Church School Songs

Church School Songs

By New Dream MediaKids & Family
Download on the App Store

Church School Songs episodes

  • CEF (027)
    Myanmar Church School Songs

    ခေါင်းစဉ် - မည်သူ ပန်းလုပ်နိုင်သနည်း

    ၁။ မည်သူပန်းလုပ်နိုင်သနည်း။
    ကျွန်ုပ်မနိုင် ဧကန် ဘုရားသခင်မှတစ်ပါး မည်သူမတတ်နိုင်ရာ
    ၂။ မည်သူမိုးရွာစေနိုင်နည်း။
    ကျွန်ုပ်မနိုင် ဧကန် ဘုရားသခင်မှတစ်ပါး မည်သူမတတ်နိုင်ရာ
    ၃။ မည်သူလေတိုက်စေနိုင်နည်း။
    ကျွန်ုပ်မနိုင် ဧကန် ဘုရားသခင်မှတစ်ပါး မည်သူမတတ်နိုင်ရာ
    ၄။ မည်သူလိပ်ပြာလုပ်နိုင်နည်း။
    ကျွန်ုပ်မနိုင် ဧကန် ဘုရားသခင်မှတစ်ပါး မည်သူမတတ်နိုင်ရာ
    2 min
  • CEF (026)
    Myanmar Church School Songs

    ခေါင်းစဉ် - ရှင်မဿဲ ၆း၃၃
    ဆို - မရီနီ

    ရှင်မဿဲ ၆း၃၃ တွင် ကတိတော်ပါရှိသည်ကား
    နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရား ရှေးဦးစွာ ရှာကြကုန်လေ
    နောက်မှလိုသောအရာကို ချပေးမည်
    သင်သည် ယုံကြည်လျက် ရှိသလား
    ယုံကြည်လျှင် အမှုတော်ဆောင်ပါလေ။
    2 min
  • CEF (025)
    Myanmar Church School Songs

    ခေါင်းစဉ် - အို သင်တို့နံဘေးမှာ
    ဆို - သောသော+မဲဒီစေး

    [(အို သင်တို့နံဘေးမှာ )၂ ဘယ်သူရှိသလဲ ပြောနိုင်လား။ ]၂
    မတွေ့ရပေမယ့် ရှိတယ်။
    မကြားရပေမယ့် ရှိတယ်။
    တဲထဲမှာလည်း ရှိတယ်။
    တိုက်ထဲမှာလည်း ရှိတယ်။
    နေရာတကာမှာ ရှိတဲ့ အရှင်ဘုရား။
    2 min
  • CEF (024)
    Myanmar Church School Songs

    ခေါင်းစဉ် - ဘုန်းတော်ထင်ရှားစေမူပါ။
    ဆို - မဲဒီစေး

    သခင်ယေရှုဘုရား ကျွန်ုပ်စိတ်မှာ
    ဖြူစင်တဲ့သဘောထား ချပေးမူပါ။
    ပြောဆိုလေရာ လုပ်ကိုင်ရာရာ
    ဘုန်းတော်ထင်ရှားစေမူပါ။
    2 min
  • CEF (023)
    Myanmar Church School Songs

    ခေါင်းစဉ် - ကျမ်းပိုဒ်ခေါင်းစဉ်သီချင်း
    ဆို - မရီနီ

    မ၊ မာ၊ လု၊ ယော၊ တ၊ ရော၊ ကော
    ဂလာ၊ ဧ၊ ဖိ၊ ကော၊ သက်၊ တိ၊
    တိတု၊ ဖိလေ၊ ဟေဗြဲရယ်၊
    ယာ၊ ပေ၊ ယော၊ ယု၊ ဗျာ။
    2 min
  • CEF (022)
    Myanmar Church School Songs

    ခေါင်းစဉ် - ဥယျာဉ်အလ်၌ သစ်ပင်ကြီး
    ဆို - သောသော

    ဥယျာဉ်အလယ်၌သစ်ပင်ကြီး
    ဖဘုရားဖန်ဆင်းခဲ့သည်
    အို ဘယ်လောက်လှပသနည်း
    ဥယျာဉ်အလယ်က သစ်ပင်ကြီး။
    2 min
  • CEF (021)
    Myanmar Church School Songs

    ခေါင်းစဉ် - မေးခွန်းသုံးခု
    ဆို -

    ကျမ်းစာနေ့စဉ်ဖတ်သောအခါ ကျွန်ုပ်မေးခွန်းသုံးခုမေးမှာ
    ဘာကိုဆိုလိုလဲ အဓိပ္ပာယ်ကဘာလဲ ဘုရားသခင်ဘာပြောနေလဲ
    အဖြေမှန်ကိုသိနိုင်ဖို့ရန် ကျွန်ုပ်စိတ်ထဲ ၀ိညာဉ်တော်ကဖွင့်ပြမှသာ
    ဘုရားရှင်၏စကား သိမည်အမှန်
    2 min
  • CEF (020)
    Myanmar Church School Songs

    ခေါင်းစဉ် - ကျွန်ုပ်၏ဘုရား
    ဆို -

    (ကျွန်ုပ်၏ဘုရား ကြီးမြတ်သောဘုရားသည်
    အရာရာကို တတ်စွမ်းနိုင်၏။)၂
    တောင်တန်းများအားလုံး ချိုင့်ဝှမ်းများအားလုံး
    ကြယ်များကိုလည်း ဖန်ဆင်းမူ၏။
    ကျွန်ုပ်၏ဘုရား ကြီးမြတ်သောဘုရားသည် အရာရာကို တတ်စွမ်းနိုင်၏။
    2 min
  • CEF (019)
    Myanmar Church School Songs

    ခေါင်းစဉ် - ဖြောင့်မတ်ခြင်း
    ဆို - မဲဒီစေး

    ကျွန်ုစိတ်နှလုံးကို ဖဘုရားသိမှတ်ပါ
    ကျွန်ုပ်အထင်များကို စုံစမ်းသိမှတ်ပါ
    ဆိုးသောနေရာလမ်းကို ကျွန်ုပ်မလိုက်ရအောင်
    ကောင်းသောထာဝရလမ်းကို သွေးဆောင်တော်မူပါ။
    2 min
  • CEF (018)
    Myanmar Church School Songs

    ခေါင်းစဉ် - သမုဒ္ဒရာ မိုးမြေ
    ဆို - သောသော

    သမုဒ္ဒရာမိုးမြေ၊ တောတောင်နှင့် ချိုင့်ဝှမ်း
    သစ်ပင်၊ ပန်းမာန်၊ တွန်သံသာတဲ့ငှက်သံ
    ရှိလေသမျှအရာ ဘုန်းတန်ခိုးဖြင့်သာ ဖန်ဆင်းထားသူ ရှင်ဘုရား။
    2 min

About Church School Songs

From the publisher's feed

မြန်မာအသင်းတော်ကလေးသီချင်းများ