ဒီနေ့အတွက်စကား

If the energy matches, the relationship will be fine


Listen Later

Energyတွေမတူတဲ့အခါ ပေါင်းစပ်ဖို့ခက်တယ်။ဘယ်လိုမျိုးလဲဆိုတော့Relationshipတစ်ခုအပေါ်ထားတဲ့ Energyခြင်း မတူတဲ့ အခါမှာ ကျွန်တော်တို့ဟာ တစ်ယောက်နဲ့တစ်ယောက်ပေါင်းစပ်လို့လည်းမရသလိုပေါင်းစပ်ခွင့်လည်း မရှိကြတော့ဘူး Energy Matchမဖြစ်တဲ့သဘောကကိုယ်က သူ့အပေါ်မှာ ၁၀၀ဖိုးချစ်ခြင်းမေတ္တာပေးထားတယ်ဆိုရင် သူ့ဘက်က ၁၀၀အပြည့် ပြန်မပေးနိုင်တောင်၅၀အောက်တော့လျော့လို့မဖြစ်ဘူး ၅၀အောက်လျော့သွားရင် သူနဲ့ကိုယ်က EnergyMatchမဖြစ်တော့ဘူး ပေါင်းစပ်လို့မရတော့ဘူး။                                                                                                                                                 ကိုယ်က ဒီRelationshipပြေလည်ချင်လို့ရေကုန်ရေခမ်းရသမျှနည်းတွေနဲ့ လိုက်ပြီးကြိုးစားနေတယ်သူ့ဘက်က တုံဏိဘာဝေနဲ့ ကိုယ်ပြေးနေတဲ့နောက်ကိုတရွတ်တိုက်တောင်ပါမလာဘူး။ဒီRelationshipအတွက် Energyထုတ်မသုံးချင်ဘူးဆိုရင်သူနဲ့ကိုယ် ကြားမှာက ကတောက်ကဆတွေပိုများလာတယ်။ အဆင်မပြေတာတွေပိုများလာပြီးမပျော်ရတော့ဘူး။ ပြဿနာက ကိုယ့် ကြောင့် ဖြစ်တဲ့အခါတွေမှာကိုယ့်မှာရှိသမျှ Energyတွေ စိတ်ခွန်အား လူခွန်အားတွေကို အကုန်ထုတ်သုံးပြီး ဖြေရှင်းပေမယ့်ပြဿနာက သူ့ကြောင့်ဖြစ်လာတဲ့အခါတွေမှာEnergyထုတ်သုံးပြီးဖြေမရှင်းချင်ပဲ ကိုယ့်ကြောင့်ပါလို့ ကိုယ့်အပေါ် အပြစ်ပုံချ ချင်နေရင် ဒါဟာကိုယ့်နဲ့ Energy matchမဖြစ်တော့ခြင်းပါပဲ။

...more
View all episodesView all episodes
Download on the App Store

ဒီနေ့အတွက်စကားBy Padamyar FM