"ဆုံးရှုံးခြင်းမှ ရွေးနှုတ်တည်ကြည်စေသူ" (The God of Restoration)
Sayar Shwe Oo
ရွေးနှုတ်တည်ကြည်စေသူ (The God of Restoration)
✝️ ပိုင်ရှင်ကသာလျှင် ပြုပြင်မွမ်းမံခွင့်ရှိပါတယ်။
✝️ အသင့်သုံးစရာလူတွေအများကြီးရှိနေရဲ့သားနဲ့ သုံးမရတဲ့ကျွန်ုပ်ကို ပြန်ရွေးဝယ်ပြီး ပြုပြင်ပေးတဲ့ သခင့်မေတ္တာသည် နှုတ်ဖြင့်မြွက်ဆို မမှီနိုင်ပါ။
✝️ ရွေ့လျော့သွားတဲ့သူ သခင့်ကိုငြင်းတဲ့သူရှိတဲ့နေရာအထိ သခင့်မေတ္တာက အမှီလိုက်လာခေါ်ပြီး သူ့မေတ္တာထဲမှာ ပြန်တည်ကြည်စေတယ်။
✝️ ကျိုးပဲ့နေတဲ့ အသက်တာတွေကို ပြန်လည်ပြုပြင်မွမ်းမံတဲ့နေရာမှာ အထူးကျွမ်းကျင်သူ (specialist)သခင့်ရဲ့ နှလုံးသားနဲ့ လက်တော်ကို ယုံကြည်ပြီး အသက်တာရဲ့ ကျိုးပဲ့နေတဲ့ နယ်ပယ်အားလုံးကို အပ်နှံခွင့်ရှိနေတာ စုံလင်တဲ့ ကျေးဇူးတော်ပါပဲ။