ဘုရားသခင်၏ အဆွေ
11 February 2024
Sayar Shwe Oo
Click the link to get access our social platform
https://linktr.ee/gpmcperth
ဘုရားသခင်ကို ကျွန်တော်တို့ရဲ့ အကောင်းဆုံးမိတ်ဆွေ အဖြစ် ကျွန်တော်တို့ အကြိမ်များစွာ ခွန်အားယူဆင်ခြင်ဖူးကြပါတယ်။
ဘုရားသခင်ဖက်ကကောကျွန်တော်တို့ကို သူ့ရဲ့မိတ်ဆွေ အဖြစ်သတ်မှတ်ဖို့ ကျွန်တော်တို့ အသက်တာမှာ ဘယ်အရာတွေ လိုအပ်လဲ။
ဘုရားရဲ့အဆွေဆိုတာ တကယ်တော့ ဘုရားကိုမှန်ကန်စွာ ကြောက်ရွံ့သောသူတွေပါ။
ဘုရားနဲ့ အရင်းနှီးဆုံးဆက်ဆံခွင့်ရတဲ့သူတွေက ဘုရားကိုမှန်ကန်စွာ ကြောက်ရွံ့သောသူတွေပါ။
"ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် ကိုယ်တော်မြတ်နှင့် မိဿဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ်တရားတော်ကို သိရသော အခွင့်ရှိကြ၏။"
ဆာလံ ၂၅:၁၄