Listen in The Kitchen

“Garlic & Onion: Daily Flavor, Hidden Risks”


Listen Later

မီးဖိုထဲမှာနားဆင်ပါ - Episode #3

🎙 Listen in the Kitchen – “Garlic & Onion: Daily Flavor, Hidden Risks”

မြန်မာဟင်းရည်တိုင်းမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ မပါမဖြစ်ပါ...

ဟင်းလျာတွေအတွက် အရသာရှိစေပေမယ့် – ရှုပ်ထွေးနေတဲ့ အန္တရာယ်လေးတွေလည်း ရှိနေတတ်ပါတယ်။

💭 ကြက်သွန်နီ၊ ဖြူ ပေါ်မှာ အနက်ရောင်အမှုန်လေးတွေ မြင်ရရင် ဘာဖြစ်နိုင်လဲ?
💭 ကြက်သွန်နီ၊ ကြက်သွန်ဖြူကိုကြော်စားတာ အန္တရာယ်ရှိလား?
💭 ကြက်သွန်ဖြူကို ဆီထဲစိမ်ထားရင် ဘာအန္တရာယ်ရှိနိုင်လဲ? ဆီချက်ချက်စားရင်ကောင်းလား?

ဒီအပိုင်းအတွင်းမှာ ကျွန်တော်က အစားအသောက်သိပ္ပံပညာ လေ့လာသူတစ်ယောက်အနေနဲ့ ပြောပြသွားမယ့် အကြောင်းအရာတွေကတော့ –

  • စျေးမှာ ကြက်သွန်နီ၊ ဖြူ ရွေးရမယ့်နည်းလမ်းတွေ
  • မြန်မာနိုင်ငံလို ပူနွေးအစိုဓါတ်များတဲ့ရာသီဥတုမှာ ဘယ်လိုသိုလှောင်ထားရမလဲ
  • အနက်ရောင်အမှုန် (black mold), mycotoxin တွေကြောင့်ဘယ်အချိန်မှာ အားလုံး စွန့်ပစ်ရမလဲ? ဘယ်အချိန်မှာ လှီးထုတ်ပစ်ပြီးစားလို့ရသလဲ?
  • Botulism အန္တရာယ် ကို ဘယ်လိုရှောင်ရှားလဲ

ဒီအပိုင်းဟာ အိမ်ရှင်မများ၊ အစားအစာရောင်းချသူများ အတွက် အထူးသင့်တော်ပါတယ်။ မိသားစုနဲ့ မိမိဖောက်သည်တွေကို ကာကွယ်ဖို့ နေ့စဉ်မီးဖိုထဲက အလေ့အကျင့်လေးတွေကို ပြောထားပါတယ်..


အသုံးဝင်တယ်လို့ ထင်ရရင် - နေ့စဉ် ဟင်းချက်နေတဲ့ သူတွေကိုမျှဝေပေးပါ...

မီးဖိုခန်းထဲကနေ နားဆင်ရင်း မျှဝေရင်း မိမိကိုယ်တိုင်နဲ့ မိမိပတ်ဝန်းကျင်ရဲ့ကျန်းမာရေးကို ကာကွယ်ပေးနိုင်ကြပါစေ...

#ListenInTheKitchen #foodsafety #garlic #onion #MyanmarKitchen #Nutrition #DailyFlavorHiddenRisks #WunnaKyaw

...more
View all episodesView all episodes
Download on the App Store

Listen in The KitchenBy Raymond Kyaw