လူ့ဘဝမှာကိုယ်ဖြစ်ချင်တဲ့အရာတစ်ခုအတွက်တိကျတဲ့ရည်ရွယ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချမှတ်ဖို့ဆိုတာ ဘယ် လောက်အထိ အရေးကြီးတယ်လို့ထင်ပါသလဲ။ ကိုယ်လိုချင်တဲ့ အရာကို တိတိကျကျ သတ်မှတ်ထားပြီးတော့ အဲ့ဒီအရာကိုရရှိနိုင်ဖို့အတွက် ကြိုးစားလုပ်ဆောင်နေရတာဟာ တကယ့်ကို အဓိပ္ပါယ်ရှိပါတယ်။ အဓိပ္ပာယ်ရှိတဲ့ကြိုးစားဆောင်ရွက်မှုကနေ ရလာတဲ့ အောင်မြင်မှုဆိုတာကလည်း သိပ်ကိုမှချိုမြိန်လှပါတယ်။
အဓိကျတဲ့ ရည်ရွယ်ချက် တိတိကျကျ မရှိတဲ့သူတစ်ယောက်ဟာ လမ်းပြအိမ်မြှောင်မပါရှိတဲ့ သင်္ဘောတစ်ဦးလိုပဲ အားကိုးရာ မဲ့နေပါလိမ့်မယ်။ တက်မ မရှိတဲ့ သင်္ဘောနဲ့ရည်ရွယ်ချက် ကင်းမဲ့နေသူတို့ဟာ နောက်ဆုံးမှာတော့ လူသူကင်းမဲ့ တဲ့ သောင်ပြင်ပေါ် မှာသောင်တင်နေသွားတက်ပါတယ်။ ဒါကြောင့် လူတိုင်းလူတိုင်းက ကိုယ့်ဘဝအတွက် တကယ်ကိုအရေးကြီးမယ့် ရည်မှန်းချက် ရည်ရွယ်ချက်တစ်ခုကို ချမှတ်ပြီး ကိုယ်ချမှတ်လိုက်တဲ့ရည်ရွယ်ချက်တွေ ပြည့်မြောက် လာအောင် ကြိုးစား
ဆောင်ရွှက်သွား သင့်ပါတယ်။