Digital သင်ပုန်းကြီး

Digital သင်ပုန်းကြီး

By Burma Podcast Network
Download on the App Store

All Digital သင်ပုန်းကြီး episodes

  • ဒီဂျစ်တယ်လုံခြုံရေးနှင့်လူငယ်များ
    “ကျွန်မတို့ တစ်နေ့တာမှာ ဖုန်းကို ဘယ်နှစ်ကြိမ်လောက် သုံးဖြစ်ကြလဲ? 📱💭”နေ့စဉ် Social Media သုံးတာ၊ သူငယ်ချင်းတွေနဲ့ စကားပြောတာ၊ သတင်းရှာတာကနေ အခုနောက်ပိုင်း AI နည်းပညာတွေကိုပါ သုံးစွဲလာကြတဲ့အထိ ကျွန်မတို့ လူငယ်တွေရဲ့ ဘဝဟာ Digital ကမ္ဘာနဲ့ မကင်းကွာတော့ပါဘူး။ ဒါပေမဲ့ Digital နည်းပညာကို အသုံးပြုတတ်ရုံနဲ့ မလုံလောက်ပါဘူး။ “လုံခြုံစွာ အသုံးပြုတတ်ဖို့” က ပိုပြီး အရေးကြီးလာပါတယ်။ 🔐✨ လူငယ်တိုင်း မဖြစ်မနေ သိထားသင့်တဲ့ အချက် (၅) ချက်ကို အခုအပိုင်းမှာ မျှဝေထားပါတယ်။
    8 min
  • လုံခြုံတဲ့ VPN ဘယ်လိုရွေးရမလဲ။
    Chat ထဲမှ အကြောင်းအရာများ စောင့်ကြည့်ခံရခြင်း (မာလာရှမ်းကောစားချင်ကြောင်း စာပို့လိုက်တာနဲ့ မာလာရှမ်းကောဆိုင် ကြော်ငြာတွေတက်လာတဲ့ အဖြစ်အပျက်အား စုံစမ်း ထောက်လှမ်းကြည့်ခြင်း)
    32 min
  • Privacy ဘယ်လိုကာကွယ်ကြမလဲ။
    CCTV များနှင့် ထုပ်စီးတိုးကစားခြင်း (ခေတ်သစ် လူသားတွေရဲ့ နေ့စဥ်ဘဝမှာ ရုံးခန်း၊ လမ်းမ၊ ​မီးပွိုင့်၊ ခြံရှေ့ နေရာတိုင်းက ကင်မရာတွေပါပဲ။ အနီးဆုံးမှာရှိနေတဲ့ ဖုန်းကင်မရာ၊ ကွန်ပျူတာကင်မရာတွေကိုရော ကိုယ်တကယ် ထိန်းချုပ်နိုင်ရဲ့လား။ ဒီကင်မရာတွေက ဘာတွေ မှတ်တမ်းယူလဲ​၊ ဘယ်မှာသိမ်းထားလဲ၊ ဘာဆက်ဖြစ်မှာလဲ နားဆင်ကြရအောင်)
    31 min
  • AI နှင့် ZERO Trust ပေါ်လစီ
    Nike လို ကမ္ဘာကျော် Brand တွေရဲ့အရောင်းမြှင့်တင်ရေး စာသားတွေကနေ LinkedIn မှာ မရှိရှိတာ ထုတ်ကြွားကြတဲ့ အရေးအသားတွေအထိ AI လက်ရာ မကင်းကြတော့ပါဘူး။ ဖွံ့ဖြိုးမှု နောက်ကျတဲ့ ဒေသတွေက အရပ်စကားဝိုင်းထဲတောင် ChatGPT ရောက်နေပြီမို့ AI ကို ဘယ်လောက်ယုံလို့ရမလဲဆိုတာကို ဆွေးနွေးအဖြေရှာထားပါတယ်။
    13 min
  • ဘဝပျက်သွားနိုင်သည့် ဆိုက်ဘာခြိမ်းခြောက်မှုများ
    မြန်မာနိုင်ငံ NGO၊ CSO၊ Start Up အသင်းအဖွဲ့များမှာ ဒစ်ဂျစ်တယ်လုံခြုံရေး ပြင်ဆင်ထားမှုတွေဟာ လုံးဝမရှိတာ သို့မဟုတ် အဖြစ်သဘောစာရွက်ပေါ်က လူနားမလည်တဲ့ IT စည်းကမ်းများအဖြစ် ရှိနေကြခြင်းအပေါ် ၁၃ နှစ်ကျော် ဆိုက်ဘာလုံခြုံရေးအတွေ့ကြုံရှိ Expert တစ်ယောက်နဲ့ ဆွေးနွေးအဖြေရှာကြည့်ခြင်း။
    24 min
  • အင်တာနက်အလုပ်လုပ်ပုံကို ရပ်ကွက်အထာဖြင့် ရှင်းပြနည်း
    မြန်မာပြည်မှာ အင်တာနက် အသုံးပြုသူ သန်း ၃၀ ကျော်ရှိနိုင်ပါတယ်။ ဒီထဲမှာ နည်းပညာနဲ့ မနီးစပ်တဲ့ လူကြီးလူငယ်၊ နယ်ပယ်အသီးအသီးက လုပ်သားတွေ၊ အတတ်ပညာရှင်တွေ သန်းပေါင်းများစွာ ပါဝင်နိုင်ပါတယ်။ အင်တာနက်အသုံးပြုသူအားလုံးဆီမှာ အဖြေမရသေးတဲ့ မေးခွန်းတွေ ရှိတတ်ကြပါတယ်။ အင်တာနက် ဘယ်လိုအလုပ်လုပ်သလဲ၊ အင်တာနက်ကို ဘယ်သူကပိုင်သလဲ၊ ဗီဒီယိုကော ပြောရင် အခြားတစ်ယောက်ယောက်က ကြားဖြတ်နိုင်သလား၊ အလကားရတဲ့ VPN တွေက ဘာလို့ အလကားရနေတာလဲ၊ ဖေ့စ်ဘွတ်သုံးရင် ဖုန်းဘေလ်ကုန်တယ်​ ဒါဆို ဖုန်းဘေလ်ထဲက ဖေ့စ်ဘွတ်က ရာခိုင်နှုန်းရတာလား? ဒီစာကိုဖတ်နေတဲ့ မိတ်ဆွေတွေက နည်းပညာ ဂုရုကြီးတွေဖြစ်လို့ မသိသူတွေကို သိနားလည်အောင် အချိန်ပေးပြီး ရှင်းပြကောင်း ရှင်းပြကြပါလိမ့်မယ်။ သို့သော် အားလုံးကို အချိန်ပေးပြီး စိတ်ရှည်ရှည် မရှင်းပြနိုင်ရင်လည်း အပြစ်ရှိသလို ခံစားစရာ မလိုတော့ပါဘူး...
    8 min