Myat Min Lu

ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးနေပါသလား?


Listen Later

ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးနေပါသလား? = = = = =  

သိမ်ငယ်ခြင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးခြင်းရဲ့ အစပဲဖြစ်ပါတယ်။  လူတစ်ယောက်ဟာ လူရာသွင်းမခံရတာ များလာတဲ့အခါ၊ စိတ်ဖိစီးမှုတွေ များလာတဲ့အခါ၊ အနှိမ်ခံရတာတွေ များလာတဲ့အခါ၊ အပြစ်တင်ခံရတာတွေ များလာတဲ့အခါ သူ့ရဲ့မသိစိတ်မှာ အလိုအလျောက် သိမ်ငယ်မှုတွေ ဝင်လာတတ်ပါတယ်။  တခါတစ်လေမှာ ကိုယ့်ထက်ရာထူးကြီးတဲ့သူ၊ ကိုယ့်ထက်ချမ်းသာတဲ့သူ၊ ကိုယ့်ထက် အဆင့်အတန်းမြင့်တဲ့သူတွေနဲ့ တွေ့တဲ့အခါ မသိမသာလေး ကိုယ့်ရဲ့စိတ်မှာ တွန့်ဆုတ်နေတတ်ပြန်ပါတယ်။  ဒါကြောင့် ကိုယ့်ကိုယ် ယုံကြည်မှုရှိဖို့ဆိုရင် အရင်ဆုံး ကိုယ့်ရဲ့အားနည်းချက်နဲ့ အားသာချက် တွေကို သိထားဖို့လိုအပ်ပါတယ်။  တစ်ခုလောက်ကို အခု စဉ်းစားကြည့်ပါ။ မိတ်ဆွေအနေနဲ့ "ပူပင်သောက ကင်းပြီး လိုချင်တာတွေ ပြည့်ပြည့်စုံစုံရနေတဲ့သူတစ်ယောက်လို့ ခံစားကြည့်လိုက်ပါ။"  နောက်တစ်ခုအနေနဲ့ "ကိုယ့်မှာအကြွေးတွေ ပတ်လည်ဝိုင်းပြီး ညညဆိုရင် စိုးရိမ်သောကတွေ နဲ့အိပ်မပျော်ဘူးလို့" တစ်ချက်လောက်တွေးကြည့်လိုက်ပါ။  ဒီအတွေး ၂ ခုမှာ ကွဲပြားခြားနားမှုတွေ အများကြီးရှိပါတယ်။  ဒီတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ ကိုယ့်ရဲ့ Confidence က အတွေးထဲမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပုံဖော်လဲဆိုတဲ့ အပေါ်မှာ အများကြီးမူတည်မှုရှိ ပါတယ်။  ဒါ့ကြောင့် မိတ်ဆွေအနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့ဆိုရင် - ကိုယ့်ရဲ့ကောင်းတဲ့အချက်တွေကို တွေးပါ - ကိုယ့်ရဲ့ အားသာချက်တွေကို တွေးပါ - ကိုယ့်ကိုယ်ကိုယ် စိတ်ဆင်းရဲအောင်မတွေးပါနဲ့ - ကိုယ့်ရဲ့ အားနည်းချက်တွေကို တွန်းလှန်ပါ - ကိုယ့်ရဲ့ အားနည်းချက်တွေကို ပြင်ဆင်ပါ အဲ့နောက် ကျွန်တော်နဲ့အတူ အသက်ကိုဝဝရှုပြီး ခါးကိုမတ်မတ်ထားကြည့်လိုက်ပါ။  အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော် မြတ်မင်းလူပါ။ မင်္ဂလာရှိတဲ့ နေရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေချင်ဗျာ!  

MyatMinLu@KaungThit 

Founder of VECTOR Online Learning Platform

https://vector.com.mm 

#myatminlu #motivation #tips

...more
View all episodesView all episodes
Download on the App Store

Myat Min LuBy Myat Min Lu