ဒီနေ့အတွက်စကား

It's okay to be happy alone.


Listen Later

တချို့သောလူတွေက တစ်ယောက်တည်းလည်း နေရတာ အဆင်ပြေပြီးပျော်ပေမယ့် အချို့သူတွေအတွက်တော့ တစ်ကိုယ် တည်း အဆင်ပြေဖို့ ပျော်ဖို့ကစိန်ခေါ်မှုတစ်ခုပါ။ ချစ်ခင်ရသူတွေရဲ့ အနားမှာရှိပြီး ဘဝကို အတူတူဖြတ်သန်းရခြင်းကအမှန်တကယ်ကို ပျော်ရွှင်မှု တစ်ခုပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့်သော်လည်းကောင်း၊ကိုယ်တိုင်ရွေးချယ်မှုကြောင့် သော်လည်းကောင်း တစ်ကိုယ်တော် ဖြတ်သန်းဖို့ဆုံးဖြတ်တဲ့အခါမှာ ဘာမှမစိုးရိမ်ပါနဲ့။ လုပ်ဆောင်ရမယ့်အချက်က သိပ်ကိုရိုးရှင်းလွန်းလှပါတယ်။                                                                                                                                      ကိုယ့်ကိုယ်ကိုယ် သူများနဲ့ မယှဉ်ပါနဲ့။ ဒီအချက်က ပြောရတာလွယ်ပေမယ့် တကယ့်လက်တွေ့မှာတော့ လူ့သဘာဝအရ ကိုယ့် ရဲ့ဖြစ်တည်မှုနဲ့ အခြားသူများရဲ့ ဖြစ်တည်မှုကို နှိုင်းယှဉ်မိတတ်ကြပါတယ်။ ဒီလိုကိုယ့်ရဲ့ လူမှုရေးဘဝကို အခြားသူများနဲ့ မနှိုင်း ယှဉ်ပါနဲ့။ ဒီလိုနှိုင်းယှဉ်မိခြင်းက စိတ်ကို အလိုမကျဖြစ်စေပြီး ပျော်ရွှင်စေမှာ မဟုတ်ပါဘူး။ကိုယ်ကိုယ်တိုင် ဖြစ်တည်မှု ကိုသာ အာရုံစိုက်ပါ။                                                                                                                                                                           

...more
View all episodesView all episodes
Download on the App Store

ဒီနေ့အတွက်စကားBy Padamyar FM