ဒီနေ့အတွက်စကား

It's never too late for entrepreneurship.


Listen Later

စွန့်ဦးတီထွင်ဆိုတာ စူပါပါဝါ စွမ်းအား မဟုတ်ပါဘူး။ အခုခေတ်မှာနိုင်ငံရေး ခေါင်းဆောင်တွေ၊ စီးပွားရေးခေါင်းဆောင်တွေကနေ စွန့်ဦးတီထွင်စီးပွားရေးသမားတွေကို သူတို့ရဲ့ လုပ်ငန်းတွေ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်စေဖို့ ထောက်ပံ့ပေးတဲ့ အစီအစဉ်တ ွေများလာပါတယ်။ဒီလို အစီအစဉ်တွေ၊ဆွေးနွေးပြောဆိုမှု‌တွေကိုလဲ မကြာခဏ တွေ့ရမှာပါ။ဒီလိုမျိုး ဆွေးနွေးပွဲတွေက Apple တို့၊ Facebook တို့နဲ့ ဆင်တူတဲ့ငယ်ရွယ်တဲ့ Start-up Founder တွေ၊ စွန့်ဦးတီထွင်တွေကိုပဲသီးသန့် ဗဟိုပြုကြတာ များပါတယ်။ ဒီတော့ စွန့်ဦးတီထွင်ဆိုတာ ဒီလိုမျိုးတွေပဲလား?သူတို့လိုမျိုး တစ်ခုခုမှာ ဆန်းသစ်တီထွင်ပြနိုင်မှ၊ သူတို့လို လုပ်ပြနိုင်တဲ့စူပါပါဝါ ရှိမှလား? လို့ အထင်လွဲသွားနိုင်ပါတယ်။                                                                                                                      တကယ်တော့ စွန့်ဦးတီထွင် နယ်ပယ်ဆိုတာ နေရာတိုင်းမှာ ရှိပါတယ်။ ဘယ်နေရာကို ကြည့်ရှုလုပ်ဆောင်ရမလဲဆိုတာကို သိဖို့ပဲ လိုပါတယ်။Covidကြောင့်ကမ္ဘာကြီးမှာ စွန့်ဦးတီထွင်မှု အရည်အချင်းတွေက နယ်ပယ်ပေါင်းစုံမှာ လိုအပ်နေတယ်ဆိုတာကို သိသာလာစေပါတယ်။လူတစ်ယောက်ချင်းစီကစလို့ လုပ်ငန်းကြီးတွေ၊ကုမ္ပဏီကြီးတွေအထိ ပြဿနာတွေကို ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ဖြေရှင်းချက်တွေ လိုအပ်လာပါတယ်။နောက်တစ်ခါ ဒီလိုအကြပ်အတည်းမျိုး ထပ်မကြုံရခင်မှာပြင်ဆင်ထားရမယ့် စွန့်ဦးတီထွင် Mindset တွေ ရှိဖို့လဲ လိုအပ်လာပါတယ်။                                                                                      

...more
View all episodesView all episodes
Download on the App Store

ဒီနေ့အတွက်စကားBy Padamyar FM