ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် အဘိဓမ္မာတရားတော်ကြီးကို ရန်ကုန်မြို့၊ သာသနာ့ရိပ်သာ ဖလ်ယဥ်ဓမ္မာရုံတော်ကြီး၌ ၁၃၃၆-ခု၊ ပြာသိုလပြည့်နေ့မှ ၁၃၃၉-ခု၊ ပထမဝါဆိုလကွယ်နေ့ထိ ၃၇-သီတင်းတိုင်တိုင် ဟောကြားတော်မူခဲ့ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က အဘိဓမ္မာအသံတရားတော်များကို အဘိ(ပ), အဘိ(ဒု), အဘိ(တ) ဟူ၍ သုံးပိုင်းခွဲပြီး မှတ်တမ်းအဖြစ်စုစည်းထားရှိပါသည်။ ၁၃၃၆-ခုနှစ်၊ ပြာသိုလပြည့်နေ့မှ ၁၃၃၇-ခုနှစ်၊ ဝါဆိုလပြည့်နေ့အထိ ၁၃-သီတင်းအကြာဟောကြားခဲ့သည့်တရားများကို အဘိ (ပ)အဖြစ်လည်းကောင်း၊ ၁၃၃၇-ခုနှစ်၊ ဝါခေါင်လပြည့်နေ့မှ ၁၃၃၈-ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ထိ ၁၀-သီတင်းအကြာဟောကြားခဲ့သည့်တရားများကို အဘိ(ဒု)အဖြစ်လည်းကောင်း၊ ၁၃၃၈-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့မှ ၁၃၃၉-ခုနှစ်၊ ပထမဝါဆိုလကွယ်နေ့ထိ ၁၄-သီတင်းအကြာဟောကြားခဲ့သည့်တရားများကို အဘိ(တ)အဖြစ်လည်းကောင်း စုစည်းထားရှိပါသည်။
မဟာစည်တရားတော်များ ပြန့်ပွားရေးကုသိုလ်တော်ရယူနိုင်ရန် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း-၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉-၉၅၂၁၉၈၈၀၂ နှင့် [email protected] များထံ ဆက်သွယ်နိုင်ပါသည်။