MIR Podcast

MIR Podcast

By MIRadioMusic
Download on the App Store

MIR Podcast episodes

  • Podcasts by Phyo Su - ဝေးရာအရပ်ဆီသို့ (ခွန်းညိုသွေး)

    ဒီတစ်ပတ်

    MI Radio ရဲ့ “Podcasts by Phyo Su” အစီအစဉ်မှာ ဖတ်ပြပေးသွားမှာကတော့ စာရေးဆရာခွန်းညိုသွေး
    ရေးသားထားတဲ့ “ဝေးရာအရပ်ဆီသို့” ဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်။ ဒီဝတ္ထုတိုလေးကတော့
    ကြောင်မလေးမိညိုနှင့် သူမရဲ့သခင်တို့အကြောင်းကို ကြောင်မလေးမိညိုကပြောပြနေဟန် ရေးသားထားပါတယ်။

    “Podcasts

    by Phyo Su” အစီအစဉ်ကိုအပတ်စဉ်ကြာသပတေးနေ့ ည ၈ နာရီခွဲအချိန် မှာတင်ဆက်ပေးသွားမှာဖြစ်လို့
    စောင့်မျှော်အားပေးကြပါဦးနော်။

    ပရိသတ်တို့လည်း

    ဖတ်ပြပေးစေချင်တဲ့စာအုပ်လေးတွေရှိရင် Comment မှာရေးသားနိုင်ပါတယ်ရှင်။

    🌐 Listen on MIRadio website - www.miradio.com.mm

    📱 Listen on MIRadio app -

    https://linktr.ee/miradio

    🎙Listen on MIRadio Spotify -

    https://podcasters.spotify.com/pod/show/miradio

    📤 Watch on YouTube - https://www.youtube.com/@MIRadioChannel

    #MIR

    #MIRadio #MyanmarInternationalRadio #PodcastsbyPhyoSu

    16 min
  • Podcasts by Phyo Su - မေတ္တာရပ်ဝန်း (ဖရော်ဆန်)

    "ကျွန်တော်က မိုးရာသီကို အတော်မုန်းတာ"

    ရပ်ကွက်ထဲကလမ်းဘေးဝန်းကျင်နေရာလေးတွေမှာပဲ ကျင်လည်နေထိုင်ရင်း အသက်ရှင်နိုင်ဖို့ ဖြစ်သလို ကြိုးစားရုန်းကန်ပြီး နေနေရရှာတဲ့ ပေါကြီး၊ ဖြစ်လေရာဘဝမှာ ချစ်တဲ့လူတွေရဲ့ကြင်နာမှုနဲ့ မုန်းတဲ့လူတွေရဲံနှာခေါင်းရှုံမှုတွေကြား မျက်စိသူငယ်နားသူငယ်နှင့် ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားရင်း အချိန်တွေကိုကုန်ဆုံးနေရတဲ့ ပေါကြီး၊ ဘဝရဲ့နောက်ဆုံးအချိန်မှာ ချစ်တဲ့လူအနည်းစုရဲ့ ချစ်ခြင်းမေတ္တာအပြည့်နဲ့ ကြင်နာနွေးထွေးမှုရရှိနိုင်ခဲ့တဲ့ ပေါကြီး....🐕

    ဒီတစ်ပတ် Podcasts by Phyo Su အစီအစဉ်ကနေဖတ်ပြပေးချင်တဲ့စာလေးကတော့ စာရေးဆရာမ ဖရော်ဆန် ရေးသားထားတဲ့ မေတ္တာရပ်ဝန်း ဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်📘 ဒီဝတ္ထုတိုလေးထဲမှာ‌ အုတ်ကျင်းဘူတာရုံလမ်းရဲ့အချစ်တော်ဖြစ်ခဲ့တဲ့ လမ်းဘေးခွေးလေး ပေါကြီး ရဲ့ ဘဝတစ်လျှောက်ကြုံဆုံရတဲ့ ဖြစ်ပျက်မှုတွေကို ကရုဏာသက်ဖွယ်ရေးသားထားတာမို့ စာဖတ်ပရိသတ်တွေနားဆင်နိုင်ဖို့ ဖတ်ပြတင်ဆက်လိုက်ရပါတယ်🐾

    ပရိသတ်တွေ Podcasts by Phyo Su အစီအစဉ်မှာဖတ်ပြပေးချင်တဲ့ စာအုပ်လေးတွေရှိရင်လည်း comment မှာရေးသွားလို့ရပါတယ်နော်🫶

    Podcasts by Phyo Su အစီအစဉ်ကို MIRadio Facebook နဲ့ Spotify တွင်အပတ်စဉ် ကြာသာပတေးနေ့ ည ၈ နာရီခွဲအချိန်တိုင်းမှာစောင့်မျှော်နားဆင်နိုင်ပါပြီ🎙


    🌐 Listen on MIRadio website - www.miradio.com.mm

    📱 Listen on MIRadio app - http://l.ead.me/bb2Ngv

    🎙Listen on MIRadio Spotify - https://podcasters.spotify.com/pod/show/miradio

    📤 Watch On YouTube - https://www.youtube.com/@MIRadioChannel


    #MIR #MIRadio #MyanmarInternationalRadio #podcastsbyphyosu

    21 min
  • Podcasts by Phyo Su - ဖရော်ဆန် "ဝမ်းနှင့်မလွယ်"

    "ဝမ်းနှင့်မလွယ်"

    Podcasts by Phyo Su အစီအစဉ်ကနေ ဖြိုးစု ဒီတစ်ခေါက်ဖတ်ပြပေးချင်တာကတော့ "ခရမ်းရင့်ရောင်မိုးတိမ်များ" စာအုပ်လေးထဲက စာရေးဆရာမ ဖရော်ဆန် ရေးသားထားတဲ့ "ဝမ်းနဲ့မလွယ်" ဆိုတဲ့ဝတ္ထုတိုလေး ပဲဖြစ်ပါတယ်။

    သားသမီးအပေါ်ထားတဲ့ မပျက်ပြယ် ၅၂၈ ချစ်မေတ္တာကို ဝမ်းနည်းရင်နင့်ဖွယ်ဇာတ်လမ်းလေးကိုကရုဏာသက်ဖွယ် ရေးသားထားတာကြောင့် စာဖတ်ပရိတ်သတ်တွေနားဆင်နိုင်ဖို့ ဖတ်ပြတင်ဆက်လိုက်ပါတယ်နော်။

    ဖတ်ပြပေးစေချင်တဲ့ စာအုပ်လေးတွေရှိရင်လည်း comment မှာရေးသွားလို့ရပါတယ်နော်။

    Podcasts by Phyo Su အစီအစဉ်ကို MIRadio Facebook နဲ့ Spotify တွင်အပတ်စဉ် ကြာသာပတေးနေ့ ည ၈ နာရီခွဲအချိန်တိုင်းမှာစောင့်မျှော်နားဆင်နိုင်ပါပြီ။

    🌐 Listen on MIRadio website - www.miradio.com.mm

    📱 Listen on MIRadio app - http://l.ead.me/bb2Ngv

    📤 Watch On YouTube - https://www.youtube.com/@MIRadioChannel

    #MIR #MIRadio #MyanmarInternationalRadio #podcastsbyphyosu

    15 min
  • Podcasts by Phyo Su - နိုင်းနိုင်းစနေ "အချစ်နဲ့စိတ်" / "လှေနံနှစ်ဖက်နင်းတာမို့ မတည်ငြိမ်ပဲယိမ်းယိုင်တယ်"

    "လှေနံနှစ်ဖက်နင်းတာမို့အချစ်က မတည်ငြိမ်ပဲယိမ်းယိုင်တယ်"

    Podcasts by Phyo Su အစီအစဉ်ကနေ ဖြိုးစု ဒီတစ်ခေါက်ဖတ်ပြပေးချင်တဲ့ ဝတ္ထုလေးကတော့ စာရေးဆရာမနိုင်းနိုင်းစနေ ရေးသားထားတဲ့ ဘာသာပြန်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ "အချစ်နဲ့စိတ်" ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။ဒီဝတ္ထုလေးရဲ့မူရင်းဝတ္ထုက တရုတ်စိတ်ပညာ စာရေးဆရာမရှောင်းယူဘင် ရေးသားထားတဲ့ 'အချစ်အိမ်ထောင်ရေး အမျိုးသမီးသပ်သပ် သင်ယူရတဲ့အရာ' စာအုပ်လေးဖြစ်ပြီးတော့ ဒီထဲကမှ လှေနံနှစ်ဖက်နင်းထားတဲ့အချစ်ကြောင့် စိတ်ဝေခွဲလို့မရတဲ့ အဖြစ်အပျက်လေးတွေကို ထိထိမိမိရေးသားထားတဲ့အတွက်ကြောင့် အချစ်အကြောင်းလေးတွေနားထောင်ချင်တဲ့ စာဖတ်ပရိသတ်တွေအတွက် ဖတ်ပြပေးလိုက်ပါတယ်နော်။#MIR #MIRadio #MyanmarInternationalRadio #PodcastsbyPhyoSu #နိုင်းနိုင်းစနေ #အချစ်နဲ့စိတ်

    20 min
  • MI Radio / Podcasts by Phyo Su - လွမ်းတထင့်ထင့် ၁

    အမေက “အဘိုး အသည်းအသန် ဖြစ်နေတယ် အမြန်ပြန်လာ” ဆိုလို့ ရှိသမျှ ဂျူတီတွေကို ပစ်ထားခဲ့ပြီး အမြန်ပြန်လာလိုက်ရတာ။ အိမ်ကို ပြန်ရောက်ရောက်ချင်းမှာပဲ ……

    ဒီနေ့ညရဲ့ 𝗣𝗼𝗱𝗰𝗮𝘀𝘁𝘀 𝗕𝘆 𝗣𝗵𝘆𝗼 𝗦𝘂 အစီအစဉ်လေးမှာတော့ ခရမ်းရင့်ရောင်မိုးတိမ်များ စာအုပ်လေးထဲက စာရေးဆရာမ ဖရော်ဆန်ရေးသားထားတဲ့ “လွမ်းတထင့်ထင့် -၁ “ ကို ဖတ်ပြပေးသွားမှာပါရှင် 🎼🎧

    #MIR #MIRadio #MyanmarInternationalRadio #PodcastsbyPhyoSu #လွမ်းတထင့်ထင့်၁ #ဖရော်ဆန် #ခရမ်းရင့်ရောင်မိုးတိမ်များ

    17 min
  • MI Radio / Podcasts by Phyo Su - (ခွန်းညိုသွေး - လွမ်းတထင့်ထင့် ၂)

    "ဟင့်အင်း..တစ်မိနစ်တောင်မနေချင်ဘူး “


    အဘွားဘယ်လောက်စိတ်ထိခိုက်သွားမလဲ ကျွန်တော်တွေးမပေးနိုင်ခဲ့ဘူး ။ အဘွားက ကျွန်တော့ကို မေတ္တာပေးပြီး ကျွန်တော်ကအဘွားကို ဆူးတွေပေးမိခဲ့ပါတယ် 🥺


    ဒီနေ့ညရဲ့ 𝐏𝐨𝐝𝐜𝐚𝐬𝐭𝐬 𝐁𝐲 𝐏𝐡𝐲𝐨 𝐒𝐮 အစီအစဉ်လေးမှာ ဖတ်ပြပေးသွားမဲ့ ဝတ္တုတိုလေးကတော့ ငယ်ငယ်က အဘွားပေါ် အမှတ်မဲ့ပြောမိခဲ့တဲ့ စကားတွေကို အသက်ကြီးတဲ့အထိ နောင်တရနေတဲ့ မြေးနဲ့ သူ့အဘွားတိုရဲ့ ချစ်ခြင်းမေတ္တာလေးအကြောင်း ရေးသားထားတဲ့ စာရေးဆရာ ခွန်းညိုသွေးရဲ့ လွမ်းတထင့်ထင့်-၂


    အားလုံးပဲ အိမ်မက်လှလှမက်ကြပါစေရှင် 💕


    #MIR #MIRadio #MyanmarInternationalRadio #podcastsbyphyosu

    20 min
  • MI Radio / Podcasts by Phyo Su (ခွန်းညိုသွေး - အိမ်ပျောက်သူ)

    "ဟိုးအရင်တုန်းကတော့ ကျွန်တော်နေထိုင်သော ကျွန်တော်ပိုင်ဆိုင်သော အိမ်လေးတစ်အိမ်ရှိခဲ့ဖူးပါတယ်🏠"

    ကိုယ်တန်ဖိုးထားပိုင်ဆိုင်ခဲ့ရတဲ့ အရာလေးတစ်ခုကို ရုတ်တရက်ခွဲခွာလိုက်ရပြီးနောက် ဖြစ်ပေါ်လာရတဲ့ခံစားချက်၊ ဘာနဲ့ပဲအစားထိုးထိုး လွမ်းတဲ့စိတ်၊ နှမြောတသ ဖြစ်တဲ့စိတ်က အဲဒီအရာအပေါ်မှာအမြဲတမ်းထင်ကျန်ရှင်သန်နေမှာပဲမဟုတ်လားနော်🤧

    ကိုယ့်မိသားစုနဲ့အတူတကွ အချိန်အကြာကြီးနေထိုင်ခဲ့တဲ့အိမ်လေးကို ခွဲခွာရတဲ့အချိန်မှာလည်းဒီလိုစိတ်ခံစားချက်ကို ခံစားရမှာပါ🥺

    ဒီနေ့ညရဲ့ Podcasts By Phyo Suအစီအစဉ်လေးမှာ ည ၁၂ နာရီ ၁၅လမ်းမှတ်တိုင် စာအုပ်ထဲက စာရေးဆရာခွန်းညိုသွေးရေးသားထားတဲ့ " အိမ်ပျောက်သူ" ဝတ္ထုတိုလေးကိုဖတ်ပြပေးသွားမယ်နော်📚

    အားလုံးပဲ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အိမ်မက်လှလှမက်ကြပါစေနော်🫶✨


    #MIR #MIRadio #MyanmarInternationalRadio #podcastsbyphyosu #ခွန်းညိုသွေး #အိမ်ပျောက်သူ


    13 min
  • Podcasts by Phyo Su / (Author - ခွန်းညိုသွေး, ပိတ်သွားတဲ့စာတိုက်)

    "ကိုယ်တို့တွေဟာ ဘဝမှာ မျှော်လင့်တတ်ကြပါတယ်။ကိုယ်တို့တွေဟာ ဘဝမှာ ရောက်ရှိမလာခြင်းတွေလည်း ကြုံရတတ်ပါတယ်။"

    ဒီနေ့မှာတော့ Podcasts ကြိုက်နှစ်သက်သူတွေနဲ့ စာပေချစ်သူတို့အတွက် Podcasts by Phyo Su အစီအစဉ်မှာ စာရေးဆရာ ခွန်းညိုသွေးရေးသားထားတဲ့ နတ်သမီးတောင်ပံစာအုပ်ထဲက "ပိတ်သွားတဲ့ စာတိုက်" ဆိုတဲ့စာစုလေးကိုဖတ်ပြသွားမှာပါနော်။

    ဒီ Podcasts လေးကိုနားဆင်ရင်း ကိုယ်ချစ်ရတဲ့သူတွေကိုတမ်းတသတိရ လိုက်ရအောင်နော်။

    #MIR #MIRadio #MyanmarInternationalRadio #podcastsbyphyosu

    9 min
  • Bookshelf (EP-32) - The Reticence of Lady Anne

    “The Reticence of Lady Anne” is a short story, in which a put-upon husband tries to patch up an argument with his wife, not realising that she is sitting in stony silence because… she is dead. The author depicts the portrait of man, which is indeed a caricature of society.

    12 min
  • Bookshelf (EP-31) - An Enigmatic Nature

    In this story by Anton Chekhov, Voldemar is fascinated with the great enigma of her apparently wonderful inner world, eager to unravel its mysteries, and she, a self-proclaimed 'sufferer in Dostoyevsky's taste' implores him to reveal her soul to the world in one of his novellas.

    11 min

About MIR Podcast

From the publisher's feed

Welcome to MIR Podcasts! MIRadio is the No.1 International Music Station in Myanmar. Here on MIR Podcasts, we present you with some of our best highlights from your favorite radio shows; Bookshelf,…