
Sign up to save your podcasts
Or


စိတ်ထားကောင်းရင် ကံကောင်းမယ်ဆိုတဲ့စကားကိုလူတိုင်းကြားဖူးကြမှာပါ ။ ဘဝကို စိတ်သဘောထားကောင်းကောင်းမွန်မွန်နေထိုင်ရင်း အောင်မြင်အေးချမ်းစွာဖြတ်သန်းနေကြတဲ့သူတွေလည်းပတ်ဝန်းကျင်မှာ အများကြီးပါပဲ။ ဒါပေမဲ့စိတ်ရင်းစေတနာကောင်းဆိုတာ လူတိုင်းနဲ့ထိုက်တန်နေတာမျိုးမဟုတ်ပါဘူး ။မကောင်းသင့်တဲ့လူတွေကို ကောင်းမိတဲ့အခါ ကိုယ်ပဲ စိတ်ဒုက္ခရောက် ရမှာပါ။ စိတ်ရင်းကောင်းတယ် ၊စေတနာကောင်းတယ်ဆိုတာမျိုးက ချစ်စရာကောင်းတဲ့အပြုအမူဖြစ်ပေမဲ့လူတိုင်းအပေါ်ကောင်းပေးနေဖို့တော့ မလိုအပ်ပါဘူး။ ဒီလိုပြောနေတယ်ဆိုပေမယ့်စိတ်သဘောထားဆိုးခိုင်းနေတာလည်း မဟုတ်ပြန်ပါဘူး ။ သူ့နေရာနဲ့သူ မဟုတ်ဘဲမကောင်းတဲ့သူတွေအပေါ် ကိုယ်က ကောင်းပေးမိတဲ့အခါဘာတွေဖြစ်လာနိုင်တယ်လို့ထင်ပါသလဲ။ ကိုယ်က ကိုယ့် ပင်ကိုယ် သဘာဝ အတိုင်း ဘယ်သူ့အပေါ်မှာမဆိုစိတ်ရင်းမှန်နဲ့ ကောင်းကောင်းဆက်ဆံပေးတတ်ပေမဲ့ တချို့လူတွေရဲ့ စိတ်ထဲမှာတော့ကိုယ့်ကို အားနည်း တယ် လို့ ထင်သွားတတ်ပါတယ် ။ သူက ဘာပြောပြောရပါတယ်ကွာ ၊ သူ့ကငါခိုင်းရင်အကုန်လုပ်ပေးမှာ ၊ သူက ငါ့ကို မယှဥ်နိုင်ပါ ဘူး ဆိုတဲ့စကားတွေနဲ့ကိုယ့်ရဲ့သဘောကောင်းမှုကို အခွင့်ကောင်းယူတတ်ကြပါတယ်။ ဒါကြောင့်သတ်မှတ်ချက်လေးတစ်ခု ထားသင့်ပါတယ် ။
By Padamyar FMစိတ်ထားကောင်းရင် ကံကောင်းမယ်ဆိုတဲ့စကားကိုလူတိုင်းကြားဖူးကြမှာပါ ။ ဘဝကို စိတ်သဘောထားကောင်းကောင်းမွန်မွန်နေထိုင်ရင်း အောင်မြင်အေးချမ်းစွာဖြတ်သန်းနေကြတဲ့သူတွေလည်းပတ်ဝန်းကျင်မှာ အများကြီးပါပဲ။ ဒါပေမဲ့စိတ်ရင်းစေတနာကောင်းဆိုတာ လူတိုင်းနဲ့ထိုက်တန်နေတာမျိုးမဟုတ်ပါဘူး ။မကောင်းသင့်တဲ့လူတွေကို ကောင်းမိတဲ့အခါ ကိုယ်ပဲ စိတ်ဒုက္ခရောက် ရမှာပါ။ စိတ်ရင်းကောင်းတယ် ၊စေတနာကောင်းတယ်ဆိုတာမျိုးက ချစ်စရာကောင်းတဲ့အပြုအမူဖြစ်ပေမဲ့လူတိုင်းအပေါ်ကောင်းပေးနေဖို့တော့ မလိုအပ်ပါဘူး။ ဒီလိုပြောနေတယ်ဆိုပေမယ့်စိတ်သဘောထားဆိုးခိုင်းနေတာလည်း မဟုတ်ပြန်ပါဘူး ။ သူ့နေရာနဲ့သူ မဟုတ်ဘဲမကောင်းတဲ့သူတွေအပေါ် ကိုယ်က ကောင်းပေးမိတဲ့အခါဘာတွေဖြစ်လာနိုင်တယ်လို့ထင်ပါသလဲ။ ကိုယ်က ကိုယ့် ပင်ကိုယ် သဘာဝ အတိုင်း ဘယ်သူ့အပေါ်မှာမဆိုစိတ်ရင်းမှန်နဲ့ ကောင်းကောင်းဆက်ဆံပေးတတ်ပေမဲ့ တချို့လူတွေရဲ့ စိတ်ထဲမှာတော့ကိုယ့်ကို အားနည်း တယ် လို့ ထင်သွားတတ်ပါတယ် ။ သူက ဘာပြောပြောရပါတယ်ကွာ ၊ သူ့ကငါခိုင်းရင်အကုန်လုပ်ပေးမှာ ၊ သူက ငါ့ကို မယှဥ်နိုင်ပါ ဘူး ဆိုတဲ့စကားတွေနဲ့ကိုယ့်ရဲ့သဘောကောင်းမှုကို အခွင့်ကောင်းယူတတ်ကြပါတယ်။ ဒါကြောင့်သတ်မှတ်ချက်လေးတစ်ခု ထားသင့်ပါတယ် ။