ဒီနေ့အတွက်စကား

Love is more than just being in love.


Listen Later

ကျန်းမာပျော်ရွှင်ရတဲ့ Relationship တစ်ခုဆိုတာ အမှုမဲ့ အမှတ်မဲ့ ရလာတာ မဟုတ်ဘဲ နှစ်ဦးနှစ်ဖက်တည်ဆောက်ယူပြီးမှ ရလာတဲ့ အရာပါ။ အချစ်ရေး၊ အိမ်ထောင်ရေး ဆိုတာ ကံနဲ့လဲတစ်ဝက်ဆိုင်ကောင်း ဆိုင်နိုင်တယ်။ အချစ်ရေး ကံ၊ အိမ်ထောင် ရေး ကံမကောင်းဘူးစသဖြင့်တော့ ရှိနိုင်ပေမဲ့ ဒါဟာလဲ မိမိရဲ့ ရွေးချယ်မှုတွေပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့ရွေးချယ်မှုတွေဟာ မှန်ကန်တဲ့ နေရာတွေဆီ ခေါ်ဆောင်သွားပေးနိုင်ပါတယ်။ ဒီတော့ပြောချင်တာက လူရွေးမှန်ဖို့ကလဲ လိုသေးတာပေါ့။ လူရွေးမှန်ရုံနဲ့ပြီးလားဆိုတော့ မပြီးပါဘူး။ ဆက်ဆံရေးတစ်ခု တည်တံ့ဖို့၊ ခိုင်မြဲဖို့၊ပျော်ရွှင်ရဖို့ဆိုတာက နှစ်ဦးနှစ်ဖက် တည်ဆောက် ယူမှပဲ ရတယ်။ အဲဒီလိုမှ မဟုတ်ဘဲဒီဆက်ဆံရေးအပေါ် တည်ဆောက်ချင်စိတ်၊ ကြိုးစားချင်စိတ် မရှိတာဟာ ဆက်ဆံ ရေးတွေ ပျက်စီးစေဖို့ လမ်းစတစ်ခုပဲ။                                                                                                                                                             

...more
View all episodesView all episodes
Download on the App Store

ဒီနေ့အတွက်စကားBy Padamyar FM