Sign up to save your podcasts
Or

ဒီ video လေးထဲမှာ VECTOR Online Learning Platform ကို ဘယ်လိုစတင်ခဲ့သလဲဆိုတာကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။
Online Learning အတွက် Website တစ်ခုဖန်တီးဖို့ကို ၂၀၁၅ လောက်ကတည်းက ကျွန်တော့ရဲ့အဖေနဲ့ စကားတွေပြောရင်း idea လေးတစ်ခုရပြီးတော့ စတင်ဖြစ်ခဲ့တာပါ။ ဒါပေမယ့် Teaching Method တွေ၊ အသုံးပြုမယ့် Technology တွေနဲ့ User Experience ပိုင်းတွေကောင်းဖို့အတွက် ပြင်ဆင်ရင်း Research တွေလုပ်ရင်းနဲ့ ရုပ်လုံးပေါ်လာတာကတော့ ကျွန်တော်တို့ ၂၀၁၈ လောက်မှာပဲဖြစ်ပါတယ်။
ဒီ HP ကွန်ပျူတာ အစုတ်လေးတစ်လုံးရယ် Recording အတွက် Portable Mic လေးရယ် နဲ့ တက်လိုက်ကျလိုက်ဖြစ်နေတဲ့ အင်တာနက် ကွန်နက်ရှင်တွေနဲ့ ညလုံးပေါက်ခဲ့ရတဲ့ညတွေလည်း မနည်းပါဘူး။ အဲ့ဒီကာလတွေမှာ Server တွေတစ်ခုပြီးတစ်ခု Test လုပ်ခဲ့တယ်။ UI နဲ့ ပတ်သတ်ပြီးတော့ ပြည်တွင်းက User တွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် အသေးစိတ် Frame တွေချပြီးတော့ Design တွေရေးဆွဲခဲ့ပါတယ်။ အခုထက်ထိလည်း အမြဲ Update လုပ်ပေးနေပါတယ်။
ဒီ Server ဖိုးတွေ၊ Domain ကြေးတွေနဲ့ အခြားကုန်ကျစရိတ်တွေ အတွက် Content တွေရေးရင်း၊ graphic design တွေဆွဲရင်း Video နဲ့ animation တွေကို Freelance အနေနဲ့ ဖန်တီးပေးရင်း ဖြတ်သန်းခဲ့ရတာပဲဖြစ်ပါတယ်။
တကယ်တန်း Launch လုပ်ဖြစ်ခဲ့တာကတော့ 2019 ဇန်နဝါရီ လမှာပဲဖြစ်ပါတယ်။ User Experience ပိုင်းမှာဆိုရင်လည်း ကိုယ်တိုင် Test လုပ်ခဲ့သလို တကယ့် Real World က user တွေရဲ့ behaviour တွေကိုလေ့လာပြီးတော့လည်း ပြင်ဆင်မှု့ပေါင်းသောင်းခြောက်ထောင်ကိုလည်း အချိန်နှင့်တပြေးညီ ပြင်ဆင်ခဲ့ရပါတယ်။ VECTOR ကို နယ်မြို့လေးရဲ့ အခန်းကျဉ်းလေးထဲက စတင်ခဲ့သော်ငြားလည်းပဲ အခုဆိုရင် ပြည်တွင်းက Online Learning Platform တစ်ခုဖြစ်တဲ့ Toe Tet နဲ့ ပူးပေါင်းပြီး တော့လည်း ICT ပညာရပ်တွေကို အလွယ်တကူ တက်ရောက် သင်ကြားနိုင်အောင် စီမံပေးထားပါတယ်။
ကျွန်တော်တို့ရဲ့အဓိကရည်ရွယ်ချက်တော့ "ကိုယ်တိုင်လေ့လာ ကိုယ်ဆရာ၊ လိုရာတက်မြောက် ထင်ပေါက်"ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်းပဲ Self-Study ကို အလေ့အကျင့်ရစေပြီးတော့ ပညာရပ်တွေကို အချိန်တိုတိုနဲ့ လိုရင်းရောက်အောင် ဝေမျှပေးချင်တာပဲဖြစ်ပါတယ်။ သင်ရော ကိုယ်တိုင် Self-study တွေလုပ်နေပြီလား?
လုပ်နေတယ်ဆိုရင် Yes လုပ်ဖို့အတွက် စဉ်းစားနေတယ်ဆိုရင် Good လို့ Comment မှာရေးပေးခဲ့ပါအုံး အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။
Myat Min Lu
https://vector.com.mm
By Myat Min Luဒီ video လေးထဲမှာ VECTOR Online Learning Platform ကို ဘယ်လိုစတင်ခဲ့သလဲဆိုတာကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။