Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)

Episode #26: အနုပညာသမားတစ်ယောက်၏ အမုန်း


Listen Later

သူအမည်ကား ကိုနစ်ကီ။ ဂီတကို မြတ်နိုးသူ၊ အင်ဂျင်နီယာတစ်ယောက်။ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတတ်သူ။ သို့သော် သူဘ၀ကို အလှည့်အပြောင်းဖြစ်စေသည်ကား စစ်အာဏာသိမ်းမှုပင်။

မကြုံဖူးတာတွေကြုံရ ကြားရသည့်အခါ သူအံ့ဩရသည်။ ဘ၀မှာ မကြုံဖူး မကြားဖူးသည်များကို မျက်ဝါးထင်ထင်တွေရချိန်တွင် အရင်ဆုံး ကိုယ်ချင်းစာမိသည်ကား တိုင်းရင်းသားများ။


ဘ၀ကို ခပ်ပေါ့ပေါ့ဖြတ်သန်းခဲ့သည်မဟုတ်သော်လည်း ပေါ့ပေါ့ပါးပါးနေတတ်ခဲ့သော သူကိုယ်သူရှက်တတ်ပြီ။ ကိုနစ်ကီ စစ်သင်တန်းတက်သည်။ စစ်လက်နက်တပ်ဆင်ရေးလုပ်သည်။ နည်းပညာသမားပီပီ နည်းပညာအကူအညီပေးသည်။ လက်ရှိအချိန်တွင် နိုင်သမျှ အကုန် ကြုံးလုပ်ရင်း စစ်အာဏာရှင် အမြစ်ဖြတ်ပွဲကို ပါ၀င်နေသည်။ ရေပေါ်ဆီသူငယ်ချင်းတွေအတွက် စကားလက်ဆောင်အချို့လည်း ပါးလိုက်သေးသည်။ အနုပညာရှင်များ အချိန်မတန်ဘဲ ကြွေလွှင့်ရမှုအပေါ် သူကြေကွဲရသည်။


တမိသားစုလုံးပြေးနေရသော်လည်း ကိုနစ်ကီ စိတ်မပျက်၊ ရှေ့ဆက်ဆဲပင်ဖြစ်သည်။ သူလိုလူမျိုးများစွာ နွေဦးတော်လှန်ရေးတွင် ပါ၀င်နေကြသည်။


ဆက်လက် ပါ၀င်နေကြလိမ့်အုံးမည်။

...more
View all episodesView all episodes
Download on the App Store

Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)By Insight Myanmar

  • 5
  • 5
  • 5
  • 5
  • 5

5

3 ratings


More shows like Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)

View all
Insight Myanmar by Insight Myanmar Podcast

Insight Myanmar

48 Listeners