Doh Athan - Our Voice

Doh Athan - Our Voice

By Doh Athan - Our VoiceNews
Download on the App Store

Doh Athan - Our Voice episodes

  • အမေ့လျော့ခံ ကလေးငယ်များပညာရေး ကွက်လပ်ဖြည့်ကြသူများ Episode: 404
    စစ်ဘေးနဲ့ စီးပွားပျက်ကပ်ကြား အတိဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံမှာ ကလေးငယ် သန်းနဲ့ချီပြီး ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေရပါတယ်။
    ဒီလို စားဝတ်နေရေးအတွက် ရုန်းကန်နေရင်း မိမိရင်သွေးတွေကို ပညာအမွေ ပေးနိုင်ဖို့ အခက်အခဲကြုံနေရတဲ့ မိသားစုတွေအတွက် လူငယ်တွေ ဦးစီးတဲ့ စာသင်ဝိုင်းလေးတွေ ရှိနေပါတယ်။
    ဒီတစ်ပတ်မှာတော့ အဲဒီလို မိသားစုတွေရဲ့ ရုန်းကန်ရမှုတွေနဲ့ ကလေးတွေရဲ့ ပညာရေးကို ဖြည့်ဆည်းပေးနေတဲ့ ရန်ကုန်မြို့က ကိုယ်ထူကိုယ်ထ စာသင်ဝိုင်းတွေအကြောင်း တင်ဆက်ပေးသွားမှာပါ။
    13 min
  • From city to jungle: Yangon nurse opens clinic in war-torn Karenni State
    In the remote mountains of Karenni State, a small clinic called the Guest Karenni Dispensary provides essential healthcare to people who are unable to access bigger hospitals. One of its founders, CDM nurse Ko Nway Oo Marn, spoke with Doh Athan about his five-year journey to establish the clinic and bring medical care to hard-to-reach areas.
    12 min
  • စစ်ဘေးဒဏ်သင့် တောင်တန်းတွေပေါ်က ကရင်နီဧည့်သည် ခရီးစဉ်
    ကရင်နီပြည်နယ်ရဲ့ ဝေးလံတဲ့တောင်ပေါ်ဒေသတွေမှာ ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ကရင်နီဧည့်သည် ဆေးခန်းဆိုတဲ့ ဆေးပေးခန်းလေးရှိပါတယ်။ ဒီဆေးခန်းကို CDM သူနာပြု ကိုနွေဦးမာန်နဲ့ သူ့ရဲ့ပါတနာဖြစ်သူက စတင်တည်ထောင်ခဲ့တာပါ။
    လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေ၊ လေကြောင်းအန္တရာယ်တွေကြားကနေ ပြည်သူတွေကိုဆေးကုသမှု လက်လှမ်းမှီစေဖို့ ကြိုးစားနေတဲ့ သူနာပြု ကိုနွေဦးမာန်ရဲ့ ငါးနှစ်တာ ဘဝဖြတ်သန်းရမှုတွေနဲ့ ကရင်နီတောတွင်းဆေးခန်း အကြောင်းကို ဒီတပတ်မှာ တင်ဆက်ပေးသွားမှာပါ။
    14 min
  • သီပေါတံတားပိတ်ထားခြင်းနောက် မြစ်ကူးခရီးသည်တို့ကြုံရတဲ့ ဘေးဒုက္ခ Episode: 403
    ရှမ်းပြည်နယ်ရဲ့ လမ်းပန်းဆက်သွယ်ရေး ကုန်သွယ်ရေး အတွက်အဓိကကျတဲ့ တံတားတစ်စင်းဖြစ်တဲ့ သီပေါတံတားကို စစ်တပ်ဘက်က ပိတ်ထားတာ အခုဆို ၁ နှစ်နီးပါး ရှိလာပါပြီ။
    တံတားပိတ်ထားတာကြောင့် ခရီးသွားတွေဟာ တံတားအောက်နေ လှေတွေ ဖောင်တွေနဲ့ ဒုဋ္ဌဝတီမြစ်ကို ဖြတ်ပြီး နေ့စဉ်သွားလာနေရပါတယ်။ မိုးတွင်းကာလ မြစ်ဖြတ်ကူး ခရီးသွားရင်း အသက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။ ဒီတံတားကို ပိတ်ထားတာကြောင့် ဒေသခံတွေရဲ့ နေ့စဉ်ခရီးသွားလာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနဲ့ ပညာရေးတွေကို ထိခိုက်လာနေပါတယ်။
    ဒီတစ်ပတ်မှာတော့ သီပေါတံတားပိတ်ထားတာကြောင့် ကြုံတွေ့နေရတဲ့ ရှမ်းမြောက်ဒေသခံပြည်သူတွေရဲ့ အခက်အခဲတွေကို တင်ဆက်ပေးသွားပါမယ်။ ဒီဆောင်းပါးကိုတော့ ဒို့အသံ​နဲ့ မိတ်ဖက်မီဒီယာဖြစ်တဲ့ ရွှေဖီမြေတို့ ပူးပေါင်းတင်ဆက်ပေးထားပါတယ်။
    #ဒို့အသံ #ဖရွန်တီးယားမြန်မာ #ရှမ်းမြောက် #သီပေါတံတား
    13 min
  • မိုင်း၊ လေကြောင်း၊ ကျည်ဆန်ရန်တွေကြားက လူမှုကယ်ဆယ်ရေး Episode: 402
    "အစ်မကောင်လေးက လာပြီးပြောတယ် ငါ့ရင်ဘတ်ထိသွားပြီတဲ့၊ သူ အဲလိုပြောပြီးတော့ စက္ကန့်ပိုင်းလောက်ပဲ ကြာလိုက်တယ်။ သူ pass out ဖြစ်သွားတယ်ပေါ့နော်။ အဲမှာ တခါတည်း အသက်ပါသွားတယ်ထင်ပါတယ်..."
    အာဏာသိမ်းပြီးနောက်ပိုင်း မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်နေကြတဲ့ လူမှုကူညီကယ်ဆယ်ရေး သမားတွေဟာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေအပြင် မှားယွင်းပစ်မှတ်ထား တိုက်ခိုက်ခံရမှုတွေကိုပါ ရင်ဆိုင်နေကြရပါတယ်။
    ဒီတစ်ပတ်မှာတော့ အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးသမားတွေ ကြုံတွေ့နေရတဲ့ မြေပြင် အခြေအနေတွေ၊ အခက်အခဲတွေကို တင်ဆက်ပေးသွားပါမယ်။
    11 min
  • ထောင်တံခါးအလွန် - အမျိုးသမီးနိုင်ကျဥ်းဟောင်းတို့၏ ရုန်းကန်ရမှုများ Episode:401
    “ညဘက်အိပ်တဲ့အချိန်မှာ ထောင်ထဲကသူတွေကို အိပ်မက်မက်နေတုန်း။ မျက်လုံးပွင့်လာတဲ့အချိန် အိမ်က နံရံကိုမြင်မှ ထောင်မဟုတ်ပါလား ဆိုပြီး ပြန်သတိရရတဲ့ အချိန်ပေါ့။”
    အမျိုးသမီး နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ဒဏ်ကျခံနေရစဉ်အတွင်း ဒုက္ခပေါင်းစုံကို ရင်ဆိုင်ခဲ့ကြရပါတယ်။ ဒါ့အပြင် ပြန်လည်လွတ်မြောက်လာပြီးနောက်မှာလည်း ထောင်တံခါးပြင်ပမှာ သူတို့ဘဝကို ပြန်လည်အခြေချနိုင်ဖို့အရေး စိန်ခေါ်မှုအသစ် တွေကို ဆက်ပြီး ရင်ဆိုင်ကြရပါတယ်။
    အကျဉ်းထောင်တွေထဲမှာ ရခဲ့တဲ့စိတ်ဒဏ်ရာတွေ၊ စိတ်ဓာတ်ကျတာတွေနဲ့ စိတ်မလုံခြုံမှုတွေကို ဆက်ပြီးခံစားနေကြရသလို တဆက်ထဲမှာလည်း ပြင်ပကမ္ဘာမှာ ဘဝရပ်တည်ရေးအတွက် အလုပ်အကိုင်ရှာဖွေဖို့အရေး ရုန်းကန်နေကြရပါတယ်။
    13 min
  • အင်းလေးက စစ်ရှောင်တွေရဲ့ မနက်ဖြန် Episode: 400
    ဒီတစ်ပတ်မှာတော့ 'ဒို့အသံ' ရဲ့ 400 မြောက် Episode အဖြစ် “အင်းလေးက စစ်ရှောင်တွေရဲ့ မနက်ဖြန်” ဆိုတဲ့ Story Podcast ကို တင်ဆက်ပေးမှာပါ။
    'ဒို့အသံ' အနေနဲ့ Story Podcast တွေအပြင် Interview၊ Profile၊ Discussion Podcast တွေနဲ့ ရုပ်သံဗီဒီယိုတွေကိုပါ စဉ်ဆက်မပြတ် ထုတ်လွှင့်တင်ဆက်ပေးနေပါတယ်။
    Episode 400 ဆိုတဲ့ ဒီခရီးရှည်ကြီးကို ရောက်ရှိအောင် အတူတူ လျှောက်လှမ်းပေးခဲ့ကြတဲ့ နားဆင်ကြည့်ရှုသူ ပရိသတ်တစ်ယောက်ချင်းစီကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။
    “WFP တစ်ခုပဲ ရတယ်။ အဲဒီကပေးတဲ့ ဆန်လေးနဲ့ပဲ ကျွန်မတို့ အသက်ရှင်နေကြရတာ”
    အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ထဲကို စစ်ဘေးရှောင်လာကြသူတွေဟာ WFP ရဲ့ ထောက်ပံ့မှု ကို အဓိကမှီခိုအားထား နေရပါတယ်။ ဒေသခံတွေကိုယ်တိုင် စီးပွားရေးခက်ခဲနေပြီး ရုန်းကန်နေရချိန်မှာ စစ်ဘေးရှောင်တွေအတွက် အလုပ်အကိုင်ရရှိဖို့က ပိုလို့တောင် မလွယ်ကူပါဘူး။
    စစ်ဘေးရှောင် အများစုဟာ ပန်းရံ၊ မြက်ရှင်း၊ အိမ်သာကျင်းတူး စတဲ့ ကြုံရာကျပန်း အလုပ်တွေကို လုပ်ကိုင်နေကြရပြီး အဲဒီလိုအလုပ်မျိုးတောင်မှ နေ့စဉ် ပုံမှန်မရကြပါဘူး။ ဒီလို ခက်ခဲနေတဲ့ အခြေအနေမှာ WFP ရဲ့ ထောက်ပံ့မှုတွေ ရပ်နားတော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာတာကြောင့် စစ်ဘေးရှောင်တွေအတွက် စိတ်ဖိစီးမှုနဲ့ စိုးရိမ်မှုတွေ ပိုမိုမြင့်တက်လာနေပါတယ်။
    ဒီတစ်ပတ်မှာတော့ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ကို စစ်ဘေးရှောင်လာကြသူတွေရဲ့ ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝတွေကို တင်ဆက်ပေးသွားမှာပါ။
    11 min
  • Profile Podcast: ရခိုင်လမ်းမတော်ရွာလေကြောင်းတိုက်ခိုက်မှုအောက် ဖခင်တစ်ဦး၏ သောက
    "အသိ မရှိတော့ဘူး။ နားတွေပင်း၊ မျက်စိတွေရဲသွားတယ်။ ကြောင်သွားတယ်။ ဘာကိုင်လို့ ကိုင်ရမယ်မှန်းမသိ။ အစက ကိုယ့်မိန်းမသေသွားတာတောင် မသိသေးဘူး။ နောက်တစ်ခေါက် နောက်ထပ်တစ်လုံးချဖို့ လာတော့ ပြေးရတာပဲ။ မဟုတ်ရင် ကျွန်တော်လဲ အဲ့နားမှာ သေမှာပဲ"
    ပြီးခဲ့တဲ့ ဇွန်လတတိယပတ်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် (၄)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ပြည်သူ(၈)ဦး သေဆုံးခဲ့ပြီး (၁၉) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
    အဲဒီနေ့က စစ်တပ်က ဂျက်ဖိုက်တာနှစ်စီးနဲ့ ပထမအကြိမ် ကျောက်တော်မြို့ပေါ်ရှိ အရပ်သားပြည်သူတွေနေထိုင်ရာ နေရာငါးခုကို တိုက်ခိုက်ခဲ့ပြီး ဒုတိယအကြိမ်မှာတော့ လမ်းမတော်ရွာအနီးတဝိုက်ကို ပေါင် (၅၀၀) ဗုံး (၄)လုံး၊ ပေါင် (၃၀၀) ဗုံး (၁)လုံးနဲ့ Rocket သီး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။ လူသေဆုံးမှု၊ ဒဏ်ရာရရှိမှုတွေအပြင် လူနေအိမ်နဲ့ စျေးဆိုင်ခန်းအဆောက်အအုံ (၃၀)ခန့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
    ဒီတစ်ပတ် ဒို့အသံ ပေါ့ကတ်စ်မှာတော့ လေကြောင်းတိုက်ခိုက်မှု ကြုံတွေ့ခံစားနေရတဲ့ ပြည်သူတွေရဲ့ဒုက္ခတွေကို တစ်ဦးတည်းသောသားငယ်လေးနဲ့ ချစ်ဇနီးကို ဆုံးရှုံးခဲ့ရတဲ့ ဘုတ်မောင်းသမား ကိုစည်သူဟိန်းရဲ့ဘဝကနေတဆင့် တင်ဆက်ပေးသွားမှာပါ။
    #ဒို့အသံ #ဖရွန်တီးယားမြန်မာ #ရခိုင် #ကျောက်တော် #လေကြောင်းတိုက်ခိုက်မှု
    11 min
  • ဖောချိ- ထောင်နံရံနောက်က မတ်တပ်မရပ်နိုင်တော့တဲ့နေ့ Episode: 399
    “သုံးခါဖောရင် ရှောတယ်” ဒီစကားက ထောင်ထဲမှာ မကြာခဏကြားနေကြ စကားဖြစ်ပါတယ်။
    ထောင်တွင်းအကျဉ်းသားအများစုဖြစ်လေ့ရှိတဲ့ ဖောချိရောဂါနဲ့ ပတ်သက်ပြီး ပြောကြတာပါ။
    ဘယ်ရီဘယ်ရီလို့ခေါ်တဲ့ ဖောချိရောဂါဟာ အစာအဟာရလုံလောက်စွာ မစားရတဲ့အခါ ဗစ်တာမင် B1 ချို့တဲ့ပြီးဖြစ်ပွားတဲ့ ရောဂါတစ်မျိုးပါ။
    ဖောချိရောဂါဖြစ်ပွားရင် အကျဉ်းထောင်ထဲမှာ မတ်တပ်တောင် မရပ်နိုင်တော့တဲ့အထိ ခြေထောက်တွေ အားမရှိတော့တာ၊ ခန္ဓာကိုယ်ဖောရောင်လာတာတွေရှိပြီး အိမ်သာသွားဖို့တောင် တခြားအကျဉ်းသားရဲ့ အကူအညီကို မှီခိုရပါတယ်။
    ဒီရောဂါဟာ ကုသနိုင်တဲ့ရောဂါဖြစ်ပေမယ့် အချိန်မီမကုသရင် အသက်အန္တရာယ်အထိ ဖြစ်စေနိုင်ပါတယ်။
    ဒီတစ်ပတ် ဒို့အသံ Podcast မှာတော့ ဖောချိရောဂါကြုံတွေခဲ့ရတဲ့ အကျဉ်းသားတွေရှိခဲ့တဲ့ အကျဉ်းထောင်ဆီခေါ်ဆောင်သွားမှာပါ။
    #ဒို့အသံ #ဖရွန်တီးယားမြန်မာ #ဖောချိရောဂါ #အကျဥ်းသား #beriberi
    11 min

About Doh Athan - Our Voice

From the publisher's feed

မင်္ဂလာပါ ။

More shows like Doh Athan - Our Voice

Global News Podcast by BBC World Service

Global News Podcast

7,601 Listeners

Learning English Conversations by BBC Radio

Learning English Conversations

1,040 Listeners

Apple Quarterly Earnings Call by Apple Inc.

Apple Quarterly Earnings Call

516 Listeners

The Bangkok Podcast by Greg Jorgensen & Ed Knuth

The Bangkok Podcast

133 Listeners

SBS Burmese - SBS မြန်မာပိုင်း အစီအစဉ် by SBS

SBS Burmese - SBS မြန်မာပိုင်း အစီအစဉ်

22 Listeners

Burmese News - NHK WORLD RADIO JAPAN by NHK WORLD-JAPAN

Burmese News - NHK WORLD RADIO JAPAN

30 Listeners

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် by BBC Burmese Radio

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

123 Listeners

စာဖတ်ပြမယ် - Myanmar Audiobook by Win Ei

စာဖတ်ပြမယ် - Myanmar Audiobook

85 Listeners

The Institute for Strategy and Policy – Myanmar by ISP-Myanmar

The Institute for Strategy and Policy – Myanmar

6 Listeners

The Irrawaddy Newscast - Burmese Edition by The Irrawaddy

The Irrawaddy Newscast - Burmese Edition

59 Listeners

The Foreign Affairs Interview by Foreign Affairs Magazine

The Foreign Affairs Interview

470 Listeners

DVB News by Democratic Voice of Burma

DVB News

5 Listeners

ဉာဏ်သူပုန် ရေဒီယို by BurmaPodcastNetwork

ဉာဏ်သူပုန် ရေဒီယို

4 Listeners

What's Happening in Myanmar by Frontier Myanmar

What's Happening in Myanmar

2 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners