ဒီနေ့အတွက်စကား

Every problem has an optimal solution, So don't overthink it.


Listen Later

Overthinking ဖြစ်တဲ့ ပြဿနာက လူတိုင်းမဟုတ်တောင် တော်တော်များများမှာ ရှိပါတယ်။ ကိစ္စတိုင်းကို Overthinking လုပ်ပြီး အတွေးနယ်ကျွံ တဲ့အခါ လက်တလော လုပ်ရမယ့် အခြေအနေတွေပါပျောက်ခြင်းမလှ လမ်းပျောက်ပြီး စိတ်ရောကိုယ်ရော ဒုံးဒုံးကျသွားနိုင်ပါတယ်။  ခေါင်းထဲမှာ ပိတ်မိနေတဲ့ အတွေးတွေကို ဆွဲထုတ်ပါ။ အတွေးနယ်ကျွံတယ်ဆိုတာ အချိန်ကြာလာနဲ့အမျှ လုပ်မှန်းမသိ လုပ်နေမိတဲ့ အလေ့အကျင့် တစ်ခုဖြစ်လာနိုင်ပါတယ်။အတွေးပေါင်း သောင်းခြောက်ကို အဆုံးသတ်ဖို့ စတွေးလိုက်တဲ့ အတွေးတစ်စကို ဖမ်းမိဖို့ လိုပါတယ်။ စိတ်ထဲမှာဖြစ်ပျက်နေတဲ့ အတွေးတစ်ခုစီတိုင်းရဲ့ မူလအစက ဘာလဲ၊ ဘယ်အရာတွေကထပ်ခါတလဲလဲ အတွေးနယ်ချဲ့ ဖို့ တိုက်တွန်းနေလဲဆိုတာကို သတိထားခြင်ဆင် လိုက်မယ်ဆိုရင် Overthinking လုပ်မိနေတဲ့ပြဿနာကို အထိုက်အလျောက် ထိန်းချုပ်လာနိုင်ပါလိမ့်မယ်။

...more
View all episodesView all episodes
Download on the App Store

ဒီနေ့အတွက်စကားBy Padamyar FM