Sign up to save your podcasts
Or

မင်္ဂလာပါရှင် တနင်္သာရီသတင်း အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ကို Dawei Watch အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါ။
ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်ရတယ်လို့ သားဖြစ်သူပြောတဲ့အကြောင်း
- သရက်ချောင်းက သစ်ယားတောင်ကျောင်း ကျောင်းငယ်တစ်ဆောင်မီးလောင်ပြီး ကိုရင်ကြီးတစ်ပါး ပျံလွန်သွားတဲ့သတင်း
- တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ ကုန်စိမ်းတွေကို ထားဝယ်ကို လှေနဲ့ကဲ့နေတဲ့အခြေအနေ
- ကုန်ပစ္စည်းပိတ်ဆို့မှုကြောင့် တနင်္သာရီက ကျေးရွာအချို့ မှာ အမျိုးသမီးလစဉ်သုံး ရှားပါးပြီးစျေးတက်နေတဲ့အကြောင်း
- ထားဝယ်အရှေ့တော ဝကုန်းရွာမှာ တိုက်ပွဲရက်ဆက်ဖြစ်နေတဲ့သတင်း
- ရွှေနဲ့ဘတ်ဈေးအခြေအနေ စတဲ့သတင်းတွေကို နားဆင်ရမှာပါ။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်မှာ ဆွမ်းတော်ကြီးတင်ပွဲကျင်းပမယ့်အချိန် သစ်သီးပြတ်လပ်နေတဲ့သတင်း
- မြိတ်မှာ ငရုတ်သီး ၁၀တောင့် ကျပ်တစ်ထောင်ပေးရပြီးကုန်ပစ္စည်းပြတ်လို့ အသုပ်ဆိုင်နဲ့ မုန့်ဆိုင်အချို့ရပ်နားရမယ့်အ ခြေအနေ
- အထွေထွေကုန်စျေးနှုန်းမြင့်နေချိန် ဝဥရာသီဖွင့်ဈေး မနှစ်ကထက်ဈေးနည်းတဲ့အကြောင်း
- ရန်ကုန်-ထားဝယ် ကားလမ်းပိတ်နေလို့ ထားဝယ်မှာ ငရုတ်သီးစိမ်းတစ်ပိဿာ ကျပ်ငါးသောင်းဖြစ်လာတဲ့သတင်း
- လောင်းလုံးမြို့ပေါ်နေအိမ်တွေက စားနပ်ရိက္ခာနဲ့ တန်ဖိုးရှိပစ္စည်းတွေကို စစ်အာဏာရှင် တပ်သားတွေ မကြာခဏ ဝင်ယူနေတဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်အရှေ့တောမှာ စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံတွေ အသွားအလာသတိပြုဖို့ တိုင်းကွပ်ကဲရေးအဖွဲ့ ပြောတဲ့ အကြောင်း
- ကော့သောင်း တည်းခိုခန်းတစ်ခုမှာ အမျိုးသားအလောင်းတွေ့ပြီး သံသယရှိသူနှစ်ဦးကိုဖမ်းထားတဲ့ သတင်း
- တနင်္သာရီ သိန်ခွန်းရွာဝန်းကျင်မှာ တိုက်ပွဲဖြစ်၊ စစ်အာဏာရှင်တပ် လေယာဉ်နဲ့နှစ်ကြိမ် ဗုံးကြဲတဲ့အကြောင်း
- တနင်္သာရီတိုင်းမှာ လေယာဉ်လက်မှတ် ဝယ်ရခက်နေတဲ့အခြေအနေ
- မုဒုံမှာ စရဖ တစ်ဦးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ပစ်သတ်လိုက်တဲ့ အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရန်ကုန်-ထားဝယ်ကားလမ်းပိတ်ထားလို့ ထားဝယ်မှာ ကြက်ဥအပါအဝင် အခြေခံစားသောက်ကုန်တွေ ပြတ်လပ်ပြီး ဈေးမြင့်တက်နေတဲ့အကြောင်း
- ရေဖြူမြို့နယ် ဖားချောင်းရွာက စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတဲ့အခြေအနေ
- တနင်္သာရီမြို့နယ် သိန်ခွန်းရွာမှာ လေးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တာ
- ဂဏဝိမုတ်ကူးတို့ဂိုဏ်း လောင်းလုံးမြို့နယ် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ပျံလွန်တော်မူသွားတဲ့အကြောင်း
- ထိုင်းနိုင်ငံ ကော့ဖငန်းကျွန်းက မြန်မာ ၆ ဦး WY ဆေးပြားတွေနဲ့အတူ အဖမ်းခံရတဲ့အခြေအနေ
- ကားထားပြီး ယာဉ်မောင်းထွက်ပြေးသွားလို့ တရားမဝင် ဝင်လာတဲ့ မြန်မာလေးဆယ်လောက် အဖမ်းခံရတာ
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရေဖြူမြို့နယ် မရမ်းချောင်းရွာမှာ မိသားစုတစ်စု မိုင်းနင်းမိလို့ ကလေးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရတဲ့ အကြောင်း
- စစ်အာဏာရှင်တပ်ပိတ်ဆို့မှုကြောင့် တနင်္သာရီက ရွာတချို့မှာ ဓာတ်မြေဩဇာကို ပိဿာချိန်နဲ့ပဲ ဝယ်သုံးနေရတဲ့ အခြေအနေ
- စစ်ဘေးရှောင်ထောက်ပံ့ငွေကိစ္စနဲ့ ထိန်းသိမ်းထားသူသုံးဦးကို မော်ဒန်ပန့်အဖွဲ့ ပြန်လွှတ်တဲ့ အကြောင်း
- ချင်းမိုင်မှာ ထိုင်းကျောင်းသားတွေကို ဓားနဲ့ ခုတ်တယ်ဆိုပြီး မြန်မာငါးဦး အဖမ်းခံရတဲ့သတင်း
- အာဖဂန်နစ္စတန်မှာ အင်အားပြင်းငလျင်ကြောင့် လူ ၆၀၀ ကျော် သေဆုံးပြီး ၁၅၀၀ ကျော်ဒဏ်ရာရတဲ့ သတင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဩဂုတ်လ ၂၄ ရက်ကနေ ဩဂုတ်လ ၃၀ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့
- မက္ကဆီကိုလွှတ်တော်ထဲတွင် ထိုးကြိတ်ရန်ဖြစ်
- စပိန်တွင် ခရမ်းချဉ်သီး ပစ်ပေါက်ပွဲတော် လူ ၂ သောင်းကျော် ဆင်နွှဲ
- အိန္ဒိယတွင် ဆည်ရေဖောက်ချမှုကြောင့် ပါကစ္စတန်ပြည်သူများ အရေးပေါ်ပြောင်းရွှေ့
- တရုတ်ကျောင်းသားများ မရှိပါက အမေရိကန် တက္ကသိုလ်များ ထိခိုက်မည်ဟု ထရမ့်ဆို
- တေလာဆွစ်နှင့် ဘောလုံးသမား တရားဝင် စေ့စပ်
- အယ်ဂျီးရီးယားတွင် သမ္မတက ဝန်ကြီးချုပ်ကို ရာထူးမှ ရပ်နား
- အိန္ဒိယတွင် အဆောက်အဦ ပြိုကျမှုကြောင့် လူ ၁၇ ဦးသေဆုံး
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်အရှေ့တောကို စစ်အာဏာရှင်တပ်က အင်အားရာချီထပ်ဖြည့်ပြီး စစ်ကြောင်းထိုးနေတဲ့အကြောင်း
- စစ်မှုထမ်းအကြောင်းပြငွေတောင်းမှု တိုင်ကြားသူမရှိလို့ အရေးမယူနိုင်ဘူးလို့ တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ပြောတဲ့သတင်း
- ထိုင်းကို တရားမဝင်လာတဲ့ မြန်မာတွေ နေ့စဉ်နီးပါး အဖမ်းခံနေရတဲ့အခြေအနေ
- ရေဖြူ နဘုလယ်ဒေသကို စစ်ကြောင်းထိုးနေလို့ ဒေသခံတွေထွက်ပြေးနေရတဲ့အကြောင်း
- ထိုင်းဝန်ကြီးချုပ်ပေထုတ်တန် ရာထူးက ရပ်နားခံရတဲ့သတင်း
- ရွှေနဲ့ဘတ် ဈေးကွက်အခြေအနေ
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်အာဏာရှင်တပ်ကန့်သတ်မှုကြောင့် တနင်္သာရီတိုင်းကို ဆိုလာနဲ့ လျှပ်စစ်ပစ္စည်းအပါ ကုန်ပစ္စည်းအချို့ ပို့ဆောင်မှုရပ်လိုက်တဲ့သတင်း
- မြိတ် လသာရွာမှာ ကုန်ကားတစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ခုကမီးရှို့တဲ့အကြောင်း
- တနင်္သာရီတိုင်းသား စစ်မှုထမ်းသင်တန်းဆင်းတွေ ရခိုင်စစ်မြေပြင်မှာ သေဆုံးမှုများနေတဲ့သတင်း
- ရေဖြူဒေသခံ စစ်ဘေးရှောင်ခုနစ်ရာကျော် အရေးပေါ် အကူအညီလိုနေတဲ့အခြေအနေ
- ရေဖြူ၊ ဖားချောင်းကျေးရွာအုပ်စုမှာ သုံးရက်ဆက် ပစ်ခတ်မှုဖြစ်ခဲ့တဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းမှာ ခရီးသွားရာချီပိတ်မိနေပြီး ရိက္ခာအခက်အခဲဖြစ်နေတဲ့ အခြေအနေ
- ထားဝယ်မြို့မှာ မိုးကြီး လေပြင်းတိုက်ပြီး နေအိမ် ၁၀နီးပါး အမိုးလန်ပျက်စီးတဲ့ အကြောင်း
- ကျွန်းစုပင်လယ်မှာ ဆန်အိတ်တစ်ရာနီးပါးကို စစ်အာဏာရှင်တပ် သိမ်းယူထားတဲ့ သတင်း
- အိမ်ချိပ်ပိတ်ခံထားရတဲ့ ဒလန်ဆိုတဲ့သူတွေရဲ့ ဥယျာဥ်နဲ့ရော်ဘာခြံတွေကိုပါ ထပ်ပြီးချိပ်ပိတ်လိုက်တဲ့အကြောင်း
- သရက်ချောင်းမှာ ရွာသုံးရွာက နေအိမ် ၇၀လောက် မီးရှို့ဖျက်ဆီးခံရပြီး အရပ်သားနှစ်ဦးပစ်သတ်ခံရတဲ့သတင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
From the publisher's feed