ဘုရားသခင် ၏ ဘုန်းတော် |Sayar Shwe Oo
“ဘုရားသခင်၏ဘုန်းတော်”
“သို့သော်လည်းတန်ခိုးတော်၏ဂုဏ်သရေသည် ငါတို့နှင့်မဆိုင်၊ ဘုရားသခင်နှင့်ဆိုင်မည်အကြောင်း၊ ထိုဘဏ္ဍာသည်မြေအိုးထဲမှာ ထည့်ထားလျက်ငါတို့၌ရှိ၏။” ၂ကော ၄း၇
ဘုရားသခင်၏ဘုန်းတော်သည် ဘုရားသခင်အတွက် အလွန်အရေးကြီးပါတယ်။ ငါဖြစ်သည့်အတိုင်းငါဖြစ်တဲ့ ဘုရားသည် သူ့ဘုန်းတော်အတွက် သူ့စိတ်ကြိုက် သူလုပ်ချင်တာလုပ်ပါတယ်။
ဘုရားသည် သူ၏ဘုန်းတော်ကို အဘယ်သူကိုမှ မပေးပါ။ ဘုရားမပေးတဲ့ သူ့ဘုန်းကို ခိုးယူချင်ခြင်းသည် စာတန်၏ နှလုံးသည်းခြေဖြစ်ပါတယ်။
ဘုရားရဲ့ဘုန်းကိုမြင်တွေ့ခံစားရတဲ့ သူ့သဏ္ဌာန်တူဖန်ဆင်းခံရတဲ့လူသားသည် ဘုရားလိုဖြစ်ချင်ပြီး ဘုရားဘုန်းကို ခိုးယူဖို့ မဟုတ်ဘဲ ဘုရားကိုသာ၍လိုချင်ဖို့ဖြစ်ပါတယ်။