Podcast For Change

ခွဲခြားမဆက်ဆံတတ်တဲ့ ပေါက်ကွဲပစ္စည်းများအန္တရာယ်


Listen Later

ကမ္ဘာ့လူသားထုရဲ့ ပန်းတိုင်တွေထဲက တစ်ခုက “ခွဲခြားဆက်ဆံမှုကင်းဝေးရေး” လို့ဆိုကြပါတယ်။ လူသားသမိုင်းကိုပြန်ကြည့်ရင် သမိုင်းတင်ကတည်းက ခွဲခြားဆက်ဆံမှုရှိခဲ့တာဆိုတော့ ဒီပန်းတိုင်ရောက်ဖို့ လူတွေရှိသရွေ့ ကြိုးစားကြရမယ့် သဘောရှိတယ်။ ပန်းတိုင်ထားတယ်သာ ပြောတယ် အမျိုး၊ ဘာသာ၊ သာသနာ၊ ဥစ္စာဓန၊ ဂုဏ်ရည်၊ သူ့ဖက်ကိုယ့်ဖက်တွေနဲ့ ရှုပ်ယှက်နေတဲ့လူတွေဟာ လက်နက်ကိုင် စစ်ပွဲတွေမှာတော့ ဆိုင်ရာဖက်ခြမ်းအသီးသီးက လူသတ်လက်နက်ကိုယ်စီသုံးကြပါတယ်။ အဲ့ဒီလက်နက်တွေထဲမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ တန်ချိန်သိန်းသန်းချီ ပါဝင်နေပါတယ်။ လူချင်းချင်းသာခွဲခြားတာရှိမယ် အဲ့ဒီပစ္စည်းတွေကတော့ ဘယ်သူ့ ဘယ်သူကိုမှ ခွဲခြားဆက်ဆံခြင်းမရှိပါဘူး။ ဘယ်သူ့တွက်မဆို အန္တရာယ်အကြီးကြီး ကျရောက်သွားနိုင်ပါတယ်။ ဒီပစ္စည်းတွေရဲ့ အန္တရာယ်ကို ကမ္ဘာအရပ်ရပ်က လူသားတွေ ကာကွယ်တန်ပြန်ဖို့၊ နောက်အသုံးမပြုကြဖို့ ဆော်ဩတိုက်တွန်းနေကြပေမဲ့ လူ့အဖွဲ့အစည်းတွင်း ငြိမ်းချမ်းမှုမရှိတဲ့ ပဋိပက္ခဒေသတွေမှာ နေ့စဉ်အသစ်အသစ်သော မိုင်းနဲ့ပေါက်ကွဲပစ္စည်းတွေ ထောင်နေ၊ သုံးနေ၊ ကြဲချနေကြတုန်းပါပဲ။ ဒီအပိုင်းမှာ...
...more
View all episodesView all episodes
Download on the App Store

Podcast For ChangeBy Burma Podcast Network