
Sign up to save your podcasts
Or


လက်ရှိ ရှင်သန်နေရတဲ့ ဘဝကို ကျေနပ်နေပြီလား...? လိုချင်တဲ့ဘဝမျိုးရဖို့ ဘာကြောင့် ဒီလောက်ခက်ခဲနေရတာလဲ တွေးမိပါ သလား..? သေချာစဉ်းစားကြည့်မယ်ဆိုရင်ဒါက ကိုယ်ပိုင်ဆိုင်တဲ့ ကိုယ့်ရဲ့ဘဝပါ။ ကိုယ့်မှာ စိတ်ကြိုက်ထိန်းချုပ်ပိုင်ခွ့်ရှိပါတယ်။ ဒါပေမယ့် လိုချင်တဲ့အတိုင်း ဖြစ်မလာနိုင်ရတာဘာကြောင့်ဖြစ်မယ်လို့ ထင်ပါသလဲ။ အခုအချိန် ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာနဲ့ အခက်အခဲတွေ မရှိတော့ဘူးဆိုရင်ဘဝက ကိုယ်လိုချင်တဲ့အတိုင်းဖြစ်လာမယ်လို့ မျှော်လင့်နေမယ်ဆိုရင်တော့ အမှားကြီးမှားနေပြီလို့ပြောပါရစေ။ ဘာကြောင့်လဲဆိုတော့ ဘဝဆိုတာက နောက်ဆုံးအချိန်အထိ ပြဿနာတွေမကင်းနိုင်တာကြောင့်ပါပဲ။ နေ့ရက်တိုင်းမှာ စိန်ခေါ်မှုအသစ်တွေ ရှိနေမှာပါ။အသက်အရွယ် ဘယ်လောက်ပဲ ဖြစ်ဖြစ်၊ စီးပွားရေးအခြေအနေ ဘယ်လောက်ပဲ ရှိရှိပြဿနာတစ်ခုမဟုတ် တစ်ခု ကြုံတွေ့နေရဦးမှာပါပဲ။ ဒါ့ကြောင့် လိုချင်တဲ့ ဘဝမျိုးကိုတကယ်ပိုင်ဆိုင်ချင်တယ်ဆိုရင် ပြဿနာတွေ အဆုံးသတ်သွားဖို့ မျှော်လင့်နေမယ့်အစားလက်ရှိဘဝကို မှန်ကန်တဲ့ အမြင်၊ ခံယူချက်နဲ့ ရှင်သန်နိုင်ဖို့ လိုပါတယ်။
By Padamyar FMလက်ရှိ ရှင်သန်နေရတဲ့ ဘဝကို ကျေနပ်နေပြီလား...? လိုချင်တဲ့ဘဝမျိုးရဖို့ ဘာကြောင့် ဒီလောက်ခက်ခဲနေရတာလဲ တွေးမိပါ သလား..? သေချာစဉ်းစားကြည့်မယ်ဆိုရင်ဒါက ကိုယ်ပိုင်ဆိုင်တဲ့ ကိုယ့်ရဲ့ဘဝပါ။ ကိုယ့်မှာ စိတ်ကြိုက်ထိန်းချုပ်ပိုင်ခွ့်ရှိပါတယ်။ ဒါပေမယ့် လိုချင်တဲ့အတိုင်း ဖြစ်မလာနိုင်ရတာဘာကြောင့်ဖြစ်မယ်လို့ ထင်ပါသလဲ။ အခုအချိန် ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာနဲ့ အခက်အခဲတွေ မရှိတော့ဘူးဆိုရင်ဘဝက ကိုယ်လိုချင်တဲ့အတိုင်းဖြစ်လာမယ်လို့ မျှော်လင့်နေမယ်ဆိုရင်တော့ အမှားကြီးမှားနေပြီလို့ပြောပါရစေ။ ဘာကြောင့်လဲဆိုတော့ ဘဝဆိုတာက နောက်ဆုံးအချိန်အထိ ပြဿနာတွေမကင်းနိုင်တာကြောင့်ပါပဲ။ နေ့ရက်တိုင်းမှာ စိန်ခေါ်မှုအသစ်တွေ ရှိနေမှာပါ။အသက်အရွယ် ဘယ်လောက်ပဲ ဖြစ်ဖြစ်၊ စီးပွားရေးအခြေအနေ ဘယ်လောက်ပဲ ရှိရှိပြဿနာတစ်ခုမဟုတ် တစ်ခု ကြုံတွေ့နေရဦးမှာပါပဲ။ ဒါ့ကြောင့် လိုချင်တဲ့ ဘဝမျိုးကိုတကယ်ပိုင်ဆိုင်ချင်တယ်ဆိုရင် ပြဿနာတွေ အဆုံးသတ်သွားဖို့ မျှော်လင့်နေမယ့်အစားလက်ရှိဘဝကို မှန်ကန်တဲ့ အမြင်၊ ခံယူချက်နဲ့ ရှင်သန်နိုင်ဖို့ လိုပါတယ်။