ဒီနေ့အတွက်စကား

ဒီနေ့အတွက်စကား

Download on the App Store

All ဒီနေ့အတွက်စကား episodes

  • Balance Your Health, Family, Social, Money And Economic Status.

    အောင်မြင်တဲ့ဘဝကို ရေတို၊ ရေရှည်အတွင်းပိုင်ဆိုင်ရဖို့ဟာ လွယ်ကူသလောက် ဟန်ချက်ညီတဲ့ လူနေမှုဘဝပုံစံမျိုးကို ရရှိဖို့ကျဘာလို့ခဲယဥ်းရသလဲဆိုရင် ဘဝကို ဟန်ချက်ညီညီ နေထိုင်နိုင်မယ့်လျှို့ဝှက်ချက်နည်းလမ်းတွေကို မသိရှိသေး တာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အချို့သော စာတမ်းတွေအရ ကမ္ဘာပေါ်မှာ လူနည်းစုတစ်စုလောက် ကသာ မိမိ နေထိုင်နေတဲ့လက်ရှိ ဘဝနဲ့ ပတ်သက်ပြီးတော့ စိတ်ကျေနပ်မှု ရရှိကြတာ ဖြစ်ပါတယ်။                                                                                        ကျန်းမာရေး။ ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုတဲ့စကားပုံအတိုင်း စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့က လွန်စွာ အရေးကြီး ပါတယ်။ကျန်းမာမှသာ စိတ်သွားတိုင်း ကိုယ်ပါနိုင်ပြီး ဖြစ်ချင်တဲ့ အိပ်မက်၊ ဆန္ဒတွေကိုအကောင်အထည် ဖော်နိုင်မှာပါ။ ဒါကြောင့် အိပ်ချိန်၊ စားချိန်ကအစ ကျန်းမာရေးကို အသေးစိတ် ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

    3 min
  • No Matter How We Part, Part Without Hatred.

    လူ့ဘဝမှာ လမ်းခွဲခြင်းဆိုတာ ရှောင်လွှဲလို့မရတဲ့အရာတစ်ခုပါ။ ဝန်ထမ်းတစ်ယောက် အလုပ်က ထွက်တာပဲဖြစ်ဖြစ်၊ လုပ်ငန်း တစ်ခုနဲ့ဖောက်သည် (customer) တစ်ယောက်ရဲ့ ဆက်ဆံရေးအဆုံးသတ်သွားတာပဲဖြစ်ဖြစ်၊ ကွဲကွာရတော့ မယ့် အချိန်မှာ နှစ်ဦးနှစ်ဖက်ကောင်းမွန်စွာ လမ်းခွဲနိုင်ဖို့က အရေးကြီးပါတယ်။

    ဂုဏ်သိက္ခာကိုထိန်းသိမ်းရာရောက်လို့ပါပဲ။ ကောင်းမွန်စွာ လမ်းခွဲခြင်းက ကိုယ့်ရဲ့ ကျင့်ဝတ်နဲ့ပရော်ဖက်ရှင်နယ် စိတ်ဓာတ်ကို ပြသရာရောက်ပါတယ်။ ဒီလို လေးစားမှုရှိရှိပုံရိပ်တစ်ခုကို ထားခဲ့မယ်ဆိုရင် အနာဂတ်မှာ တခြားသော အလုပ်အကိုင်တွေနဲ့လူမှုရေးဆက်ဆံရေးတွေအတွက်လည်း တံခါးဖွင့်ပေးသလို ဖြစ်စေပါတယ်။ လူတွေက ကိုယ့်ကိုပရော်ဖက်ရှင်နယ်ဆန်ပြီး ရင့်ကျက်တဲ့သူတစ်ယောက်အဖြစ် သတ်မှတ်သွားပါလိမ့်မယ်။ 

    3 min
  • Try To Change Yourself. Try To Change Your Mind.

    ပြောင်းလဲပါ။ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုပဲ ပြုပြင်ပြောင်းလဲဖို့ မလုပ်ပါနဲ့ မိမိစိတ်ကိုလဲပြုပြင်နိူင်အောင် ကြိုးစားပါ။ တကယ်လို့လူတစ်ယောက်ကိုပြောင်းလဲချင်တယ်ဆိုရင်တောင် မိမိကိုယ်ကိုယ်အရင်ပြောင်းလဲမှ ရမှာပါ။ ဒုက္ခပြဿနာနဲ့ တွေ့ရင်ဘယ်သူ့ကိုမှအပြစ်မတင်ပါနဲ့ မိမိကိုယ်တိုင် အချိန်သင့်အခါသင့်လို့ ကြုံရတာပါ။                                                             လဲကျရင်ကိုယ်တိုင် ပြန်ထနိူင်အောင်‌ကြိုးစားပါ။ လိုအပ်ချက်မှန်သမျှကိုယ်တိုင်သိရပါမယ်။ ဒါမှလည်း ပြောင်းလဲနိူင်မှာဖြစ်ပါ တယ်။ အားငယ်တတ်တဲ့စိတ်တွေကိုပြောင်းလဲပါ။ အားငယ်တတ်တဲ့စိတ်ဆိုတာ ဘယ်လိုအောင်မြင်မှုမျိုးမဆို အကုန်ရိုက်ချိုးပြစ်နိူင်ပါတယ် ဘာမှမဟုတ်ဘူးဆိုရင်တောင်အားငယ်စိတ်ကြောင့် ပိုပြီး စိတ်ဓါတ်ကျ လွယ်တတ်တဲ့ အကျင့်လေးက အနာဂတ်တက်လမ်းကို ပိတ်နေအုံးမှာပါ။

    3 min
  • We Don’t Need Other People Opinion.

    ကိုယ့်ကိုလူတွေဘယ်လိုမြင်စေချင်တာလဲ။ လူတွေကကိုယ့်ကိုယ်သဘောကောင်းသူလို့မြင်ကြသလား၊သဘောဆိုးသူလို့မြင်ကြ သလား။အတ္တကြီးသူလို့မြင်တတ်သလား၊ ပရစိတ်ရှိသူလို့မြင်ကြသလား။ ကိုယ့်ရဲ့အပြုအမူအပြောအဆိုအနေအထိုင်တွေနဲ့ ပတ်သက်ပြီးသူတို့ဘာတွေပြောကြသလဲ။ “ကိုယ့်ရဲ့အပြုအမူအပြောအဆိုအနေအထိုင်မှန်မမှန်ဆိုတာကို တိုင်းတာပေးနိုင်တဲ့ အရာမရှိပါဘူး။                                                                                                                                                   လူတွေကကိုယ့်အပေါ်ဘယ်လို တုံ့ပြန်ကြသလဲဆိုတာက ကိုယ့်ရဲ့နေထိုင်မှုကို အကဲဖြတ်အမှတ်ပြုပေးသွားပါတယ်။ ဒီတော့ လူတွေကကိုယ့်ကို ဘယ်လိုမြင်စေချင်တယ်တိုတာကို နောက်ထားပြီး လူတွေကိုယ့်အပေါ်ဘယ်လိုတုံ့ပြန်နေကြလဲ ဘယ်လို မြင်နေကြလဲဆိုတာသိအောင်အရင်လုပ်ရ ပါမယ်။ လူမှုဝန်းကျင်မှာ ကိုယ့်အကြောင်းဘာပြောနေကြလဲ။ကိုယ်နဲ့ရင်းနှီးသူတွေကို ပွင့်ပွင့်လင်းလင်း မေးကြည့်တဲ့အခါသူတို့ကိုယ့်အပေါ်ဘယ်လိုမြင်လဲ သူတို့ဝန်းကျင်ကလူတွေကကော ကိုယ့်အပေါ် ဘယ်လို မြင်နေကြလဲ။                                                                                                                                                                        

    3 min
  • Your Pain is valid – but your behavior still matters. We all have bad days, but that doesn’t excuse bad behavior.

    ကိုယ့်ရဲ့ခံစားချက်တွေကို တခြားသူတွေအပေါ် ပုံချဖူးသလား။ တစ်ခါတစ်လေ ကိုယ်စိတ်မကျေနပ်တာတွေကို ကိုယ့်ရဲ့ အရင်းနှီး ဆုံး သူတွေကိုပြောပြရင်ဖွင့် တိုင်ပင်လို့ရပေမယ့် သူတို့အပေါ်ကိုတော့ ဒေါသတွေပုံချပစ်လို့ မရပါဘူး။ ဒါဟာ မရင့်ကျတ်တဲ့ အပြုအမှုဖြစ်ပြီး အများအမြင်မှာ ရိုင်းတယ်လို့ ထင်ခံရတတ်ပါတယ်။ ကျွန်တော်တို့တွေ အကုန်လုံးမှာ ခက်ခဲတဲ့ နေ့ရက်တွေ ရှိတယ်၊အဆင်မပြေတဲ့ နေ့ရက်တွေရှိတယ်။ မွန်းကြပ်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့အခိုက်အတန့်တွေ ရှိတတ်ပါတယ်။  ဒါပေ့မယ် ကိုယ်ကြုံရတဲ့ အခက်အခဲတွေ၊ စိတ်ခံစားချက်တွေအတိုင်း ပြုမှုနေထိုင်လို့ မရပါဘူး။

     ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေက ကိုယ်ချစ်သူနဲ့ ရန်ဖြစ်လာတာကို နားလည်ပေးဖို့တာဝန်မရှိပါဘူး။ ကိုယ့်ရဲ့ မိတ်ဆွေတွေက ကိုယ့်ရဲ့စိတ်အနာအဆာတွေကို ခံရမယ့်သူတွေလဲ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ negative energy နဲ့ ကိုယ်နဲ့ ပတ်သတ်နေတဲ့ လူတွေကို လိုက်ပြီး ဆက်ဆံနေလို့ မရပါဘူး။ 

    3 min
  • Atleast We Should Detox Our Mind and body.

    ပူပင်စရာများတဲ့ လောကကြီးမှာ အနည်းဆုံးတော့ ကိုယ့်စိတ်ကို အေးချမ်းအောင် ထားတက်ဖို့ အရေးကြီးပါတယ်။ စိတ်ထောင်း ရင် ကိုယ်ကြေတယ်လို့ ပြောကြတဲ့ အတိုင်းပါပဲ။ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေ ၊အတွင်းစိတ်ရဲ့ ပူလောင်မှုတွေဟာ နေ့စဉ်ဘဝထဲက ပျော်ရွှင်မှု ၊ အေးချမ်းမှုနဲ့အလုံးကျန်းမာရေးတွေကို တရိပ်ရိပ် တိုက်စားနေတာပါ။   ဆိုရှယ်မီဒီယာလျှော့သုံးပါ။ အားရင်အားသလို ဖုန်းချည်းပဲ ပွတ်နေမိမယ်ဆိုရင် စိတ်ဖိစီးမှု ပိုများစေပါတယ်။ ဆိုရှယ်မီဒီယာပေါ် က သတင်းတွေ ၊ ပွဲတွေကို လိုက်ဖတ်လိုက်ကြည့် နေမိတာဟာ ကိုယ်တိုင်တောင် သတိမထားမလိုက်ပါပဲ အတွင်းစိတ်ထဲကို အဆိပ်အတောက်တွေ လောင်းချနေမိတာနဲ့ အတူတူပါပဲ။ ဆိုရှယ်မီဒီယာဟာ များများကြည့်လေလေ စိတ်ဖိအားပိုများလေပါ။ ဒါကြောင့် အချိန်တိုင်း ဖုန်းပွတ်နေတာ ၊ အားရင်အားသလို ဆိုရှယ်သုံးနေတာတွေ ရှောင်ဖို့ အကြံပေးချင်ပါတယ်။                           

    3 min
  • Everything will be OK only when You’re Happy.

    Mood မကောင်းတဲ့ နေ့တွေ ကြုံဖူးကြမယ် ထင်ပါတယ်။ စိတ်ခံစားချက်တွေ မကောင်းနေရင် ဘာလုပ်လုပ်အဆင်မပြေနိုင်ပါဘူး။စိတ်ကလေးပျော်မှ အရာရာအဆင်ပြေ ပျော်ရွှင်မှာပါ။ ဒီတော့ စိတ်ပျော် အောင်ဘာတွေလုပ်ရမလဲ ?                             

     ကိုယ့်ကိုယ်ကိုယ် စိတ်ရှည်ပါ။ Mood မကောင်းတဲ့ နေ့တွေက တစ်ယောက်တည်း ကြုံရတာ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်းအဆင်မပြေတဲ့နေ့စွဲတွေ အခက်အခဲတွေနဲ့ ဗျာပါဓများနေတဲ့နေ့စွဲတွေဆိုတာ လူသားတိုင်း လူသားတိုင်း ဒီဘဒ္ဓကမ္ဘာမှာ ရှိသမျှ အကုန်လုံးကြုံဆုံနေရတဲ့အဖြစ်အပျက်အမှန်တရားတစ်ခုပါပဲ။ ပြောရရင် ဒါကပုံမှန်ပါပဲ။ ပထမဆုံးအနေနဲ့ စိတ်အဆင်မပြေဘူး ဆိုတာကိုကိုယ်တိုင်လက်ခံပေး ရပါမယ်။ ဒီလိုအခြေအနေမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တွေ တင်တာ ၊ မှားယွင်းတဲ့ အရာတွေနဲ့ စိတ်ထွက်ပေါက် ရှာမယ့်အစား ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်ပြီး စိတ်ရှည်ပေးနိုင်ဖို့က အရေးကြီး ပါတယ်။ ကိုယ်လက်လှုပ်ရှား လုပ်ပေးတာက စိတ်ခံစားချက်ကို မြှင့်တင်ပေးတဲ့ Endorphin ဟော်မုန်းတွေ ထုတ်ပေးပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်စရာ မလိုပါဘူး။ လမ်းသွက်သွက်လျှောက်တာ ၊ ယောဂလေ့ကျင့်ခန်း ပြုလုပ်တာ ၊ စက်ဘီးနင်းတာစတဲ့ ပေါ့ပေါ့ပါးပါးနဲ့ ခန္ဓာကိုယ်ကိုလှုပ်ရှားမှုဖြစ်စေမယ့် နည်းလေးတွေ လုပ်ဆောင်ခြင်းဖြင့် စိတ်ဖိစီးမှုအချို့ကိုပြေလျော့စေနိုင်ပြီး စိတ်ပျော် ရွှင်လန်းဆန်းတက်ကြွ လာစေပါလိမ့်မယ်။

    3 min
  • Try for Self-Date.

    ကျွန်တော်တို့ဟာ ဘဝမှာ တခြားသူတွေကို ဦးစားပေး ချစ်ခင်သလောက် ကိုယ့်ကိုယ်ကိုယ်ကျ ချစ်တက်ဖို့ကို မေ့နေကြပါတယ်။ တစ်ယောက်တည်း ဖြစ်နေတာဟာ အထီးကျန်တယ်လို့ ခံစားကောင်း ခံစားရနိုင်ပေမယ့် တစ်ဖက်က ပြန်ကြည့်ရင်တော့ ကိုယ့်အတွက်ကို ပိုပြီး ဂရုစိုက်ချိန် ၊ ချစ်ခင်ကြင်နာဖို့ အချိန်တွေ ပိုရစေပါတယ်။ ဘဝမှာ ကိုယ့်ကိုယ်ကိုယ်သေချာလေး အချိန်ပေးပြီး ပျော်စရာကောင်းတဲ့ အခိုက်အတန့်တစ်ခု ဖန်တီးနိုင်မယ့် Self-Date လုပ်ဖူးပါသလား ? မလုပ်ဖူးသေးရင်တော့ Try ကြည့်ဖို့ အကြံပေးချင်ပါတယ်။ အားလပ်ချိန်တွေမှာ ဘယ်လိုနည်းလမ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်ခင်ကြင်နာရမလဲ ၊ ကိုယ့် ကိုယ်ကိုယ် ဒိတ်ပြန်လုပ်လို့ရလဲ။                                                                                                                                        Quality Time တစ်ခု ဖြတ်သန်းပါ။ လူအများစုရဲ့ နေ့စဉ်ဘဝထဲကို ကြည့်လိုက်ရင် အလုပ်တာဝန်တွေ ၊ မိသားစု တာဝန်တွေနဲ့ ကိုယ့်အတွက်ကိုယ် အချိန်ကောင်းကောင်း မပေးဖြစ်ကြပါဘူး။ တကယ်တော့ကိုယ့်ကိုယ်ကိုယ်အတွက်လည်း Quality Time တစ်ခုကိုပေးပြီးဖြတ်သန်းဖို့ ထိုက်တန်ပါတယ်။ Quality Time ဆိုတာကတော့ ကျွန်တော်တို့ရဲ့ Daily Life ထဲမှာ ကိုယ်ပိုင်သီးသန့် အချိန်တစ်ခုကို ယူပြီး ကိုယ်နှစ်သက်တဲ့ အရာတွေ ၊ ကိုယ့်ကို ပျော်ရွှင်စေမယ့် အရာတွေကိုလုပ်ဆောင်ဖို့ ဖြစ်ပါတယ်။  

    3 min
  • Put Your Best Friends in Priority List, Be Authentic and Be Real.

    သူငယ်ချင်းဆိုတာ ဒုတိယမိသားစုဝင်ပဲ မဟုတ်လား ?ငယ်ရွယ်စဉ်က စလို့ အရွယ်ရောက်တဲ့အထိ ဘဝမှာ ပုံစံစရိုက် အမျိုးမျိုး သောသူငယ်ချင်းတွေကို ကြုံဆုံခဲ့ကြရမှာပါ။ ကောင်းတဲ့ သူငယ်ချင်းတွေရှိသသူငယ်ချင်းအတုအယောင်တွေလည်း အများကြီး ရှိတာ သဘာဝပါပဲ။ ကိုယ့်အပေါ်တကယ် စစ်မှန်တဲ့သူငယ်ချင်းကောင်း ဆိုရင်တော့ လုံးဝ ဆုံးရှုံးမခံသင့်ပါဘူး။  ဦးစားပေး စာရင်းထဲမှာ ထည့်ထားပါ။ အသက်တွေကြီးလာရင်ဘဝထဲမှာ ဦးစားပေးရတဲ့ အရာတွေ ပြောင်းလာပါတယ်။ အလုပ် ၊ မိသားစု ၊ ကိုယ်ရေးကိုယ်တာစသည် ဖြင့်ပေါ့။ ဒါပေမယ့်လည်း ကိုယ်ချစ်ရတဲ့ သူငယ်ချင်းတွေကတော့ PriorityList ထဲမှာ နေရာတစ်ခုအနေနဲ့ ထည့်ထားသင့်ပါတယ်။သူငယ်ချင်းတွေအတွက် အချိန်မပေးနိုင်ဘူး ၊ တွေ့ဖို့ချိန်းလိုက်တိုင်းမှာ အခြားအရေး ကိစ္စတွေနဲ့ငြင်းပယ်ရှောင်လွဲနေမယ် ဆိုရင် တော့ တဖြည်းဖြည်း သူငယ်ချင်းတွေနဲ့ အနေဝေးပြီးဝေးကွာသွားပါလိမ့်မယ်။   သူငယ်ချင်းသံယောဇဉ်ကို ဆက်ထိန်းထားပါ။ လူနှစ်ဦးကြားမှာ ခင်မင်ရင်းနှီးမှု သံယောဇဉ်ဟာ ထိန်းသိမ်းထားရတာပါ။   

    3 min
  • Being Cheated Is Not Only Problem, There Are Some Things Worse Than Cheating.

    Relationship တစ်ခုမှာဖောက်ပြန်ခံရသူက ဆိုးရွားတဲ့ နာကျင်မှုနဲ့အတူ ထရော်မာတွေ ခံစားရတာ သဘာဝပါပဲ။ဒါပေမယ့် ဖောက်ပြန်တာပဲ ပြဿနာ မဟုတ်ပါဘူး။ မဖောက်ပြန်ပဲ ခံစားရအောင် လုပ်တဲ့အနုနည်းတွေ အများကြီးပါ။ လူတစ်ယောက်ကို ဖောက်ပြန် တာထက်ဆိုးတဲ့ စိတ်ကင်ဆာရစေမယ့်အချက်တွေက ဘာတွေဖြစ်မလဲ။  ဆိုးဆိုးရွားရွား လျစ်လျူရှုခံရတာ၊ ပြောရရင် အကြောင်းမဲ့သပ်သပ်လျစ်လျူရှုထားတဲ့ အခြေအနေကို ဆိုလိုပါတယ်။ လူတိုင်းက ကိုယ်ချစ်တဲ့သူဆီကနေကိုယ့်အပေါ် စိတ်ဝင်စားမှု ၊ အလေးထားမှုကို လိုချင်ကြတာပါပဲ။ ဒီလိုမှမဟုတ်ပဲကိုယ့်အကြောင်းလဲ စိတ်မဝင်စား ၊ ကိုယ့်ရဲ့ နေ့စဉ်ဘဝကိုလည်း မျက်ကွယ်ပြုထားပြီးကောင်းကောင်းကြီး လျစ်လျူရှုနေရင်တော့ ဖောက်ပြန် တာထက်ပိုဆိုးတဲ့ ခံစားချက်ကိုရစေမှာပါ။    

    3 min