ဒီနေ့အတွက်စကား

Find Out What Makes You Unique.


Listen Later

ဘ၀မှာ ကိုယ်ဘယ်သူလဲ။ဘယ်နေရာကနေ မားမားမတ်မတ်နဲ့ရပ်တည်ချင်လဲဆိုတာကိုသေချာပုံသွင်းပြီးရယူကြရမှာဖြစ်ပါတယ်။ ဖြစ်ပေါ်လာနေတဲ့ trendတွေ update တွေနောက်ကိုတချိန်လုံးလိုက်နေရင်ကိုယ်ရဲ့ ရပ်တည်ချက် ခံယူချက်တွေက တဖြည်းဖြည်း မှေးမိန်သွားလိမ့်မှာဖြစ်ပါတယ်။ရလဒ်အနေနဲ့ ကိုယ်ဆိုတာကဘယ်သူဘယ်၀ါမှန်း မသိအောင်ဖြစ်သွားတတ်ပါတယ်။                                                                                                                                                    Valueလို့ခေါ်တဲ့ မိမိဘ၀မှာ ဘာကိုတန်ဖိုးထားတာလဲ? ဘ၀မှာကိုယ့်အတွက်အမှန်တကယ်အရေးကြီးတဲ့အရာတွေက ဘာတွေလဲ? What is important for mein life? ဆိုပြီး ပြန်လည်မေးခွန်းထုတ်ရမှာဖြစ်ပါတယ်။ ဥပမာကိုယ့်အတွက် အရေးကြီးတဲ့အရာ တွေ က ပညာရေးလား, ကျန်းမာရေးလား, အချိန်လား,မိသားစုလား, စသဖြင့် အစဥ်အလိုက်ရှိရပါမယ်။ ဒီထဲကမှ ဘယ်အရာက ကိုယ့်ရဲ့ ထိပ်ဆုံးတန်ဖိုးထားတဲ့အရာလဲ,အရေးကြီးတဲ့အရာလဲဆိုတာကိုပြန်မေးပါ။ ဒီလိုမှမဟုတ်ရင် လမ်းပျောက်တယ်လို့ ခံစားကြရမှာ ဖြစ်တယ်။ အကြောင်းကတော့ကိုယ့်ရဲ့ဘ၀မှာဘာက အရေးကြီးမှန်းမသိတာကနေစတယ် လို့ ပြောနိုင်ပါတယ်။ ဒီလိုမသိတော့သူများ ယောင်တိုင်းကိုယ်လဲယောင်မိနေတတ်မယ်…။ သူများလုပ်လို့ လိုက်လုပ်နေတယ် ဆိုရင်ရေတိုတော့အဆင်ပြေမယ်။ ကြာ လာရင် ကိုယ်က တနေရာရာမှာ ကျောက်မချထားတော့ အချိန်တန်ရင်ဘယ်နေရာကိုမှကုတ်အားမရှိတော့ ခေတ်ပျက်တဲ့နောက်မှာ လိုက်ပါသွားနိုင်ပါတယ်။ငွေနောက်လိုက်တယ်ဆိုပြီးပြောနေတာမဟုတ်ပါဘူး။ ကိုယ်ဆိုတဲ့ လူပီပီကိုပေါ်လွင်ပြီးဘ၀မှာ တထောင့် တနေရာကနေ အကျိုးပြုပြီး ကိုယ်လဲအကျိုးခံစားနေရရင် ပိုမကောင်းဘူးလား။  

...more
View all episodesView all episodes
Download on the App Store

ဒီနေ့အတွက်စကားBy Padamyar FM