ဒီနေ့အတွက်စကား

Enjoy every episode in life.


Listen Later

ကျွန်တော်တို့လူတွေဘဝက အပိုင်းဆက်တွေနဲ့ခရီးရှည်ကြီးတစ်ခုပါ။ Series တစ်ခုလို့လည်း ပြောလို့ရပါတယ်။ ခရီးစဥ်တလျှောက် သွားရာလမ်းမှာ episode တွေက အမျိုးမျိူးဖြစ်နိုင်ပါတယ်။ စိတ်ဆင်းရဲစရာ, အဆင်မပြေမှု,ကျရှုံးမှုတွေချည်းကြုံရတဲ့ episode တွေရှိနိုင်သလို အောင်မြင်ပျော်ရွှင်ပြီးအဆင်ပြေမှုတွေနဲ့ ပြည့်နေတဲ့ episode တွေလည်းရှိနိုင်ပါတယ်။   တစ်လှည့်စီကြုံရတာ ဖြစ်နိုင်သလို, မကောင်းတဲ့ episode တွေချည်း ၅ပိုင်းလောက်ဆက်တိုက် ကြုံရတာ ကောင်းတဲ့ episode တွေချည်း ဆက်တိုက်ကြုံရတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ် episode ကို ဘယ်လောက်ကြာကြာ ဘယ်လို ကြုံရမလဲကတော့ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။ ဘယ်အပိုင်းပြီးရင်ဘယ်အပိုင်း လာမလဲလည်း ဘယ်သူမှ မသိနိုင် ပါဘူး။ဒါက လူ့လောကသဘာဝ ဖြစ်ပြီးဘယ်သူမှရှောင်လွဲလို့ မရတာတော့ အမှန်တရားပါ။ ကျွန်တော်တို့ လုပ်ရမှာကအောင်မြင်ပျော်ရွှင်တဲ့ episode ထဲ ရောက် နေလည်းလုပ်သင့်လုပ်ထိုက်တာတွေမေ့ပြီး အစွန်းရောက် ပျော်မြူးမနေဖို့ စိတ်ညစ်စရာတွေကြုံရပြီးအဆင်မပြေတဲ့ episode ထဲရောက်နေလည်း အစွန်းရောက်ပြီး စိတ်ဓါတ်တွေမကျသွားဖို့, lesson learn ယူပြီးကိုယ်လုပ်စရာရှိတာကို ဆက်လုပ်နေဖို့ အရေးကြီးတာပါ။ 

...more
View all episodesView all episodes
Download on the App Store

ဒီနေ့အတွက်စကားBy Padamyar FM