ဒီနေ့အတွက်စကား

If you encounter difficulties, don't run away.


Listen Later

ကျွန်တော်တို့ နိစ္စဓူဝရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေ ၊ ပြဿနာတွေ ၊ စိန်ခေါ်မှုတွေက ကျွန်တော်တို့အတွက် ပိုကောင်းတဲ့အခြေအနေတစ်ရပ်ရောက်လာအောင် ဆွဲတင်ပေးတဲ့အရာတွေပါ။ တစ်ယောက်နဲ့ တစ်ယောက်ရင်ဆိုင်ကြုံတွေ့ရတာခြင်း မတူ သလို ၊ ဖြေရှင်းတဲ့ ပုံတွေလည်း ကွဲပြားခြားနားမှုရှိပါတယ်။ အဲ့သလိုတွေကြောင့်မို့ တစ်ယောက်နဲ့ တစ်ယောက် တိုးတက်မှုတွေဟာကွာခြားသွားပါတယ်။                                                                                                                                                ပြဿနာတွေကိုကိုင်တွယ်ဖြေရှင်းတဲ့အပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့ရဲ့အခြေအနေတွေဟာပိုမိုကောင်းမွန်လာနိုင်သလို ပိုမိုဆိုးရွားတာမျိုးလည်းကြုံတွေ့နိုင်ပါတယ်။တစ်ချို့သူတွေကတော့ စိန်ခေါ်မှုတွေ ၊ အခက်အခဲတွေကို ကြုံတွေ့လာရင် ထွက်ပြေး ဖို့ကြိုးစားတတ်ကြတယ်။ တစ်ချိုကတွေကတော့ ထိပ်တိုက်ရင်ဆိုင်တတ်ကြပါတယ်။ဘယ်လိုပဲဖြစ်ပါစေ ပြဿနာတစ်ခု၊ စိန်ခေါ် မှု တစ်ခု ၊ အခက်အခဲ တစ်ခုဟာဖြေရှင်းချင်းမရှိပဲနဲ့ ပြေပျောက်သွားတယ်ဆိုတာမရှိပါဘူး။  

...more
View all episodesView all episodes
Download on the App Store

ဒီနေ့အတွက်စကားBy Padamyar FM