
Sign up to save your podcasts
Or


Sony ကတော့ CES 2021 ပြပွဲမှာ Airpeak ဒရုန်းအသစ်ကို အမြည်းမိတ်ဆက်ခဲ့ပြီး ဒရုန်းဈေးကွက်ထဲဝင်လာတဲ့အကြောင်း၊ WhatsApp ဟာ ဗုဒ္ဓဟူးနေ့တုန်းက သုံးစွဲသူ အချက်အလက်တွေကို မိခင်ကုမ္ပဏီ Facebook နဲ့အတူ ဝေမျှသုံးစွဲမယ်ဆိုတဲ့အကြောင်း၊ အနာဂတ်လုပ်အားစုများ ၂၀၂၁ ခုနှစ် ဝိုင်ဆီးလီ ၈ ရက်ကြာ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲကို အာရှဖောင်ဒေးရှင်းကနေပြီး စင်ကာပူနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနဲ့ ပူးပေါင်းအကောင် အထည်ဖော်တာ ဖြစ်ပြီး ဆွေးနွေးပွဲတက်ရောက်ဖို့အတွက် လျှောက်လွှာတွေကို ဇန်နဝါရီ ၁ ရက်ကနေ ဖေဖော် ဝါရီ ၁ ရက်အတွင်း https://www.ysealifutureworkforce2021.org ကနေ လျှောက်ထားနိုင်တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာသတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
ဆန်စပါးကဏ္ဍမှာပါဝင်တဲ့ တောင်သူများ၊ လုပ်ငန်းရှင်များ တစ်ဦးနဲ့တစ်ဦး အချင်းချင်းချိတ်ဆက်လုပ်ဆောင် နိုင်စေဖို့ ရည်ရွယ်ပြီး ဖန်တီးရေးသားထားတဲ့ MRF Rice Portal Mobile Application မိတ်ဆက်တဲ့အကြောင်း၊ အွန်လိုင်းအလုပ်အကိုင်ပြပွဲ First Ever Virtual Career Fair ဖေဖော်ဝါရီ ၆ ရက်နဲ့ ၇ ရက်တွေမှာ MyJobs မှ ကြီးမှူးကျင်းပသွားမယ့်အကြောင်း၊ နှစ်စဉ်ပြုလုပ်နေကျ အကြီးမားဆုံး နည်းပညာပြပွဲ ဖြစ်တဲ့ လူသုံးကုန်အီလက်ထရောနစ်ပြပွဲ (CES) က ဇန်နဝါရီ ၁၁ ရက်မှာ စတင်ပြုလုပ်နေပြီ ဖြစ်ပြီး ကြည့်ရှုလိုသူတွေအနေနဲ့ https://ces2021.eventcore.com/... မှာစာရင်းပေးသွင်းကြည့်ရှုနိုင်တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်း တွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
ဒေါ်နယ်ထရမ့်ဟာ Facebook နဲ့ Instagram အသုံးပြုမှု အကန့်အသတ်မရှိ ပိတ်ခံရတဲ့အကြောင်း၊ လုပ်ငန်းတွေအနေနဲ့ ဝန်ဆောင်မှုပေးလျက်ရှိတဲ့ အကြောင်းအရာတွေ၊ ပစ္စည်းတွေကို တစ်နေရာတည်းမှ အလွယ်တကူ သိရှိနိုင်စေရန်နဲ့ မှန်ကန်တိကျတဲ့ အချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ အသုံးပြုသူထံ ထိထိရောက်ရောက်နဲ့ အချိန်တိုအတွင်း ပေးပို့နိုင်မယ့် IJ Marketplace ပလက်ဖောင်းသစ်မိတ်ဆက်ဆိုတဲ့အကြောင်း၊ AYA iBanking အနေနဲ့ ဧရာဝတီဘဏ်အချင်းချင်းအပြင် ပြည်တွင်းက အခြားဘဏ်တွေကို အချိန်မရွေး ငွေလွှဲနိုင်ပြီ ဖြစ်တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်း တွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Twitter ဟာ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ပထမဆုံးအကြိမ်အဖြစ် ဝါရှင်တန်ပြည်နယ်မှာ မငြိမ်မသက်မှုနဲ့ အကြမ်းဖက်မှုဖြစ်ပေါ်တဲ့နေ့မှာပဲ သမ္မတထရမ့်ရဲ့ အကောင့်ကို ဒဏ်ခတ်မှုအဖြစ် ပိတ်လိုက်တဲ့အကြောင်း၊ Apple ဟာ တရုတ်နှစ်သစ်ကို ဂုဏ်ပြုမှုအဖြစ် AirPods Pro limited edition တစ်မျိုးကို မိတ်ဆက်ဆိုတဲ့အကြောင်း၊ သူနာပြုနှင့်သားဖွားဒီပလိုမာ (၃ နှစ် သင်တန်း) နှင့် သားဖွားဒီပလိုမာ (၂ နှစ် သင်တန်း) နောက်ဆုံးနှစ်များတွင် အီလက်ထရောနစ်စနစ်သုံး သင်ကြားသင်ယူမှုပုံစံ (E-Learning Platform) ထည့်သွင်းကာ စတင်သင်ကြားပေးသွားမှာဖြစ်တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်း အသံလွှင့်အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
၂၀၂၁ ခုနှစ်ရောက်ပြီး တစ်ပတ်မကြာသေးခင်မှာ iPhone ခေါက်စမတ်ဖုန်း ကောလာဟလတွေထွက်လာဆိုတဲ့အကြောင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးဆောင်ရန် လိုအပ်သော ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်များနှင့် တံဆိပ်ခေါင်းခွန်များ အတွက် အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) အမှတ်ကို ထည့်သွင်းကာ AYA Pay Mobile Wallet မှတစ်ဆင့် ပေးဆောင်နိုင်တဲ့အကြောင်း၊ Samsung ဟာ ၂၀၂၁ ခုနှစ်မှာတော့ Galaxy S21 ဖုန်းကို ပုံမှန်ထက်စောပြီး မိတ်ဆက်မှာဖြစ်ပြီး Samsung ဟာ ၂၀၂၁ ခုနှစ်အတွက် ပထမဆုံး Unpacked ပွဲကိုတော့ ဇန်နဝါရီ ၁၄ ရက် ပစိဖိတ်အချိန် နံနက် ၇ နာရီမှာ ပြုလုပ်သွားမှာဖြစ်တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာသတင်းအသံလွှင့်အစီအစဉ်ရဲ့ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Facebook Security Team အယောင်ဆောင်ကာ Massage များပေးပို့နေတယ်လို့ အထူးသတိပေးချက်တစ်ခုကို mmCERT က ထုတ်ပြန်ခဲ့တဲ့အကြောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ဘွဲ့ကြိုနှီးနှောဖလှယ်ရေးပညာသင်ဆုအစီအစဉ် (Global UGRAD) အတွက် လျှောက်လွှာခေါ်ယူနေပြီး လျှောက်ထားသူတွေအနေနဲ့ https://bit.ly/3prbNYi မှ တစ်ဆင့်တင်ပြပေးရမှာဖြစ်တဲ့အကြောင်း၊ Microsoft ဟာ Windows 10 မှာ Mail နဲ့ Calendar app တွေကို အစားထိုးဖို့ Outlook app အသစ်တစ်ခုကို စမ်းသပ်ခဲ့တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာ နယ် တစ်နေ့တာသတင်း အသံလွှင့်အစီအ စဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
COVID-19 ကပ်ရောဂါကာလအတွင်း Vybe Together အမည်ရတဲ့ iOS app ကိုအသုံးပြုပြီး ပါတီတွေစီစဉ်နိုင်တာကြောင့် Apple က App Store ကဖြုတ်ချလိုက်တဲ့အကြောင်း၊ Fast food စားသောက်ဆိုင်တွေ ပိုင်ဆိုင်တဲ့ KFC ဟာ ကြက်သားကို အပူပေးနိုင်တဲ့ ဂိမ်းစက်ကိုမိတ်ဆက်တဲ့အကြောင်း၊ Youth International University (YIU) မှ Virtual Learning Platform ဖြစ်တဲ့ www.youth-vle.com ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ မိတ်ဆက်သွားမယ်အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာသတင်း အသံလွှင့်အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
စာသင်ကျောင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြိုင်နက်တည်းမဖွင့်ဘဲ ရောဂါဖြစ်ပွားမှုနည်းသည့် မြို့နယ်များ၊ လူဦးရေနည်းသည့် နေရာများ၊ ရွှေ့ပြောင်းနေထိုင်သူနည်းသည့် နေရာများမှစ၍ အဆင့်လိုက် အဆင့်လိုက် စတင်ဖွင့်လှစ်မယ့်အကြောင်း၊ Google ဟာ မိုဘိုင်းထုတ်ကုန်တွေမှာ Google app အတွင်း ကိုယ်ပိုင် carousel ပုံစံနဲ့ Instagram နဲ့ TikTok ဗီဒီယိုအတိုတွေ ရှာပေးမယ့် လုပ်ဆောင်ချက်ကို စမ်းသပ်နေတဲ့အကြောင်း၊ Astrophotography ထောက်ပံ့မှုကို Pixel နဲ့ Pixel 4a မှာ Google ဖယ်ရှားဆိုတဲ့အကြောင်းစတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာသတင်း အသံလွှင့်အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
ကုန်သွယ်ရေးဦးစီးဌာနရဲ့ အွန်လိုင်း (CO) လျှောက်ထားမှုစနစ်ကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ယာယီရပ်ဆိုင်းမယ်ဆိုတဲ့အကြောင်း၊ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း (Myanmar Digital Media Association) ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်မှာ ဖွဲ့စည်းတော့မှာ ဖြစ်တဲ့အတွက် အသင်းဝင်တွေလျှောက်ထားနိုင်ဖို့ ဖိတ်ခေါ်ထားပြီး အသင်းသားလျှောက်လွှာတွေကို https://www.myanmardigitalmedia.org/membership-information မှတစ်ဆင့် လျှောက်ထားနိုင်တဲ့ အကြောင်း၊ Samsung ရဲ့အသစ်ထွက်ရှိမယ့် Galaxy S21 စမတ်ဖုန်းတွေကတော့ တရားဝင်မိတ်ဆက်မယ့် ရက်စွဲမထွက်သေးပေမယ့် အမေရိကန်မှာ ကြိုတင်မှာယူခွင့်ပြုလိုက်တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာသတင်း အသံလွှင့်အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံအစိုးရတက္ကသိုလ်နဲ့ ကောလိပ်များအတွင်း Google ရဲ့ Terms of Service ကိုလက်မှတ်ရေးထိုးကာ Google for Education ကို စတင်အသုံးပြုတဲ့ တောင်ကြီး ကွန်ပျူတာတက္ကသိုလ်သည် ပထမဦးဆုံး ရှေ့ဆောင်တက္ကသိုလ်ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှ စတင်တာဖြစ်တဲ့အကြောင်း၊ Xiaomi Mi 11 ကတော့ ဒီဇင်ဘာ ၂၈ ရက်မှာ တရားဝင်မိတ်ဆက်မယ်ဆိုတဲ့အကြောင်း၊ Telegram ဟာ Discord room နဲ့ဆင်တဲ့ group voice chat လုပ်ဆောင်ချက်ကို ထည့်သွင်းလိုက်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာသတင်း အသံလွှင့်အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
From the publisher's feed