Sign up to save your podcasts
Or

ဒီစကားကတော့မိမိကိုယ်သာအားကိုရာဖြစ်ကြောင်းကိုပန်းတွေ ဥယျာဉ်တွေနဲ့ ဥပမာပေးလို့ပြောပြထားတဲ့စကားဖြစ်ပါတယ်။ တပါးသူကကိုယ့်အတွက် ပန်းတွေယူလာပေးဖို့စောင့်ဆိုင်းမနေပါနဲ့တဲ့။ ဆိုလိုချင်တဲ့အဓိပာယ်ကတော့ ကိုယ်လိုချင်တဲ့အရာတစ်ခုကိုတခြားသူဆီကနေလွယ်လင့်တကူရယူချင်တဲ့စိတ်မျိုးမမွေးဖို့ပြောပြထားခြင်းဖြစ်ပါတယ်။တကယ်တော့ ကိုယ်လိုချင် တဲ့အရာဆိုရင်ကိုယ်တိုင်ပဲကြိုးစားရယူလိုက်တာကအကောင်းဆုံးပါပဲ။ တပါးသူကိုအားကိုးတကြီးနဲ့မျှော်မှန်းနေရမျှော်လင့်နေရ တာမျိုးဆိုတာတကယ့်ကိုမှ စိတ်ကိုပင်ပန်းစေပါတယ်။ကိုယ်လုပ်လိုက်ရင် ချက်ခြင်းရနိုင်ပေမယ့် တခြားသူကိုအားကိုးမိရင်ချက်ခြင်းရနိုင်ဖို့ဆိုတာအချိန်ပြည့်တော့မဖြစ်နိုင်ပါဘူး။
အဓိကကတော့ဒီနေ့ခေတ်လိုပြောင်းလဲတိုးတက်မှုတွေအများကြီး ဖြစ်ပျက်နေတဲ့ကမ္ဘာကြီးမှာကိုယ်ကလည်းကိုယ်လိုချင်တဲ့ အရာ တွေအတွက်ကိုယ်တိုင်ပဲကိုယ့်အားကိုယ်ကိုးစိတ်ဓါတ်နဲ့ ရုန်းကန်လှုပ်ရှားရပါမယ်။တခြားသောသူတွေဆီက အလိုက်တသိနဲ့ ပေးအပ်လာမယ့်ပျော်ရွှင်ခြင်းတွေအစားကိုယ့်ဘာသာကိုယ်ပျော်ရွှင်မှုတွေကိုဖန်တီးနိုင်တဲ့သူဖြစ်ရပါမယ်။ ကိုယ့်ကိုကိုယ်အားကိုးပြီးလုပ်ဆောင်လိုက်ရကနေရလာတဲ့ အောင်မြင်ခြင်းအသီးအပွင့်တွေကိုကိုယ်တိုင်သာခံစားစံစားရင်းအပြည့်အ၀ ပျော်ရွှင်နိုင်မှာပါ၊

ဒီစကားထဲမှာအပိုင်း(၃)ပိုင်းပါဝင်လို့နေပါတယ်။ ဒီတော့ ပထမပိုင်းကို အရင်ဆုံး လေ့လာကြည့်ပါမယ်။သင့်ရဲ့အားနည်းချက်ကို သင်သိသွားတဲ့အချိန်ဟာ သင့်အနေနဲ့သန်စွမ်းသွားတဲ့အချိန်ပါတဲ့။ တကယ့်ကိုမှ မှန်ကန်တဲ့စကားပါ။ လူတိုင်းမှာအားနည်းချက် ဆိုတာရှိပါတယ်။ ပြီးပြည့်စုံခြင်းမရှိတဲ့လူသားတိုင်းမှာ တစ်နေရာ မဟုတ်တစ်နေရာမှာ အားနည်းချက်တွေရှိနေနိုင်ပါတယ်။ ဒါကို လည်း ကိုယ်က ဘယ်အရာဟာကိုယ့်ရဲ့အားနည်းချက်ဆိုတာကို သိနိုင်ဖို့ ခဲယဉ်းတတ်ပါတယ်။ အများကသာ သူဟာဘယ်နေရာမှာ အားနည်းတယ်ဆိုတာကို သိမြင်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်အားနည်းချက်ကိုကိုယ်ကအရင်သိအောင် လုပ်ထားပြီး အများအမြင် မှာ အဲဒီအရာကကိုယ့်ရဲ့အားနည်းချက်ဆိုတာကို မပေါ်လွင်အောင် ထိန်းသိမ်းထားနိုင်မယ်ဆိုရင် ကိုယ်ဟာ သန်စွမ်းထက်မြက်တဲ့ အသွင်ကိုဆောင်နိုင်မှာပါ။
ကိုယ့်အားနည်းချက်ကဘာလဲဆိုတာကို သိအောင်အရင် လုပ်ပါ။ သိရင်တော့ အားနည်းချက်ကို နည်းအောင်လူသိမများအောင် ထိန်း သိမ်းထားနိုင်စေဖို့ လေ့ကျင့်ယူရပါမယ်။ သင့်ရဲ့အားနည်းချက်ကိုသိတဲ့အချိန်ဟာသင်ဟာသန်မာသွားပါပြီ။သင့်ရဲ့ပြစ်ချက် တွေကိုကျေနပ်နှစ်သက်နိုင်တဲ့အခါမှာ သင်ဟာ လှပသွားပါပြီ။သင့်ရဲ့အမှားတွေကနေ လေ့လာသင်ယူနိုင်ခဲ့ပြီဆိုရင် သင်ဟာ ပညာရှိသွားပါပြီ။
ကောင်းတာတွေကိုလုပ်ဆောင်ပါ။သင့်အနေနဲ့အကောင်းဆုံးစွမ်းဆောင်နိုင်သမျှလုပ်ဆောင်ပါ။ သင့်အတွက် အနှစ်သက်ဆုံးဆက်ဆံရေးမျိုးနဲ့ တပါးသူကိုလည်းဆက်ဆံပါ။အမေရိကန်လူမျိုး American Football နည်းပြလည်းဖြစ်နာမည်ကျော်စာရေးဆရာ တစ်ဦးလည်းဖြစ်တဲ့ LouHoltz က ပြောကြားခဲ့တာပါ။ လောကမှာရှင်သန်ရပ်တည်ကြတဲ့လူသားတွေအနေနဲ့ ပေါင်းသင်းဆက်ဆံ ရေး မှာပဲဖြစ်ဖြစ်၊လုပ်ကိုင်ဆောင်ရွက်မှုတွေမှာပြဲဖစ်ဖြစ် ကောင်းမွန်တဲ့စိတ်နေစိတ်ထားနဲ့လုပ်ဆောင်တတ်စေဖို့ သတိပေးထားတဲ့ စကားလည်းဖြစ်ပါတယ်။
မိမိလုပ်ကိုင်သမျှတွေတိုင်းကကောင်းမွန် ခြင်းတွေဖြစ်နေဖို့ ကောင်းတာတွေကိုပဲ ရွေးချယ်လုပ်ဆောင်သင့်ပါတယ်။ကောင်းတာ တွေကိုလုပ်ကိုင်ရင်းနဲ့ ကိုယ့်အတွက်ရော တပါးသူအတွက်ကိုပါထိခိုက်မှုမရှိတဲ့ အကျိုးကျေးဇူးသာဖြစ်စေမယ့် အရာတွေကို ကိုယ်ကလုပ်ဆောင်တဲ့သူဖြစ်ပါစေ။ ဒါမှသာ ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းက အများကြားမှာကိုယ်မရှိတော့သည့်တိုင်ကို မွေးပျံ နေမှာပါ။ အဲဒီလို ကောင်းတာတွေကိုလုပ်ဆောင်တဲ့နေရာမှာလည်း အကောင်းဆုံးသောစွမ်းဆောင်နိုင်မှုနဲ့ အားသွန်ခွန်စိုက်လုပ် ဆောင်ပါ။ဘာအလုပ်ကိုပဲလုပ်လုပ် အားစိုက်ထုတ်လုပ်ဆောင်မယ်။ စေတနာပါပါလုပ်ဆောင်မယ်ဆိုရင်ကိုယ်လိုချင်တဲ့ အမြင့်တစ်နေရာကို တောင်းဆိုစရာမလိုဘဲ တစ်ချိန်မဟုတ်တစ်ချိန်မှာမလွဲမသွေရောက်ရှိမှာအသေအချာပါပဲ။ အဓိကအားဖြင့် ကိုယ်လုပ်နေတဲ့အလုပ်တစ်ခုအပေါ်ကိုရာခိုင်နှုန်းပြည့်စိတ်ပါဝင်စားမှုနဲ့ လုပ်ဆောင်ရပါမယ်။ အောင်မြင်ပြီးမြောက်တဲ့အထိလိုအပ်တဲ့အားစိုက်ထုတ်မှုတွေကို ရင်းနှီးရပါမယ်။ အောင်မြင်မှုကိုရဖို့အ တွက်လိုအပ်ချက်တွေကိုလည်း ဖြည့်တင်းရပါမယ်။ ဒါမှသာ ကိုယ်ရဲ့လုပ်ဆောင်မှုကအကောင်းဆုံးဖြစ်ပြီး အောင်မြင်ခြင်းဆီကို ရောက်မှာပါ။
ဒီစကားကိုပြောကြားခဲ့တဲ့ ကမ္ဘာကျော် မဟာလူသားကတော့ စာပေဆိုင်ရာနိုဘယ်ဆုရှင်တစ်ဦးလည်းဖြစ်တဲ့အိုင်ယာလန်လူမျိုး ပြဇာတ်ရေးဆရာ GeorgeBernard Shaw ပဲဖြစ်ပါတယ်။ အားလုံးကြားသိလိုက်ရတဲ့အတိုင်းပါပဲ။ဒီစကားကတော့ Change ပြောင်းလဲခြင်းဆိုတဲ့အကြောင်းအရာရဲ့အရေးပါ ပုံကိုပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။
ဒီစကားက ကျွန်တော့်တို့ လူသားတွေအတွက်တော့ တကယ့်ကိုမှ အရေးပါတဲ့စကားတစ်ခွန်းပါ။ ကျောက်ခေတ်မှာရှင်သန်ခဲ့ရတဲ့ ဂူတွင်းအောင်းလူသားတွေဘဝကနေအခုဆိုရင် နောက်ဆုံးပေါ်အကောင်း ဆုံးဆိုတဲ့ အဆောင်အယောင်ပစ္စည်းတွေကိုကိုင်တွယ်အသုံးပြုနိုင်တဲ့ တိုးတက်တဲ့ခေတ်ကလူသားတွေဖြစ်လာခဲ့တာကလည်းပြောင်းလဲခြင်းဆိုတဲ့အရာကိုလူသားတွေလုပ်ဆောင်ခဲ့ လို့ပါပဲ။ ဒါကြောင့်တိုးတက်ဖွံ့ဖြိုးခြင်းဆိုတဲ့စကားလုံးနဲ့ ပြောင်းလဲခြင်းဆိုတဲ့စကားလုံးဟာ သိပ်ကိုမှနီးစပ်ပြီးပတ်သက်နေတဲ့ အရာတွေဖြစ်ပါတယ်။ ပြောင်းလဲမှုမရှိရင်ဒုံရင်းကဒုံရင်းတိုးတက်မှုဆိုတာလည်း ရှိမှာ မဟုတ်ပါဘူး။ ဘယ်လိုအပိုင်းအရပဲ ကြည့်ကြည့်တိုးတက်ဖွံ့ဖြိုးမှုကိုလူတိုင်း လိုချင်ကြပေမယ့် ပြောင်းလဲခြင်းဆိုတဲ့ဒဏ် ကိုတော့လူသားတိုင်းစီးမျောခံစား လိုက်ပါနိုင်မှုမှာတော့ မတူကွဲပြားကြပါတယ်။ အဓိကကတော့တိုင်းပြည်ကိုတိုးတက်စေနိုင်ဖို့ အသာထား၊ မိမိကိုယ်ကိုတိုးတက် စေနိုင်ဖို့ဆိုရင်မိမိမှာရှိတဲ့ပြောင်းလဲသင့်တဲ့ အကျင့်စရိုက်တွေကိုပြောင်းလဲနိုင်ရပါမယ်။
တစ်ချို့သောလူတွေကအမြဲတမ်းပြုံးနေတတ်ပါတယ်။ဘာလို့လဲဆိုတော့ ပြုံးနေခြင်းဆိုတာသူတို့ဘာကြောင့်ဝမ်းနည်းနေရလဲဆိုတာကိုရှင်းပြနေရတာထက်ပိုလွယ်ကူကြောင်းသူတို့နားလည်ထားလို့ပါတဲ့။ အပြုံးတစ်ပွင့်ရဲ့ စွမ်းဆောင်နိုင်စွမ်းကို ရည်ညွှန်းဖော်ပြထားတဲ့စကားတစ်ခွန်းပါ။လောကမှာရှင်သန်ရပ်တည်နေထိုင်ကြတဲ့ ပုတုဇဉ်လူသားတိုင်း နေ့စဉ်နဲ့အမျှသမုဒ္ဒရာဝမ်းတစ်ထွာအတွက် ရှာဖွေရင်းလောဘမီးတွေ၊ ဒေါသမီးတွေ၊ မောဟမီးတွေနဲ့လောင်မြှိုက်နေတတ်ကြပါတယ်။ ထို့အတူလောကကပေးတဲ့အခက်အခဲတွေ အတားအဆီးအဟန့်အတားတွေကြောင့်လည်းစင်းလုံးချောအဆင်ပြေမှု ဆိုတာအရာတိုင်းမှာမရှိနိုင်တဲ့အတွက်ခံစားမှုပေါင်းများစွာကိုရောပျွန်းလို့ ခံစားနေရတတ်ပါတယ်။
တစ်ချို့သောသူတွေအတွက်လွယ်ကူလွန်းတဲ့ကိစ္စရပ်တွေကသူတို့အတွက်မှ ခက်ခဲလွန်းတဲ့အခါမှာလည်းကျိတ်မနိုင်ခဲမရ စိတ်ပျက်အားငယ်နေတာမျိုးတွေလည်း ကြုံတွေ့ရတတ်ပါတယ်။ ဒါကတော့ ကြီးငယ်မဟူ ကြုံတွေ့ရမယ့် ဘဝရဲ့ အခက်အခဲ တွေပါပဲ။အဲဒီအခါမှာ ကျွန်တော်တို့ တွေ စိတ်ဆင်းရဲမှုတွေကိုခံစားရပါတယ်။ ဒါဆိုရင်အဲဒီစိတ်ဆင်းရဲမှု၊ ဝမ်းနည်းမှုတွေကို ပပျောက်အောင်ဘယ်လိုလုပ်ရပါမလဲ။စိတ်ထဲကထုတ်လို့မရတဲ့ကိစ္စရပ်တွေကိုအပြန်ပြန်အလှန်လှန်စဉ်းစားနေမယ့် အစား စိတ်သက်သာရာရစေမယ့်အကြောင်းအရာ တွေကိုပဲတွေးတောလုပ်ဆောင်နေကြည့်လိုက်ပါ။ အထူးသဖြင့် ကိုယ့်စိတ်ထဲက အညစ်အကြေးလိုဖြစ်နေတဲ့ဝမ်းနည်းပူဆွေးမှု တွေကိုအံတုလို့ ကိုယ့်ရဲ့မျက်နှာပေါ်ကနှုတ်ခမ်းဖျားထက်မှာအပြုံးတစ်ပွင့်ကို ပန်ဆင်ထားလိုက်ပါ။
လူရယ်လို့ဖြစ်လာရင်ခံစားတတ်တဲ့အသည်းနှလုံးနဲ့ စိတ်နေစိတ်ထားကိုပိုင်ဆိုင်ထားတဲ့အတွက်ခံစားချက်ပေါင်းများစွာကိုအသက် ရှင်သန်နေသေး သမျှကာလပတ်တစ်ခုလုံးမှာခံစားရမှာပါပဲ။အဲဒီအခါမှာ ဘဝကပေးတဲ့ အခက်အခဲတွေကြောင့် ငိုကြွေးခဲ့ရတာတွေ လည်းရှိမှာ ပါ။လူ့ဘဝကိုစတင်ရောက်ရှိတဲ့အချိန်ကတည်းက ငိုကြွေးခြင်းနဲ့ပဲစတင်ခဲ့သလို၊နောက်ဆုံးအဆုံးသတ်သေခြင်းတရား မှာလည်း မျက်ရည်စတွေနဲ့သာအဆုံးသတ်ကြတာများပါတယ်။ဒါကြောင့် ငိုကြွေးခြင်းဆိုတာလူသားတွေနဲ့ ရင်းနှီးကျွမ်းဝင်မှုအရှိဆုံးအရာပါပဲ။ဒီတော့ ငိုကြွေးရတဲ့ခံစားချက်အရသာကိုလူသားတိုင်းသိကြပါတယ်။
ပူဆွေးခြင်း၊ပူလောင်ခြင်း၊ စိတ်ပျက်အားငယ်ခြင်း တွေ နဲ့ ငိုကြွေးကြတာများတဲ့အတွက်တကယ်တော့ငိုကြွေးခြင်းဆိုတာ မိမိကိုယ် ကိုအပူမီးတွေနဲ့ စွဲဟပ်နေခြင်းသာဖြစ်ပါတယ်။ဒါကြောင့် ဘဝမှာ ကောင်းမွန်စွာရှင်သန်နေရင်းနဲ့ အေးချမ်းမှုအစစ်ကိုရချင်တယ် ဆိုရင်တော့တတ်နိုင်သမျှပြုံးပြုံးလေးသာနေပါ။ အခက်အခဲတွေကြုံရပါစေ။ အတိဒုက္ခတွေရောက်နေပါစေ။ကိုယ့်စိတ်ထဲမှာ အေးချမ်းခြင်းကိုသာဆောင်စေမယ့် အပြုံးကိုသာနှုတ်ခမ်းဖျားထက်မှာမွေးမြူထားပါ။ မိမိကိုယ်တိုင်ရောတပါးသူကိုပါ အေးမြခြင်း ကို ဖော်ဆောင်ပေးနိုင်ပါလိမ့်မယ်။
အနာဂတ်ဆိုတဲ့စကားလုံးသုံးလုံး။ ဒီစကားလုံးသုံးလုံး အတွက်ပဲ ကျွန်တော်တို့တတွေကြိုးစားနေကြရပါတယ်။ အဲဒီစကားလုံး သုံးလုံးရဲ့သက်ရောက်မှုတိုင်းကို လူသားတိုင်းကရင်ခုန် စွာနဲ့ စောင့်မျှော်နေတတ်ကြပါတယ်။ အထူးသဖြင့် ဘဝရဲ့ နေ့ရက်တိုင်းနေ့ရက်တိုင်းကို ကြိုးစားမှုတွေနဲ့ ရုန်းကန်နေတဲ့သူတွေ၊ မမြင်ရတဲ့မနက်ဖြန်ဆိုတဲ့အရာကို စောင့်မျှော်ရင်း အလုပ်လုပ်နေကြတဲ့ သူတွေအတွက်ဆိုရင်တော့အနာဂတ်ဆိုတဲ့စကားလုံး သုံးလုံးဟာ သိပ်ကိုမှကြီးကျယ်တဲ့ရွှေရောင်အိပ်မက်တစ်ခုဖြစ်ပါတယ်။
ဒါပေမယ့်ကျွန်တော်တို့သိထားရမှာကတော့ အဲဒီဖြစ် မလာသေးတဲ့ အနာဂတ်ဆိုတာကကိုယ်မမျှော်လင့်ထားတဲ့အတိုင်း ဖြစ် တည်မှုတွေ၊ ဖြစ်ပျက်မှုတွေဆိုတာဖြစ်တည်သွားနိုင်၊ ဖြစ်ပျက်သွားနိုင်ပါတယ်။ ဘယ်လိုရှေ့ဖြစ်ဟောဆရာမှ အတိအကျဟောကြားနိုင်စွမ်းမရှိတာကလည်း အနာဂတ်ပါပဲ။ အဓိက ကတော့ ကိုယ့်ရဲ့အနာဂတ်အတွက်ပြင်ဆင်မှုတွေကိုလုပ်ဆောင်နိုင် တာက ဒီနေ့ဆိုတဲ့ လက်ရှိပစ္စုပ္ပန်အချိန်ပါပဲ။လူတွေက မဖြစ်သေးတဲ့ အနာဂတ်အတွက်ကိုတော့ အိပ်မက်တွေအကြီးကြီးမက် စိတ်ကူးတွေထဲမှာလေထဲတိုက်အိမ်တွေဆောက်တတ် ကြပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာလည်း လက်ရှိအချိန်နဲ့ထိုက်တန်တဲ့ လွတ်လပ်ပျော်ရွှင်မှု၊ အားစိုက်ထုတ်ကြိုးပမ်းမှုတွေ ကို တစ်နေ့စာတစ်နေ့စာ၊ဒါမှမဟုတ် တစ်နာရီစာ၊ တစ်မိနစ်စာလောက် အတွက်ကိုလည်း စဉ်းစားဖို့လိုပါတယ်။စဉ်းစားသလို လုပ်ဆောင်ဖို့လည်း လိုပါတယ်။

ကျွန် တော်တို့အသက်ရှင်သန်ရပ်တည်ရုန်းကန်နေကြရတဲ့ ဘဝမှာ အတွေ့အကြုံပေါင်းများစွာ၊အခက်အခဲပေါင်းများစွာ၊ ပုစ္ဆာပေါင်း များစွာကို ကျွန်တော်တို့အသက်ရှိနေသမျှကာလပတ်တစ်ခုလုံးမှာ တစ်ခုမဟုတ်တစ်ခု တွေ့ကြုံရမယ်။ ဖြေရှင်းရမယ်။ကျော် လွှားရမယ်။ ဒါဟာ ဘဝရဲ့ အမှန်ကန်ဆုံးသောအဓိပ္ပာယ်တစ်ခုပါပဲ။ အဲဒီလိုမျိုးကိစ္စရပ်တွေကို ဖြေရှင်းတဲ့အခါမှာဆိုရင် နောက် ဆုံးအောင်မြင်ကျော်လွှားနိုင်တဲ့အထိဖြေရှင်းရမှာပါပဲ။ ဒီကိစ္စတစ်ခုကို ဖြေရှင်းရခက်လို့ မဖြေရှင်းတော့ဘဲရှောင်ထွက်ခဲ့ တယ် ဆို ရင် ဒီလိုမျိုးအလားတူကိစ္စရပ်မျိုးတွေကို ကျွန်တော်တို့တတွေထပ်မံဖြေရှင်းရလေ့ရှိပါတယ်။ ပြောတော့သာ ဘကုန်းနဲ့ ဝလုံး နှစ် လုံးတည်းဖြစ်နေပေမယ့်အဲဒီ ဘဝဆိုတဲ့ အချိန်ကာလကြီးမှာ ကျွန်တော်တို့တတွေအတွက် ဖြေရှင်းလို့မကုန်တဲ့ပဟေဌိတွေ အများကြီးမှ အများကြီးရှိလို့နေပါတယ်။ ကိုယ်က ဒီစာမေးပွဲတစ်ခုကိုအောင်မြင်တယ်ဆိုရင်လည်း ဘဝက စစ်မယ့် နောက်ထပ် စာမေးပွဲတွေကအဆင်သင့်စောင့်လို့နေပါသေးတယ်။ ဒါကိုမေ့မထားလိုက်ပါနဲ့။
From the publisher's feed