ဒီနေ့အတွက်စကား

Less Ego, more happiness.


Listen Later

လူတွေ မပျော်နိုင်ခြင်းရဲ့ အကြောင်းပြချက် တော်တော်များဟာ “အတ္တ” ကနေ တစ်ဆင့်လာပါတယ်။ အတ္တဆိုတာကတော့ လူတိုင်း မှာ ရှိတဲ့ စိတ်ခံစားချက်တစ်မျိုး ဖြစ်ပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ Egoပေါ့။ မိမိကိုယ်မိမိ ရှေ့တန်းတင်တဲ့စိတ်၊ မိမိကိုယ်မိမိ အရေးပါချင်တဲ့ စိတ် တစ်နည်းအားဖြင့် မိမိကိုယ်မိမိ ဗဟိုပြုလည်ပတ်တဲ့ စိတ်ခံစားချက်လို့ ​ပြောလို့ရပါတယ်။အဲ့တော့ အတ္တက ကောင်းလားမေးရင် မကောင်းဘူး။မကောင်းပေမဲ့ အတ္တရှိတာ အပြစ်တော့ မဟုတ်ဘူး။ ပုထုဇဥ် လူသားတွေမိုလို့ ဘယ်သူမှအတ္တနဲ့ မကင်းနိုင်ကြဘူး။                                      

ဒီနေ့အတွက်စကားအတိုင်းပါပဲ။အတ္တနည်းလေ၊ ပျော်ရွှင်လေပဲ။ ကျွန်တော်တို့ လူသားတွေဘာကြောင့် မပျော်ရသလဲဆိုတဲ့ မေးခွန်း ရဲ့အဖြေဟာများသောအားဖြင့် အတ္တကြောင့်ပဲ။အတ္တရဲ့အခြေခံသဘောထားတွေအရမိမိကိုယ်မိမိ အခွင့်ထူးခံလူသားတစ်ယောက် လိုပြုမူ​၊ တွေးခေါ်မယ်။ သိပ်ကို အရေးပါချင်တယ်။ ငါဟာ အမြဲ ပျော်နေသင့်တယ်၊ အမြဲ အဆင်ပြေနေသင့်တယ်၊ လူတွေက ငါ့ကို အမြဲ ဂရုစိုက်သင့်တယ်၊အကောင်းမြင်သင့်တယ်ဆိုတဲ့ အခွင့်ထူးခံစိတ်တွေ တွေးတတ်ကြပါတယ်။  

...more
View all episodesView all episodes
Download on the App Store

ဒီနေ့အတွက်စကားBy Padamyar FM