Mizzima 108FM

Mizzima 108FM Daily News Arakan Sagawar (Rakine Version)


Listen Later

ရခိုင်ပြည်နယ်ရဲ့ News-You-Can-Use Talk Show နှစ်ပတ်တကြိမ် သတင်းအစီအစဥ် စကားပြော ရေဒီယို အစီအစဥ်နဲ့ အသံ podcast တွေကို ရိုဟင်ဂျာ၊ ရခိုင်ဘာသာစကား ၂ မျိုးနဲ့ တင်ဆက်ထားတာ ဖြစ်ပါတယ်။ Episode - 27 မှာတော့


- ရခိုင်နှင့် မွတ်ဆလင်ကြား သတင်းတု၊ သတင်းမှား ရေးသားသူများကို AA သတိပေး


- ဝမ်းရောဂါကြောင့် သေဆုံးသူ ငါးဦးရှိလာ၍ မောင်တောက စစ်ရှောင် ၂၀,၀၀၀ အတွက် ဆေးဝါးအကူအ ညီလိုနေဟု အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာကို AA အကူအညီတောင်း


- AA ထိန်းသိမ်းတဲ့နေရာမှာ ကျန်းမာရေးစောင့်ရှောက်မှု မရတာကြောင့် ရိုဟင်ဂျာတွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပြီး သေဆုံးသူ ၆၀ ဝန်းကျင်ခန့်ရှိလာ


- ရိုဟင်ဂျာတွေကို ဆက်ပြီးစောင့်ရှောက်ပံ့ပိုးမယ်လို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ခေါင်းဆောင် ကတိပေး


- တောင်ကုတ်၊ ကျောက်ကြီးကွင်းရွာအနီး စစ်ကောင်စီက ညဥ့်အချိန်ဗုံးကြဲလို့ နေအိမ် ၁၀ လုံးခန့် ပျက်စီး


- ရသေ့တောင်မြို့ အဝင်က အလှူလုပ်နေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေးကြိမ်တိုင် ဗုံးလာကြဲ


- မြောင်းမြထောင်မှာ လွတ်ရက်စေ့ ရိုဟင်ဂျာလေးဦး သေဆုံးခဲ့ကြောင်း နိုင်ကျဉ်းတွေပြော


- ကျီန္တလီမြို့ ဗုံးကြဲခံရမှု အရပ်သား ၁၁ ဦးသေဆုံး၊ ၁၁ ဦးဒဏ်ရာရ


- မောင်တောက စစ်ဘေးရှောင် ရွှေဆိုင်ပိုင်ရှင် ဘင်္ဂလားဒေ့ရှ်မှာ ရွှေထည်ပစ္စည်းများနဲ့အတူ ဖမ်းဆီးခံရ


- ရန်ကုန်ရောက် စစ်ဘေးရှောင်များကို လူဦးရေစာရင်းအကြောင်းပြချက်ဖြင့် စစ်ကောင်စီစစ်ဆေးနေ စတဲ့သတင်းတွေနဲ့အတူ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားတဲ့ သြဂုတ်လ တတိယ (၁၀) ရက်ပတ် အတွက် မိုးလေ၀သခန့်မှန်းချက်တွေကို တင်ပြထားပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)က ထုတ်ပြန်ထားတဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတစ်ခုအတွင်း ကျရောက်နေပါက လုပ်ဆောင်ရမယ့်အချက်တွေလည်းကို တင်ဆက်ပေးထားပါတယ်။

...more
View all episodesView all episodes
Download on the App Store

Mizzima 108FMBy Mizzima Radio