"စိတ်နှလုံးကို စောင့်ရှောက်သော ငြိမ်သက်ခြင်း"တင်ဆက်သူ - July Moeသမ္မာကျမ်းချက် - ဖိလိပ္ပိ ၄:၆-၇
“အ ဘယ် အ မှု ကို မျှ စိုး ရိမ် ခြင်း မ ရှိ ဘဲ အ ရာ ရာ၌ ကျေး ဇူး တော် ကို ချီး မွမ်း ခြင်း နှင့် တ ကွ ဆု တောင်း ပ တ္ထ နာ ပြု သော အား ဖြင့်၊ သင် တို့ တောင်း ပန် လို သော အ ရာ များ တို့ ကို ဘု ရား သ ခင် အား ကြား လျှောက် ကြ လော့။- ထို သို့ ပြု လျှင် အ ဘယ် သူ မျှ ကြံ၍ မ မီ နိုင် သော ဘု ရား သ ခင်၏ ငြိမ် သက် ခြင်း သည် ယေ ရှု ခ ရစ် အား ဖြင့် သင် တို့၏ စိတ် နှ လုံး တို့ ကို စောင့် မ လိမ့် မည်။”
ကျွန်မတို့ နေ့စဉ်ဘဝမှာ မနက်ဖြန်အတွက်၊ အလုပ်အကိုင်အတွက်၊ မိသားစုအတွက် စိုးရိမ်ပူပန်စရာတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ စိတ်ပူပန်ခြင်းက ကျွန်မတို့ရဲ့ နေ့ရက်တွေကို မှေးမှိန်စေပြီး ပျော်ရွှင်မှုကို ခိုးယူသွားတတ်ကြတယ်မဟုတ်လား။
ဒါပေမဲ့ ဒီနေ့ နှုတ်ကပတ်တော်ကတော့ အရာအားလုံးကို ဘုရားသခင်ဆီ အပ်နှံဆုတောင်းဖို့ ဖိတ်ခေါ်နေပါတယ်။ ကျွန်မတို့ဘက်က ကျေးဇူးတော်ကို ချီးမွမ်းပြီး အပ်နှံလိုက်တဲ့အခါ၊ ကျွန်မတို့ရဲ့ အခြေအနေတွေ မပြောင်းလဲသေးရင်တောင်မှ လူ့ဉာဏ်နဲ့ မမှီနိုင်တဲ့ "ဘုရားသခင်၏ ငြိမ်သက်ခြင်း" က ကျွန်မတို့ရဲ့ စိတ်နှလုံးကို အရင်ဆုံး လာရောက်ဝန်းရံ စောင့်ရှောက်ပေးမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့မှာ စိုးရိမ်စရာတွေ ရှိနေရင် အဲဒီအရာတွေကို ဆုတောင်းခြင်းနဲ့ ဘုရားသခင်လက်ထဲ အပ်နှံလိုက်ရအောင်။ ပြီးတော့ ဘုရားပေးတဲ့ တကယ့်ငြိမ်သက်ခြင်းကို ခံစားရင်း အားသစ်နဲ့ ရှေ့ဆက်လိုက်ကြရအောင်နော်။
#WordOfHopeLHM #JulyMoe #woh #spirituality #hope4you #wordofhope #WOHLHMMyanmar
Connect with us:- Facebook: https://www.facebook.com/WOHmyanmar
- YouTube: https://www.youtube.com/
- Email: wohhopeforyouth#gmail.com
Support this Ministry: If this message blessed you, please share it with your friends and family. Your support helps us spread God's Word further.
Listen on: Apple Podcasts | Spreaker Podcast | Google Podcasts | YouTube Podcast | Facebook Page.