စိန်ခေါ်ချက်များနဲ့မြန်မာလူငယ်

စိန်ခေါ်ချက်များနဲ့မြန်မာလူငယ်

By RFANews
Download on the App Store

စိန်ခေါ်ချက်များနဲ့မြန်မာလူငယ် episodes

  • စစ်မီးလျှံကြားက ကယ်ဆယ်ရေးသမား

    ဒီတစ်ပတ်အစီအစဉ်မှာတော့ ကယားပြည်နယ်က စစ်ရေးပဋိပက္ခတွေကြားမှာ ဒုက္ခသည်တွေကိုကူညီနေတဲ့ ခွန်ချစ်ထူး နဲ့ စကားပြောထားပါတယ်။

    သူဟာ စစ်အာဏာမသိမ်းခင်က ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးလို ပရဟိတလုပ်ငန်းတွေ လုပ်ဖို့ စိတ်အားထက်သန်ခဲ့တဲ့ လူငယ်ဖြစ်ပါတယ်။

    Hosted on Acast. See acast.com/privacy for more information.

    15 min
  • မူးယစ်ဆေးနွံထဲက အသေခံတပ်သားများ

    ဒီတစ်ပတ်အစီအစဉ်မှာတော့ စစ်ကိုင်းတိုင်းထဲမှာ နယ်မြေရှင်းလင်းရေးလုပ်ရင်း တစ်ရွာဝင် တစ်ရွာထွက် နေအိမ်မီးရှို့ဖျက်ဆီးမှုတွေ၊ ပစ္စည်းလုယက်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်ကြောင်းတွေမှာ ပါဝင်ခဲ့တဲ့ စစ်ကိုင်းအခြေစိုက် ခြေမြန်တပ်မ ၃၃ က ဒုတပ်ကြပ် ကိုဆည်လေးနဲ့ စကားပြောထားပါတယ်။

    သူတာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ထဲမှာ မူးယစ်ဆေးဝါးအလွယ်တကူရသလို မူးယစ်ဆေးသုံးထားတဲ့ စစ်မှုထမ်းတပ်သားတွေဟာ ရှေ့တန်းစစ်မြေပြင်တွေမှာ အသေခံတပ်သားတွေအဖြစ် အသုံးချခံနေရကြောင်း ကိုဆည်လေးက ပြောပါတယ်။ သူဟာ လက်ရှိမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ ဘက်ပြောင်းခိုလှုံ စစ်တပ်ကိုပြန်တိုက်နေပါတယ်။

    Hosted on Acast. See acast.com/privacy for more information.

    16 min
  • ထောင်ဒဏ်တစ်သက်က လွတ်မြောက်လာသူ
    ဒီတစ်ပတ်အစီအစဉ်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နာမည်ကျော် ပျံလွှားအောင်စစ်ဆင်ရေးမှာပါဝင်ခဲ့တဲ့အတွက် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံခဲ့ရတဲ့ ကိုငြိမ်းဟန်နဲ့ စကားပြောထားပါတယ်။ ကိုငြိမ်းဟန်ဟာ ရန်ကုန်မှာ စစ်ရေးပစ်မှတ်တွေကို ဖောက်ခွဲတိုက်ခိုက်တာတွေလုပ်ရင်း အဖမ်းခံလိုက် ရပါတယ်။ အဲဒီနောက်မှာတော့ စစ်တပ်ကသူ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချတာခံလိုက်ရပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။

    Hosted on Acast. See acast.com/privacy for more information.

    16 min
  • ပရဟိတသမားကနေ PDF ခေါင်းဆောင်ဖြစ်လာသူ

    စိန်ခေါ်ချက်များနဲ့မြန်မာလူငယ်-အပိုင်း (၃၆)

    ~~~~~~

    ဒီတစ်ပတ်အစီအစဉ်မှာတော့ ၂၀၂၁ ခုနှစ်မတိုင်ခင်က မြင်းခြံဒီဂရီကောလိပ်မှာ ဒုတိယနှစ်ကျောင်းသားဘ၀နဲ့ ပရဟိတအလုပ်တွေလုပ်ခဲ့တဲ့လူငယ်ဟာ စစ်အာဏာသိမ်းတာကြုံလိုက်တဲ့အခါမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ခေါင်းဆောင်ဖြစ်လာတဲ့ ကိုမိုက်ခဲနဲ့ စကားပြောထားပါတယ်။

    ကိုမိုက်ခဲ လက်နက်ကိုင်တော်လှန်ရေးမှာဝင်ပါလိုက်တဲ့အတွက် မိဘတွေတိမ်းရှောင်ရသလို၊ ဦးလေးတစ် ယောက်အသတ်ခံလိုက်ရပြီး၊ တရွာတည်းသားတွေလည်းရိုက်နှက်ခံရ ငွေညှစ်ခံရတာတွေလည်းရှိတယ်လို့ ပြောပြပါတယ်။

    Hosted on Acast. See acast.com/privacy for more information.

    14 min
  • လက်ဖြောင့်စနိုက်ပါ အန်နာ

    စိန်ခေါ်ချက်များနဲ့မြန်မာလူငယ်-အပိုင်း(၃၅)

    ~~~~~~

    အထက်တန်းကျောင်းသူတစ်ဦးဖြစ်တဲ့ အန်နာဟာ စစ်အာဏာသိမ်းလိုက်တဲ့အတွက် တခြားလူငယ်တွေလိုပဲ စစ်တပ်ကို လက်နက်ကိုင်တိုက်ဖို့ တောခိုခဲ့တဲ့အကြောင်း ဒီတစ်ပတ်အစီအစဉ်မှာ နားဆင်ရမှာဖြစ်ပါတယ်။

    အန်နာဟာ လက်ရှိ ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF) ရဲ့ လက်ဖြောင့် စနိုက်ပါသမား တစ်ဦးအဖြစ်ပါဝင်နေပါတယ်။

    Hosted on Acast. See acast.com/privacy for more information.

    15 min
  • ပစ်ခတ်ဖမ်းဆီးခံရပြီး ခြေတစ်ဖက်ဆုံးရှုံးခဲ့တဲ့ အဆိုတော်

    စိန်ခေါ်ချက်များနဲ့မြန်မာလူငယ်-အပိုင်း(၃၄)

    ~~~~~~

    ဒီတစ်ပတ်အစီအစဉ်မှာတော့ ၂၀၂၁ ခုနှစ်မတိုင်ခင်က မြင်းခြံဒီဂရီကောလိပ်မှာ ဒုတိယနှစ်ကျောင်းသားဘ၀နဲ့ ပရဟိတအလုပ်တွေလုပ်ခဲ့တဲ့လူငယ်ဟာ စစ်အာဏာသိမ်းတာကြုံလိုက်တဲ့အခါမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ခေါင်းဆောင်ဖြစ်လာတဲ့ ကိုမိုက်ခဲနဲ့ စကားပြောထားပါတယ်။

    ကိုမိုက်ခဲ လက်နက်ကိုင်တော်လှန်ရေးမှာဝင်ပါလိုက်တဲ့အတွက် မိဘတွေတိမ်းရှောင်ရသလို၊ ဦးလေးတစ် ယောက်အသတ်ခံလိုက်ရပြီး၊ တရွာတည်းသားတွေလည်းရိုက်နှက်ခံရ ငွေညှစ်ခံရတာတွေလည်းရှိတယ်လို့ ပြောပြပါတယ်။

    Hosted on Acast. See acast.com/privacy for more information.

    16 min
  • ရှစ်လေးလုံး ထီးသပိတ်ရဲ့ မှတ်တမ်းဓာတ်ပုံသမား

    စိန်ခေါ်ချက်များနဲ့မြန်မာလူငယ်-အပိုင်း(၃၃)

    ~~~~~~

    ဒီတစ်ပတ်အစီအစဉ်မှာတော့ ရန်ကုန်မြို့က လူစည်ကားတဲ့နေရာတွေမှာ ရှစ်လေးလုံးထီးသပိတ် ပြုလုပ်ခဲ့တဲ့သူတွေကို ဓာတ်ပုံမှတ်တမ်းရိုက်ကူးလို့ ထောင်ချခံခဲ့ရတဲ့ ကိုစစ်မင်းနိုင်နဲ့ စကားပြောထားပါတယ်။

    သူဟာ အဖမ်းခံရတဲ့အချိန်က ညှင်းပမ်းနှိပ်စက်ခံရသလို အကျဉ်းထောင်ထဲမှာ သုံးနှစ်ကျော်နေထိုင် ခဲ့ရပါတယ်။ ဒီအစီအစဉ်ကို RFA Burmese website, Facebook နဲ့ Youtube မှာလည်း ကြည့်ရှုနားဆင်နိုင်ပါတယ်။

    Hosted on Acast. See acast.com/privacy for more information.

    15 min
  • စစ်ပွဲရဲ့ ဝါးမျိုခြင်းခံလိုက်ရသော ဘ၀များ

    စိန်ခေါ်ချက်များနဲ့မြန်မာလူငယ်-အပိုင်း(၃၂)

    ~~~~~~

    ဒီတစ်ပတ်အစီအစဉ်မှာတော့ ဗီဒီယိုရိုက်ကူးရေးသမားအဖြစ် ဆယ်နှစ်လောက် အသက်မွေးဝမ်း ကျောင်းပြုခဲ့ပြီး စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်မှာ လက်နက်ကိုင်တိုက်ဖို့ ညီနဲ့အတူ လွတ်မြောက် နယ်မြေရောက်ခဲ့တဲ့ ကိုကောင်းကောင်း ခေါ် ရဲဘော်ကျီးကန်းနဲ့ စကားပြောထားတာကို တင်ပြမှာဖြစ် ပါတယ်။

    PDF တပ်ဖွဲ့ဝင် ကိုကောင်းကောင်းတို့ဟာ ၂၀၂၂ ခုနှစ် ဧပြီလက ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်တဲ့အချိန် ဒရုန်းနဲ့တိုက်ဖို့ ပြင်ဆင်ရင်း ပေါက်ကွဲမှုနဲ့ ကြုံခဲ့ရပါတယ်။ အဲဒီပေါက်ကွဲမှုမှာ ညီကအသက်ဆုံးရှုံးသွားသလို ကိုကောင်းကောင်းက ခြေတစ်ဖက်ဆုံးရှုံးခဲ့ရပါတယ်။

    ဒီအစီအစဉ်ကို RFA Burmese website နဲ့ ရဲ့ Facebook မှာလည်း ကြည့်ရှု နားဆင် နိုင်ပါတယ်။

    Hosted on Acast. See acast.com/privacy for more information.

    16 min
  • စီဒီအမ် ကျောင်းသားတစ်ယောက်ရဲ့ ပညာရေးခရီး
    စိန်ခေါ်ချက်များနဲ့မြန်မာလူငယ်-အပိုင်း(၃၁)~~~~~~ဒီတစ်ပတ်အစီအစဉ်မှာတော့ အာဏာသိမ်း စစ်တပ်ထိန်းချုပ်ထားတဲ့ တက္ကသိုလ် ပညာရေးစနစ်မှာ ပညာဆက်မသင်လိုတော့တာကြောင့် CDM လုပ်ခဲ့ပြီးနောက် ၅ နှစ်အကြာမှာ ပြည်ပနိုင်ငံတစ်ခုက တက္ကသိုလ်တစ်ခုမှာ ပညာသင်ဆုရရှိခဲ့တဲ့ ကိုသုတဝန်း နဲ့ စကားပြောထားပါတယ်။ကိုသုတဝန်းဟာ စစ်တပ်အာဏာသိမ်းတဲ့အချိန်က လူထုလှုပ်ရှားမှုတွေမှာပါဝင်ခဲ့လို့ လုံခြုံရေးစိုးရိမ်ရတာကြောင့် ပြည်တွင်းမှာ ဆက်နေထိုင်လို့ မရတော့တဲ့အတွက် အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာရသူဖြစ်ပါတယ်။ဒီအစီအစဉ်ကို RFA Burmese website နဲ့ ရဲ့ Facebook မှာလည်း ကြည့်ရှု နားဆင် နိုင်ပါတယ်။

    Hosted on Acast. See acast.com/privacy for more information.

    15 min
  • အန္တရာယ်တွေကြား အိမ်ပြန်ဖို့ ကြိုးစားနေသူ
    စိန်ခေါ်ချက်များနဲ့မြန်မာလူငယ်-အပိုင်း(၃၀)ဒီတစ်ပတ်အစီအစဉ်မှာတော့ စစ်တပ်ကို လက်နက်ကိုင်တိုက်ရင်း ဇာတိမြေ ဧရာ၀တီကို တပ်အင်အားအလုံးအရင်းနဲ့ ပြန်ဝင်ဖို့ ကြိုးစားနေတဲ့ ဧရာ၀တီစစ်ကြောင်း အထူးလှုပ်ရှားတပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူး ကိုမျိုးသူရကိုကို နဲ့ စကားပြောထားပါတယ်။

    Hosted on Acast. See acast.com/privacy for more information.

    16 min

About စိန်ခေါ်ချက်များနဲ့မြန်မာလူငယ်

From the publisher's feed

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း လူငယ်တွေဟာ လက်နက်ကိုင်တော်လှန် နေကြသလို၊ ပိုပြီးကျယ်ပြန့်သွားတဲ့ ပြည်တွင်းစစ်ရဲ့ ဒုက္ခသုက္ခတွေထဲ ခက်ခဲကြမ်းတမ်းစွာ ကြိုးစား…