ဒီနေ့အတွက်စကား

Don't let jealousy burn your heart.


Listen Later

မနာလိုစိတ်ဆိုတာဟာ သူတပါးက ကိုယ့်ထက်သာလွန်နေတာကို မကျေနပ်တဲ့ စိတ်ခံစားချက်မျိုးဖြစ်တယ်လို့ ယေဘုယျ အားဖြင့်အဓိပ္ပာယ်ဖွင့်ဆိုလို့ရပါတယ်။ ကိုယ်ရဲ့စိတ်ထဲမှာမိမိကိုယ်မိမိတပါးသူနဲ့နှိုင်းယှဥ်မိခြင်း၊ မိမိရဲ့အားနည်းချက်တွေကို တနုံ့နုံ့စိတ်ဓာတ် ကျမိနေခြင်း စတဲ့စိတ်များမှတဆင့် မနာလိုစိတ်တွေ စတင်ဖြစ်ပေါ်လာလေ့ရှိပါတယ်။ မနာလိုစိတ်ဖြစ်ရတဲ့ အကြောင်းရင်းက ဘာလဲ။                                                                                                                                                  လေ့လာချက်တွေအရ မနာလိုစိတ်ဖြစ်တာဟာ Self Esteem ဆိုတဲ့ကိုယ့်ကိုကိုယ် တန်ဖိုးထားမှု လျော့နည်းတာ၊ လိုချင်တပ်မက် စိတ်များတာ၊ သူတပါးနဲ့လိုက်နှိုင်းယှဉ်နေမိတာ တွေကြောင့် ဖြစ်တတ်ပါတယ်။ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းဆက်ဆံရေးတွေမှာလည်း မနာလိုစိတ်များလွန်းတာကြောင့် Relationship ​တွေကိုထိခိုက် စေကြောင်းမကြာခဏတွေ့ရတတ်ပါတယ်။ မနာလို စိတ်​ပြင်းထန်လာတဲ့အခါကိုယ့်ရဲ့စိတ်ကျန်းမာရေးကိုထိခိုက်စေရုံသာမက စားမဝင် အိပ်မပျော်တာ၊ ခေါင်းကိုက်တာ၊ ဗိုက်နာတာစတဲ့ရုပ်ပိုင်းဆိုင်ရာ ကိုယ်ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။

...more
View all episodesView all episodes
Download on the App Store

ဒီနေ့အတွက်စကားBy Padamyar FM