိုဆက်ဆံနိုင်ရန်အတွက် ဆုတောင်းချက်များ

    ၁။ မယုံကြည်သူတိုင်းနိုင်ငံများရှိဆက်ဆံရေးများ- မယုံကြည်သူတိုင်းနိုင်ငံများတွင် နေထိုင်သော ယုံကြည်သူများသည် ၎င်းတို့၏ အိမ်နီးချင်းများနှင့် နက်ရှိုင်းသော ခင်မင်ရင်းနှီးမှု တိုးပွားလာစေရန် ဆုတောင်းပါ။

    ၂။ မယုံကြည်သူအဝန်းအဝိုင်းအပြင်ဘက်တွင်အံ့ဩဖွယ်တို့ထိမှုများ - ဗုဒ္ဓဘာသာယဉ်ကျေးမှုတွင် မနေထိုင်သော ယုံကြည်သူများကို သန့်ရှင်းသောဝိညာဉ်တော်က လမ်းညွှန်ပေးရန် ဆုတောင်းပါ။

    ၃။ ခရစ်ယာန်များသည် မိမိတို့၏ပတ်ဝန်းကျင်တွင် ဗုဒ္ဓဘာသာဝင်များကို ရှာဖွေရန်- ကမ္ဘာတစ်ဝှမ်းရှိ ခရစ်ယာန်ဘာသာဝင်များသည် ဗုဒ္ဓဘာသာဝင်များကို ရည်ရွယ်ချက်ရှိရှိ ရှာဖွေကာ မိတ်ဖွဲ့ကြရန် ဆုတောင်းပါ။ 

    5 min
  • စက်တင်ဘာလ၏ တတိယဆုတောင်းခြင်းအစီအစဉ် ဘုရားသခင့်လူများသာ၍နာခံမှုရရှိရန်ဆုတောင်းခြင်း

    ဘုရားသခင့်လူများသာ၍နာခံမှုရရှိရန်ဆုတောင်းခြင်း

      

    1. ဗုဒ္ဓဘာသာဝင်များအတွက်သစ္စာရှိစွာအယူခံဝင်ခြင်း- ယုံကြည်သူတို့သည် ဗုဒ္ဓဘာသာဝင်များအတွက် ကမ္ဘာလုံးဆိုင်ရာအသင်းတော်အနေဖြင့် စဉ်ဆက်မပြတ် အာရုံစူးစိုက်၍ ယုံကြည်ခြင်းအပြည့်ဖြင့် ဆုတောင်းကြရန် ဆုတောင်းပါ။

    2. ခရစ်တော်၏သက်သေများအဖြစ်အသက်ရှင်နေထိုင်ရန်နာခံခြင်း- ယုံကြည်သူများအနေဖြင့် အလင်းနှင့်ဆားကဲ့သို့ အသက်ရှင်ပြီး ယေရှု၏မေတ္တာနှင့် အခြားသူများကို ဘုရားသခင်ထံဆွဲခေါ်ခြင်းဖြင့် နေ့စဉ်အသက်တာတွင်အသက်ရှင်ရန် ဆုတောင်းပါ။

    3. သန့်ရှင်းသော ဝိညာဉ်တော်၏ ဦးဆောင်မှုကို နာခံခြင်း- ယုံကြည်သူများသည် သန့်ရှင်းသောဝိညာဉ်တော်၏ နှိုးဆော်ချက်များကို နာခံပြီး ဗုဒ္ဓဘာသာဝင်များကို ယေရှုထံပြန်လည်ပို့ဆောင်ပြီး ဆက်ဆံရေးပြန်လည်တည်ဆောက်နိုင်ဖို့ ဆုတောင်းပါ။ 
     

    5 min
  • စက်တင်ဘာလ၏ ဒုတိယဆုတောင်းခြင်းအစီအစဉ် ယုံကြည်ချက်ရှိသော ဆုတောင်းခြင်းများဖြစ်ရန် ဆုတောင်းချက်များ

    ယုံကြည်ချက်ရှိသော ဆုတောင်းခြင်းများဖြစ်ရန် ဆုတောင်းချက်များ
     
    ယုံကြည်သူများ ဆုတောင်းရာတွင် ယုံကြည်ချက်ရှိရန်- ခရစ်ယာန်များသည် ရဲရင့်စွာ ဆုတောင်းကြပြီး ဘုရားသခင်သည် ကြားပြီး အဖြေပေးသော ဘုရားဖြစ်ကြောင်းသိရန် ဆုတောင်းပါ။

    အဖြေရသောဆုတောင်းချက်များ- ဘုရား၏အလိုတော်နှင့်အညီ ဆုတောင်းသူများ၏ ဆုတောင်းချက်များ အဖြေရရန် ဆုတောင်းပါ။

    သဘာဝလွန်ရလာဒ်များ- ခရစ်ယာန်များသည် ဘုရား၏တန်ခိုးတော်ဖြင့်သာ လုပ်ဆောင်နိုင်သောအရာများကို မိမိတို့ဘဝတွင် ဘုရားသခင်ပြုပေးမည်ကို ယုံကြည်ခြင်းရှိစေရန် ဆုတောင်းပါ။

    4 min
  • စက်တင်ဘာလ၏ ပထမဆုတောင်းခြင်းအစီအစဉ် ရူပါရုံနှင့် အိမ်မက်များအတွက် ဆုတောင်းချက်များ

    ရူပါရုံနှင့် အိမ်မက်များအတွက် ဆုတောင်းချက်များ


    ခရစ်ယာန်များသည် ရူပါရုံနှင့် အိမ်မက်များရရှိရန်: ကမ္ဘာတစ်ဝှမ်းရှိ ခရစ်ယာန်ဘာသာဝင်များသည် မယုံကြည်သူတိုင်းနိုင်ငံများတွင် ယေရှု၏သတင်းကောင်းကို ဟောပြောရန် ခွန်အားဖြစ်စေမည့် ရူပါရုံများနှင့် အိပ်မက်များ ရရှိရန် ဆုတောင်းပါ။

    ဗုဒ္ဓဘာသာဝင်များသည်ရူပါရုံများနှင့် အိပ်မက်များရရှိရန်: ဗုဒ္ဓဘာသာဝင်များသည် သူတို့အား ကယ်တင်ခြင်းသို့ဆွဲခေါ်နိုင်သည့် ရူပါရုံများနှင့် အိပ်မက်များ ရှိစေရန် ဆုတောင်းပါ။

    ရူပါရုံများနှင့်အိပ်မက်များမှဝိညာဉ်အသီးများ: ဘုရားသခင်ပေးသောအိပ်မက်များနှင့် ရူပါရုံများသည် နိုင်ငံတော်တည်ထောင်ခြင်းအတွက် အသီးအပွင့်များဖြစ်စေရန် ဆုတောင်းပါ။

    5 min
  • ဩဂုတ်လ၏ စတုတ္ထဆုတောင်းခြင်းအစီအစဉ် ဖြန့်ကျက်ဧဝံဂေလိသာသနာအတွက် ဆုတောင်းချက်များ


    ဖြန့်ကျက်ဧဝံဂေလိသာသနာအတွက် ဆုတောင်းချက်များ


    ၁.ပျောက်ဆုံးဝိညာဉ်များကို ရှာဖွေကယ်တင်ရန်- ဗီယက်နမ်နိုင်ငံရှိ ယုံကြည်သူများသည် ဘုရားသခင်၏သတင်းကောင်းကို အသင်းတော်ပြင်ပအထိ သယ်ဆောင်သောသူများဖြစ်စေရန် ဆုတောင်းပါ။

     

    ၂.ဘာသာရေးနှင့်မသက်ဆိုင်သော နေရာများ- ဗီယက်နမ်နိုင်ငံရှိ ယုံကြည်သူများသည် ခရစ်တော်အကြောင်းကို ဈေးများ၊ စီးပွားရေးနယ်ပယ်များနှင့် လုပ်ငန်းခွင်များတွင် ဝေဌနိုင်ရန် ဆုတောင်းပါ။
     

    ၃.အသက်မွေးဝမ်းကြောင်းဆိုင်ရာဆုကျေးဇူးရှိသော သင်းအုပ်များ - ဗီယက်နမ်နိုင်ငံရှိ သင်းအုပ်များသည်  အသက်မွေးဝမ်းကြောင်းဆိုင်ရာဆုကျေးဇူးရှိသော သင်းအုပ်များ ဖြစ်လာစေရန်ဆုတောင်းပါ။- ငွေရှာရန်အတွက်မဟုတ်ပဲ အသင်းတော်ထဲတွင် မရှိနေသည့်လူများအတွက် အစေခံအမှုဆောင်မည့် သင်းအုပ်များကို ဆိုလိုခြင်းဖြစ်သည်။

    4 min
  • ဩဂုတ်လ၏ တတိယဆုတောင်းခြင်းအစီအစဉ် ဗီယက်နမ်လူမျိုးများ သာသနာလုပ်ငန်းများဦးဆောင်ရန် ဆုတောင်းချက်များ

    ဗီယက်နမ်လူမျိုးများ သာသနာလုပ်ငန်းများဦးဆောင်ရန် ဆုတောင်းချက်များ


    ၁.ယုံကြည်သူများ ယုံကြည်ခြင်းသာ၍ ကြီးထွားရန်- ဗီယက်နမ်နိုင်ငံရှိ ယုံကြည်သူတိုင်းသည် ယုံကြည်ခြင်း၌ သာ၍ကြီးထွားပြီး ဝိညာဉ်ရေးရာ ကြီးထွားရင့်ကျက်ခြင်းရှိရန် ဆုတောင်းပါ။

     

    ၂.အစပျိုးလုပ်ဆောင်မှုများ - ဗီယက်နမ်နိုင်ငံရှိ ယုံကြည်သူများသည် သာသနာလုပ်ငန်းများတွင် ခေါင်းဆောင်အဆင့်အထိတက်လှမ်းနိုင်ပြီး ခြေလှမ်းသစ်များစတင်နိုင်ရန် ဆုတောင်းပါ။
     

    ၃.ဧဝံဂေလိ - ဗီယက်နမ်နိုင်ငံရှိ ယုံကြည်သူများသည် တက္ကသိုလ်များ၊ ပတ်ဝန်းကျင်များ၊ လက်လှမ်းမမီနိုင်သောနေရာများရှိ ပျောက်ဆုံးနေသောဝိညာဉ်များကို ဧဝံဂေလိဝေဌနိုင်ဖို့ သာ၍ကြိုးစားအားထုတ်ကြရန် ဆုတောင်းပါ။ 

    4 min
  • ဩဂုတ်လ၏ ဒုတိယဆုတောင်းခြင်းအစီအစဉ် တက္ကသိုလ် ပရဝုဏ်များအတွင်းရှိ တပည့်တော်ဖြစ် အဖွဲ့အစည်းများအတွက် ဆုတောင်းချက်များ

    တက္ကသိုလ် ပရဝုဏ်များအတွင်းရှိ တပည့်တော်ဖြစ် အဖွဲ့အစည်းများအတွက် ဆုတောင်းချက်များ


    ၁.တပည့်တော်ဖြစ်အဖွဲ့အစည်းများ - ဗီယက်နမ်နိုင်ငံရှိ တက္ကသိုလ်ပရဝုဏ်များအတွင်းတွင် တပည့်တော်ဖြစ် အဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ဆုတောင်းပါ။ 

    ၂.ဝိညာဉ်တော်ဦးဆောင်လမ်းပြခြင်း - တက္ကသိုလ်ပရဝုဏ်များရှိ ယုံကြည်သူများသည် ဝိညာဉ်တော်၏ဦးဆောင်လမ်းပြခြင်းအားဖြင့် တပည့်တော်များကို ပြုစုရန် ဆုတောင်းပါ။

    ၃.စစ်မှန်သောပြောင်းလဲခြင်း - ကျောင်းသား/သူများ၊ မိသားစုများ၊ တက္ကသိုလ်ကျောင်းသားများနှင့် ဗီယက်နမ်တစ်နိုင်ငံလုံးသည် တပည့်တော်ဖြစ်အဖွဲ့အစည်းများအားဖြင့် ပြောင်းလဲစေရန် ဆုတောင်းပါ။ 

    4 min

About Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ

From the publisher's feed

အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက်…