Sign up to save your podcasts
Or

ကိုယ်ထိန်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာဘဲ အာရုံကို အပြည့်ထားပါ။ အရာရာတိုင်းကို ကျွန်တော်တို့ လိုက်ထိန်းချုပ်မရဘူး။ ဥပမာ အလုပ်ကိုသွားတဲ့လမ်းမှာ ကားပိတ်တယ်၊ ဒါက ကိုယ်ထိန်းချုပ်လို့ရတဲ့အရာမဟုတ်ဘူး။ဒါပေမယ့် ဒီကားပိတ်တဲ့ဖြစ်စဉ်ကို ဘယ်လို တုန့်ပြန်မလဲ? ဆိုတာကိုတော့ထိန်းချုပ်လို့ရတယ်။ အလုပ်နောက်ကျတော့မယ်ကွာ၊ဘာလို့ ရှေ့ကို မြန်မြန် မရောက်တာလဲကွာ လို့ စိတ်ညစ်နေမလား? ဒါမှမဟုတ် ငါတယောက်ထဲကားပိတ်တာမှ မဟုတ်တာ၊ ငါ့လိုလူတွေ အများကြီးဘဲ၊ ကားပိတ် တာက တနေကုန်ပိတ်မှာမဟုတ်ဘူး၊ သိပ်တွေးမနေတော့ဘူးဆိုပြီး စိတ်မွေးလိုက်မလား?
လက်ရှိကိုဘဲ အာရုံစိုက်ထားရမယ်။ အတိတ်ဆိုကလည်း ကျန်ခဲ့တယ်၊ ဘာမှ လုပ်လို့မရဘူး။အနာဂတ်ဆိုကလည်း မရောရာ မသေချာပါဘူး။ ဒီတော့ ထိုင်တွေးပူနေလည်းဘာမှထူးလာမှာ မဟုတ်ဘူး။ ဒီတော့ လက်ရှိကိုဘဲ သေချာအာရုံစိုက်ပြီး လုပ်စရာရှိတာ ကိုအကောင်းဆုံးလုပ်နေဖို့လိုပါတယ်။ အသေးအမွှားကိစ္စလေးတွေအတွက်နဲ့ စိတ်မညစ်နဲ့။
By Padamyar FMကိုယ်ထိန်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာဘဲ အာရုံကို အပြည့်ထားပါ။ အရာရာတိုင်းကို ကျွန်တော်တို့ လိုက်ထိန်းချုပ်မရဘူး။ ဥပမာ အလုပ်ကိုသွားတဲ့လမ်းမှာ ကားပိတ်တယ်၊ ဒါက ကိုယ်ထိန်းချုပ်လို့ရတဲ့အရာမဟုတ်ဘူး။ဒါပေမယ့် ဒီကားပိတ်တဲ့ဖြစ်စဉ်ကို ဘယ်လို တုန့်ပြန်မလဲ? ဆိုတာကိုတော့ထိန်းချုပ်လို့ရတယ်။ အလုပ်နောက်ကျတော့မယ်ကွာ၊ဘာလို့ ရှေ့ကို မြန်မြန် မရောက်တာလဲကွာ လို့ စိတ်ညစ်နေမလား? ဒါမှမဟုတ် ငါတယောက်ထဲကားပိတ်တာမှ မဟုတ်တာ၊ ငါ့လိုလူတွေ အများကြီးဘဲ၊ ကားပိတ် တာက တနေကုန်ပိတ်မှာမဟုတ်ဘူး၊ သိပ်တွေးမနေတော့ဘူးဆိုပြီး စိတ်မွေးလိုက်မလား?