
Sign up to save your podcasts
Or


အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ အခြားနိုင်ငံက Play Store တွေကို လည်ပတ်ခွင့်ပေးလိုက်တဲ့ Google အကြောင်း၊ အူရီဒူးမြန်မာနဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ ပူးပေါင်းကာ မြန်မာနိုင်ငံအပူပိုင်းဒေသရှိ တောင်သူလယ်သမားများကို ပံ့ပိုးပေးနိုင်ဖို့ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု စီမံကိန်းတစ်ခု အကောင်အထည်ဖော်ဆောင်ရွက်မယ့်အကြောင်း၊ ဇူလိုင် ၂၁ ရက်မှာ ဖွင့်လှစ်မယ့် Survey Training Course အမှတ်စဉ် ၉၃ ကို ကြိုတင်စာရင်းပေးသွင်းနိုင်ဆိုတဲ့အကြောင်းစတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို တင်ဆက်ပေးထားပါတယ်။
အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဆက်လက်ဖြစ်ပွားမှုနှုန်း မြင့်တက်လာတာကြောင့် Apple အနေနဲ့ ၂၀၂၁ ထိ ရုံးတွေ ပြန်ဖွင့်ဦးမှာ မဟုတ်တဲ့အကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၂) ခုရှိ အခြေခံကျန်းမာရေးပညာရှင် ဝန်ထမ်းများ၊ တိုက်နယ်နဲ့ မြို့နယ်ဆရာဝန်များထံ Mobile Tablet စုစုပေါင်း (၂၀,၀၀၀) ကျော်ကို ဖြန့်ဝေခဲ့ပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ် (၅) ခုသို့လည်း Mobile Tablet များ ဆက်လက်ဖြန့်ဝေရန် စီစဉ်လျက်ရှိဆိုတဲ့အကြောင်း၊ နာမည်ကျော် Donkey Kong Country ကို Switch အွန်လိုင်းလစဉ်ကြေး ဂိမ်းဝန်ဆောင်မှုမှာ ထည့်သွင်းလိုက်တဲ့ Nintendo အကြောင်းစတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို တင်ဆက်ပေးထားပါတယ်။
အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ ဩဂုတ် ၅ ရက် Virtual Unpacked ပွဲမှာ Note 20, Galaxy Z Fold 2 နဲ့ Galaxy Z Flip 5G ဗားရှင်းထုတ်ကုန်သစ်တွေ မိတ်ဆက်မယ့် Samsung အကြောင်း၊ Evan Blass ဆီကနေ ဇူလိုင် ၂၁ ရက်မှာ မိတ်ဆက်မယ့် OnePlus Nord ဒီဇိုင်းဓာတ်ပုံတွေ ထွက်ပေါ်လာတဲ့အကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးပြီး Digital Marketing အမှတ်စဉ် (၂) အွန်လိုင်းသင်တန်းကို ဇူလိုင် ၁၈ ရက် မှာ ဖွင့်လှစ်သွားမယ်ဆိုတဲ့အကြောင်းစတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို တင်ဆက်ပေးထားပါတယ်။
အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ Formula E ယာဉ်မောင်း လူးကပ်ဒီဂရာဆီနဲ့ Formula One ယာဉ်မောင်းဟောင်း အဲလက်စ်ဝါ့ဇ်တို့ ဖန်တီးနေတဲ့ eSkootr ဂိမ်း ၂၀၂၁ တွင် ထွက်ရှိမယ်ဆိုတဲ့အကြောင်း၊ ပေါ်လစီချိုးဖောက်မှုကြောင့် ဗီဒီယို ၄၉ သန်းကျော်ကို TikTok ဖယ်ရှားခဲ့တယ် ဆိုတဲ့အကြောင်း၊ အခြေခံပညာသင်ရိုး ညှိနှိုင်းအစည်းအဝေးမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ သင်ယူမှုအခွင့်အလမ်း မဆုံးရှုံးစေရေးအတွက် ရှိနေတဲ့အခြေအနေမှာ အဖြစ်သင့်ဆုံး အကောင်းဆုံး အနေအထားနဲ့ ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပြောကြားခဲ့ဆိုတဲ့အကြောင်းစတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို တင်ဆက်ပေးထားပါတယ်။
အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ ကွန်ပျူတာမှာ ကစားနိုင်မယ့် Halo 3 ဂိမ်း ဇူလိုင်လ ၁၄ မှာ The Master Chief Collection တစ်စိတ်တစ်ပိုင်းအဖြစ်ထွက်ရှိမှာဖြစ်ပြီး Xbox Game Pass လစဉ်ကြေးပေးသွင်းထားသူတွေအနေနဲ့ အခမဲ့ ကစားနိုင်မယ့်အကြောင်း၊ Facebook Messenger နဲ့ WhatsApp သုံးစွဲသူတွေကို ပေါင်းစည်းပေးမယ့် ကာလရှည်စီမံကိန်းရဲ့ ကနဦးခြေလှမ်းဖြစ်လာနိုင်တဲ့ WhatsApp နဲ့ cross-chat လုပ်နိုင်မယ့် Facebook Messenger လုပ်ဆောင်ချက်ဆိုတဲ့အကြောင်း၊ အခြေခံပညာ Grade (1) မှ Grade (11) ထိ ကျောင်းသား၊ ကျောင်းသူများ သင်ရိုးသင်ခန်းစာ ဗီဒီယိုတွေကို လေ့လာနိုင်မယ့် Waso Learn Mobile Application ကို Strategy First Education Group ကစီစဉ်မိတ်ဆက်ဆိုတဲ့အကြောင်းစတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို တင်ဆက်ပေးထားပါတယ်။
အင်တာနက်ဂျာနယ် တစ်နေ့တာသတင်း အသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ ဇူလိုင်လ ၂၁ ရက်မှစပြီး ငွေပေးချေကတ် YPS Card ကို YBS ယာဉ်လိုင်းတွေမှာ စတင်အသုံးပြုတော့မယ်ဆိုတဲ့အကြောင်း၊ Fortnite ကုမ္ပဏီမှာ ဒေါ်လာသန်း ၂၅၀ ရင်းနှီးမြှုပ်နှံခဲ့တဲ့ Sony ဆိုတဲ့အကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှာ ကျင်းပမယ့် Japanese-Language Proficiency Test (JLPT) စာမေးပွဲကြေးတွေကို ဇူလိုင် ၂၁ ရက် မှ စက်တင်ဘာ ၃၀ ရက် အတွင်း AYA PAY၊ KBZ PAY ၊ ဘဏ်အကောင့်တွေနဲ့ ပြန်လည်ထုတ်ပေးသွားမယ့်အကြောင်းစတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို တင်ဆက်ပေးထားပါတယ်။
အင်တာနက်ဂျာနယ် တစ်နေ့တာသတင်း အသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ Viber အသုံးပြုသူများ အနေနဲ့ GIF ဖန်တီးပြုကာ မိမိတို့ရဲ့ မိသားစုဝင်များ မိတ်ဆွေသူငယ်ချင်းများထံသို့ ပေးပို့နိုင်ပြီဆိုတဲ့အကြောင်း၊ Honda Foundation နဲ့ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA) တို့မှ ပူးပေါင်းပေးအပ်တဲ့ Honda Y.E.S Award 2020 အတွက် လျှောက်လွှာခေါ်ယူနေဆိုတဲ့အကြောင်း၊ စားသောက်ဆိုင် (၅၀) ကနေ မှာယူမှုများအတွက် ဇူလိုင်လတစ်လလုံး အစားအသောက်တွေ အခမဲ့ ပို့ဆောင်ပေးသွားမယ့် GrabFood အကြောင်းစတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို တင်ဆက်ပေးထားပါတယ်။
From the publisher's feed