ကျွန်တော် လူငယ်တွေနဲ့ လူလတ်အပိုင်းအရွယ်တွေကို အမြဲတမ်းမေးကြည့်ဖြစ်ပါတယ်။
ကိုယ့်ရဲ့ ဘဝကို ဘယ်လိုပုံဖော်ထားလဲ? ဘယ်လိုရည်ရွယ်ချက်တွေရှိလဲ? ဘာတွေကို ဝါသနာပါလဲ?
နောက် ၁၀ နှစ်နေရင်ရော ဘယ်လိုပုံစံမျိုးနဲ့ နေချင်လဲ?
ဒီလိုမေးခွန်းလေးတွေမေးကြည့်တဲ့အခါ ၈၉% လောက်က ဘဝမှာ ဘာရှိရွယ်ချက်မှမရှိပဲ လက်ရှိဖြစ်တည်နေတဲ့ အခြေအနေကိုပဲ အပြစ်တင်နေတာကို တွေ့ရပါတယ်။
- ကိုယ်ကဘာမှမတက်တော့ ဘာသွားလုပ်ရမှာလဲတို့
- ငါ့အရည်အချင်းနဲ့ မဖြစ်လောက်ပါဘူးကွာတို့
- ဘာကို ဝါသနာပါလို့ ပါမှန်းကိုမသိတာတို့ ဆိုတဲ့ ဆင်ခြေ အမျိုးမျိုးကိုလည်း တွေ့ရပြန်ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုအခြေအနေမျိုးတွေကို အရင်က ကြုံတွေ့ခဲ့ဖူးတော့ ကျွန်တော့်ရဲ့ ဘဝအတွေ့အကြုံလေးကို ပြန်လည်မျှဝေပေးလိုခြင်းပဲဖြစ်ပါတယ်။
ဒီတော့ ကျွန်တော်တို့ ဘယ်လိုဖြေရှင်းကြမလဲ?
အဖြေကတော့ အရမ်းကို ရိုးရှင်းပါတယ်။ ဘဝမှာ ကျွန်တော်တို့ ကိုယ်တိုင် မလုပ်ကြည့်ရသေးတဲ့ အရာတွေကို စိတ်ကူးလေးနဲ့တင် ဆုံးဖြတ်ကြည့်လို့မရပါဘူး။ ဒီတော့ ကိုယ့်အနေနဲ့
- လေ့လာသင်ယူမှုတွေကို နေ့တိုင်းလုပ်ပါ။
- အလုပ်တစ်ခုတည်းမှာတင် ပျော်မွှေ့မနေပါနဲ့
- တစ်ခုခုလုပ်တိုင်း ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပါ။ ကျေနပ်မှုဘယ်လောက်ရှိလဲ တိုင်းတာပါ။
- ဒီတစ်ခုမှာ အဆင်မပြေရင်၊ အဆင်မပြေဘူးလို့ ညည်းနေမယ့်အစား အဆင်ပြေမယ့်နည်းလမ်းကို ရှာပါ။ ဘယ်လိုမှ မရရင်တော့ နောက်တစ်ခုကိုသာ ပြောင်းလုပ်လိုက်ပါ။ မိတ်ဆွေရဲ့ အချိန်တွေဟာ မိတ်ဆွေရဲ့ အသက်ပါပဲ။
ကိုယ့်ရဲ့ ဝါသနာကို ဘယ်လိုရှာဖွေရမလဲဆိုရင်တော့ ပိုက်ဆံမရရင်တောင် ဒီအလုပ်ကိုလုပ်မယ်။ ပိုက်ဆံပေးရမယ်ဆိုရင်တောင် ဒီအလုပ်ကိုလုပ်မယ်ဆိုတဲ့ အရာမျိုးပဲဖြစ်ပါတယ်။
ဒါကြောင့် ငယ်ရွယ်တဲ့အချိန်ကောင်းမှာ တစ်ခုတည်းမှာ တစ်နေရာတည်း မနေပဲ ဘဝရဲ့အခြေအနေမျိုးစုံနဲ့ တိုက်ပွဲပေါင်းစုံကို အားကုန်သုံးပြီး တိုက်ခိုက်ကြည့်ပါ။
အခုချိန်ထိ ဘာလုပ်ရမှန်းမသိသေးဘူးဆိုရင်တော့ ကိုယ်လုပ်လို့ရတာတစ်ခုခုကို စလုပ်ကြည့်လိုက်ပါ။ တစ်ခုခုထူးခြားလာပါလိမ့်မယ်။
မိမိရဲ့ အမြင်လေးတွေကိုလည်း Comment မှာရေးပေးခဲ့ပါအုံးခင်ဗျာ။
အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ မင်္ဂလာရှိသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။