
Sign up to save your podcasts
Or


ကိုယ့်ကိုယ်ကိုယ် အခြားသူ တွေနဲ့ နှိုင်းယှဥ်နေတုန်းလား။ မိမိကိုယ်ကို အခြားသူ တွေနဲ့ နှိုင်းယှဥ် ပြီး ကိုယ့်ကိုယ်ကိုယ်စိတ်ဒုက္ခ ပြန်ပေးနေမိပါသလား။ ဒါဆိုရင်တော့ ပူလောင်သောကတွေနဲ့ပြည့်နှက်နေမှာအမှန်ပါပဲ။ ဒါ့အပြင် ဆိုးကျိုး တွေကိုလည်း ခံစားရ နိုင်ပါသေးတယ်။ အသိသာဆုံးကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်တွေ လျော့ကျစေတယ် ဆိုတဲ့အချက်ပါ။ ဒီအချက်ကတော့ အဆိုးရွားဆုံးပါပဲ။ကိုယ့်ကိုယ်ကိုယ် အခြားသူတွေနဲ့ လိုက်ပြိုင်ဆိုင်နေတဲ့အခါ သူတို့ရဲ့အားသာချက်တွေကိုပဲ မြင်ယောင်နေမိပြီး ကိုယ့်ကိုယ်ကိုယ် အားမလို အားမရဖြစ်ကာသိမ်ငယ်စိတ်တွေ ဝင်လာပါတော့တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း သံသယစိတ်တွေ ကြီးလာပြီးယုံကြည်ချက်တွေ လျော့ကျသွားပါ လိမ့်မယ်။ အခြားသူ နှိုင်းယှဥ်ရင်းနဲ့ ကိုယ့်ရဲ့ တိုးတက်မှုတွေကိုအတားအဆီးဖြစ်စေတယ်။ အခြားသူအပေါ်ပဲ အာရုံစိုက်နေမိတဲ့အတွက် ကြောင့်ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့လည်း မေ့နေတတ်ပါတယ်။ ပြိုင်ဆိုင်လိုစိတ်ကြီးနေခြင်းမှာပဲ ပိတ်မိနေပြီး ကိုယ့်ရဲ့ တိုးတက်မှု အတွက် ဘာတွေလုပ်ဆောင်ရမလဲဆိုတာ မသိတော့ဘဲ ကိုယ့်ဘဝတိုးတက်မှုအတွက် အတားအဆီး တစ်ခုလိုဖြစ်နေ ပါတော့တယ်။ နောက်ပြီးရင် ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေထိုင်ဖို့အတွက် အနှောင့်အယှက် ဖြစ်စေနိုင်ပါသေးတယ်။
By Padamyar FMကိုယ့်ကိုယ်ကိုယ် အခြားသူ တွေနဲ့ နှိုင်းယှဥ်နေတုန်းလား။ မိမိကိုယ်ကို အခြားသူ တွေနဲ့ နှိုင်းယှဥ် ပြီး ကိုယ့်ကိုယ်ကိုယ်စိတ်ဒုက္ခ ပြန်ပေးနေမိပါသလား။ ဒါဆိုရင်တော့ ပူလောင်သောကတွေနဲ့ပြည့်နှက်နေမှာအမှန်ပါပဲ။ ဒါ့အပြင် ဆိုးကျိုး တွေကိုလည်း ခံစားရ နိုင်ပါသေးတယ်။ အသိသာဆုံးကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်တွေ လျော့ကျစေတယ် ဆိုတဲ့အချက်ပါ။ ဒီအချက်ကတော့ အဆိုးရွားဆုံးပါပဲ။ကိုယ့်ကိုယ်ကိုယ် အခြားသူတွေနဲ့ လိုက်ပြိုင်ဆိုင်နေတဲ့အခါ သူတို့ရဲ့အားသာချက်တွေကိုပဲ မြင်ယောင်နေမိပြီး ကိုယ့်ကိုယ်ကိုယ် အားမလို အားမရဖြစ်ကာသိမ်ငယ်စိတ်တွေ ဝင်လာပါတော့တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း သံသယစိတ်တွေ ကြီးလာပြီးယုံကြည်ချက်တွေ လျော့ကျသွားပါ လိမ့်မယ်။ အခြားသူ နှိုင်းယှဥ်ရင်းနဲ့ ကိုယ့်ရဲ့ တိုးတက်မှုတွေကိုအတားအဆီးဖြစ်စေတယ်။ အခြားသူအပေါ်ပဲ အာရုံစိုက်နေမိတဲ့အတွက် ကြောင့်ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့လည်း မေ့နေတတ်ပါတယ်။ ပြိုင်ဆိုင်လိုစိတ်ကြီးနေခြင်းမှာပဲ ပိတ်မိနေပြီး ကိုယ့်ရဲ့ တိုးတက်မှု အတွက် ဘာတွေလုပ်ဆောင်ရမလဲဆိုတာ မသိတော့ဘဲ ကိုယ့်ဘဝတိုးတက်မှုအတွက် အတားအဆီး တစ်ခုလိုဖြစ်နေ ပါတော့တယ်။ နောက်ပြီးရင် ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေထိုင်ဖို့အတွက် အနှောင့်အယှက် ဖြစ်စေနိုင်ပါသေးတယ်။